Home ထိပ်တန်းသတင်း နအဖမှ လက်နက်ရိက္ခာ၊ အင်အား အစုံအလင်ဖြင့် ‌ကေအဲန်ယူနယ်‌မြေ သို့ ‌ရောက်ရှိလာ

နအဖမှ လက်နက်ရိက္ခာ၊ အင်အား အစုံအလင်ဖြင့် ‌ကေအဲန်ယူနယ်‌မြေ သို့ ‌ရောက်ရှိလာ

1878
ဇန်နဝါရီလ ၇ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

နအဖ စစ်အစိုးရ တပ်ဖွဲ့ဝင်များသည် ဗျူဟာအလိုက် တပ်ရင်း‌ပေါင်းများစွာဖြင့် ‌ကေအဲန်ယူ တပ်မဟာ(၆)နှင့် တပ်မဟာ(၇) နယ်‌မြေများကို ရှင်းလင်းရန် လက်နက်ကြီးငယ်၊ ရိက္ခာ၊ ‌ဆေးပစ္စည်း အစုံအလင်ဖြင့် ဇန်နဝါရီလ ၅ရက်‌နေ့က နယ်စပ်ဘက်ကို ‌ရောက်ရှိလာသည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

TE စစ်ကား၊ ဆယ့်နှစ်ဘီးကားကြီးများနှင့် ‌ခြောက်ဘီးကားများတွင် စစ်သားများ၊ စစ်သူနာပြုများနှင့် ‌ထောင်အကျဉ်းသားများ တင်‌ဆောင်လာသည့် ကားတန်းများ မြဝတီ‌တောင်‌ပေါ်လမ်းအတိုင်း ဇန်နဝါရီလ ၄ရက်‌နေ့က တက်လာသည်ကို ကိုယ်တိုင်မြင် ‌တွေ့ခဲ့သူ ခရီးသည်တဦးက ‌ပြောသည်။

“လက်နက်အကြီးအ‌သေး စက်လက်အစုံပါတဲ့ စစ်ကားတန်းဟာ ယာဉ်‌ကြော‌ပြောင်းပြန်နဲ့ ၄ရက်‌နေ့ ‌နေ့လည် ၁၂နာရီ‌ကျော်မှာ တက်လာတယ်။ သူတို့တက်လာ‌တော့ ရာနဲ့ချီတဲ့ ခရီးသည်တင်ကား‌တွေ၊ အရပ်သားကား‌တွေက ‌တောင်‌ပေါ်လမ်း ‌ချောက် ကမ်းပါးအနားက အလှူခံ‌နေရာမှာ ရပ်ထား‌ပေးရတယ်။ ကား‌တွေက ကျ‌နော် ‌ရေကြည့်သ‌လောက် ၂၈စီးရှိတယ်။ အရပ်သား ကား‌တွေဖြစ်တဲ့ ၁၂ဘီးကား၊ ၆ဘီးကား‌တွေလည်း ‌ချောဆွဲခံရလို့ ပါလာတာထင်တယ်။”ဟု ‌ပြောသည်။

ထိုသို့ တက်လာသည့် ကားတန်းထဲတွင် အရပ်သားကားများဖြစ်သည့် ဆယ့်နှစ်ဘီးကား ၆စီး၊ ‌ခြောက်ဘီးကား ၆စီးနှင့် စစ်ကား TE ‌ခြောက်ဘီးကား ၁၆စီးတို့ပါဝင်ပြီး ၎င်းကားများအနက် အမျိုးသမီး စစ်သူနာပြုဦး‌ရေ ၄ဝခန့်ရှိ စစ်ကားတစီးအပြည့်နှင့် လုံခြုံ‌ရေးစစ်သား ၁ဝဦးနှင့် ရဲဘက်အကျဉ်းသား ၅ဝခန့်စီ တင်‌ဆောင်ထားသည့် စစ်ကား ၇စီး ပါဝင်‌ကြောင်းလည်း အဆိုပါမြင် ‌တွေ့ခဲ့သူက ဆိုသည်။

သူက “တီအီးစစ်ကားတစ်စီးမှာဆိုရင် စစ်သူနာပြုမ‌လေး‌တွေက ငယ်ငယ်‌လေး‌တွေ အ‌ယောက် ၃၀-၄၀‌လောက် ပါမယ်ထင် တယ်။ ‌နောက် ရဲဘက်‌တွေ အပြည့်တင်လာတဲ့ကားက ၇စီး။ တစီးကို လုံခြုံ‌ရေးစစ်သား ၁၀‌ယောက်စီ‌လောက် ပါတယ်။ ‌နောက်ထပ် တီအီးကား ၉စီးမှာလည်း စစ်သည်အင်အားက အနည်းဆုံး ၅၀‌လောက်စီ ရှိမယ်။ ဒါလည်း လက်နက်ခဲယမ်းအ ပြည့်၊ အ‌မြှောက်တပ်‌တွေ၊ ‌ဆေးတပ်‌တွေနဲ့ ကျ‌နော် မြင်ခဲ့တာ‌နော်။”ဟု ‌ပြောသည်။

ဖားအံမြို့ခံတစ်ဦးက “ပြီးခဲ့တဲ့ရက်က နအဖ စစ်‌ကြောင်း‌တွေက ‌ထောင်သား‌တွေကို ‌ပေါ်တာ‌ခေါ်ပြီး လှိုင်းဘွဲနဲ့ မြဝတီဘက် တက်သွားတယ်။ ‌ထောင်သား‌တွေက‌တော့ ဖားအံ (‌တောင်က‌လေး)‌ထောင်က အနည်းအကျဉ်း‌လောက်ပဲ။ အထက်က ပါလာ တာများတယ်။”ဟု ‌ပြောသည်။

ယခုတက်လာသည့် နအဖ တပ်များမှာ စကခ(၁၂) နည်းဗျူဟာ(၁)နှင့် (၂)လက်‌အောက်ခံ ခလရ(၂၃၁)၊ ခမရ(၅၄၆)၊ ခမရ (၅၄၈)၊ ခမရ(၅၄၉)၊ ခမရ(၃၅၆)၊ ခမရ(၃၅၇)နှင့် ခမရ(၅၄၅) တပ်ရင်းများဖြစ်ပြီး ‌ကေအဲန်ယူ၊ ဒီ‌ကေဘီ‌အေတပ်များနှင့် ထိပ် တိုက်ရင်ဆိုင်‌နေရသည့် နအဖတပ်များမှာ ချူကလီး‌ဒေသတွင် စကခ(၁၉) နည်းဗျူဟာ(၂)မှ ခလရ(၂၉၉)ကလည်း‌ကောင်း၊ အူးက‌လေးထာ့ရွာတွင် ခမရ(၅၈၆)ကလည်း‌ကောင်း အ‌ခြေစိုက်လှုပ်ရှား‌နေသည်ဟု နယ်စပ်သတင်းများအရ သိရသည်။

ဒီ‌ကေဘီ‌အေမှ ဗိုလ်မှူး‌စောဆန်း‌အောင်က “နအဖ‌တွေက ‌ဝေါ်‌လေကို မဖြစ်မ‌နေ တိုက်ဖို့အတွက် တက်လာတာပဲ။ သူတို့က ချူကလီးနဲ့ ကျိုက်ဒုံကြားက ‌ပေ ၃ဝရှိတဲ့ နယ်စပ်မဟာဗျူဟာလမ်းက‌နေ ဝင်လာဖို့များတယ်။”ဟု သုံးသပ်‌ပြောဆိုသည်။

အလားတူ ဖားအံမြို့အ‌ခြေစိုက် နအဖ တပ်မ(၂၂) လက်‌အောက်ခံ နည်းဗျူဟာ(၂၂၂)သည် ကမ‌မောင်း‌ကျေးရွာဘက်သို့ လည်း‌ကောင်း၊ နည်းဗျူဟာ(၂၂၃)သည် ရှမ်းရွာသစ်သို့လည်း‌ကောင်း ဇန်နဝါရီလ ၅ရက်‌နေ့က ‌ရောက်ရှိ‌နေပြီဖြစ်‌ကြောင်း ‌ကေ အဲန်ယူ တပ်မဟာ(၇)မှ တပ်မှူးတစ်ဦးက ယခုလို ‌ပြောသည်။

၎င်းက “နအဖ တပ်မ(၂၂)ရဲ့ ဗျူဟာနှစ်ခုက ကမ‌မောင်းက‌နေ မြစ်ဆုံ‌အောက်ဖက် မယ်ပရွာအထိ ရှင်းလင်း‌ရေးအတွက် သူတို့ ဌာနချုပ်က‌နေ ၄ရက်‌နေ့မှာထွက်လာပြီး ၅ရက်‌နေ့မှာ ‌ရောက်လာတယ်လို့ ကျ‌နော်တို့ သိရတယ်။ နည်းဗျူဟာ(၂၂၂)ဆို ကမ ‌မောင်းဘက်ကို ‌ရောက်‌နေပြီ။ နည်းဗျူဟာ(၂၂၃)က‌တော့ မာနယ်ပ‌လောဂွင်ကို ရှင်းဖို့အတွက် ရှမ်းရွာသစ်ကို ‌ရောက်‌နေပြီလို့ ကြားတယ်။”ဟု ယ‌နေ့ ‌ပြောဆိုသည်။

ထိုသို့ ‌ရောက်ရှိလာသည့် နည်းဗျူဟာ(၂၂၂) လက်‌အောက်ခံတပ်များမှာ ခမရ (၂၀၉)၊ (၂၀၁)၊ (၂၀၂)နဲ့ (၂၀၅)တို့ဖြစ်ပြီး နည်း ဗျူဟာ(၂၂၃) လက်‌အောက်ခံတပ်များမှာ ခလရ(၈၁)၊ ခမရ(၂၀၄)၊ (၂၀၈) တပ်များမှာ ဆင်ဖြူ‌တောင်(က‌ဆောဝါး‌လေး)‌ဒေသ များကို ရှင်းလင်းသွားမည်ဖြစ်‌ကြောင်း ‌ကေအဲန်ယူဘက်က ခန့်မှန်းလျှက်ရှိသည်။

နအဖ စစ်‌ကြောင်းများ ယခုလို အင်အားအပြည့်ဖြင့် ‌ရောက်ရှိလာခြင်းသည် ‌သောင်းကျန်းသူများကို အမြစ်ပြတ်‌အောင် ‌ချေမှုန်း ရန် ရည်ရွယ်ချက်ဖြစ်ပြီး ယခုအချိန်ထိ စစ်‌ရေးလှုပ်ရှားမှု မရှိ‌သေး‌ကြောင်းနှင့် ဆက်လက်၍ နအဖတပ်များ ထပ်မံ တက်လာ မည့် အ‌ခြေအ‌နေတွင် ရှိ‌နေ‌ကြောင်းလည်း မြဝတီမြို့ရှိ နယ်ခြား‌စောင့်တပ်နှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။