Home ထိပ်တန်းသတင်း မယ်လစခန်း၌ ကရင်နှစ်သစ်ကူးပွဲ အစည်ကားဆုံး ကျင်းပနိုင်ခဲ့

မယ်လစခန်း၌ ကရင်နှစ်သစ်ကူးပွဲ အစည်ကားဆုံး ကျင်းပနိုင်ခဲ့

2207
ဒီဇင်ဘာလ ၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

သ‌လေ(ပြာသို)လဆန်း ၁ရက်‌နေ့တွင် ကျ‌ရောက်‌သော ၂၇၅ဝ ပြည့်နှစ် ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော်ကို ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း၌ ယခုနှစ် ဇန်နဝါရီလ ၅ရက်‌နေ့က ကျင်းပခဲ့ရာ လူထုပရိဿတ်‌ပေါင်း ၂‌သောင်းနီးပါးဖြင့် အစည်ကား ပြုလုပ်ကျင်းပနိုင်ခဲ့ပြီး ဖြစ်သည်။

ဇန်နဝါရီလ ၂ရက်‌နေ့မှ ၅ရက်‌နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပသည့် မယ်လဒုက္ခသည်စခန်း ကရင်နှစ်သစ်ကူးပွဲ‌တော်တွင် ကရင့်ရိုးရာ ယဉ်‌ကျေးမှု အ‌မွေအနှစ်များကို ပိုမို‌ဖော်ထုတ်ပြသထားသလို နာမည်ကြီး ကရင်အဆို‌တော် ၂၀‌ကျော် ဖိတ်‌ခေါ်ခဲ့ သည့်အတွက်လည်း ယခုလို စည်ကားခြင်း ဖြစ်သည်။

မယ်လစခန်း ကရင်နှစ်သစ်ကူးပွဲ‌တော် ဖြစ်‌မြောက်‌ရေးအဖွဲ့မှ ကရင့်ရိုးရာယဉ်‌ကျေးမှု ‌ဖော်ထုတ်ပြသ‌ရေးအစီအစဉ်ကို တာဝန် ယူ‌နေသည့် ဆရာမ ‌နော်‌ဂေးလ်လီယာက “ဒီနှစ် ကျမတို့ ဒီလိုနှစ်သစ်ကူးပွဲမှာ ကရင့်ရိုးရာဓ‌လေ့ကို ‌ဖော်ထုတ်တဲ့‌နေရာမှာ ပိုပြီး စုံသလို ပိုပြီး‌တော့လည်း ကုန်ကျစရိတ်များပါတယ်။ ‌နောက် အရင်တုန်းက ဒီလို ကရင့်ရိုးရာယဉ်‌ကျေးမှုပိုင်းမှာဆိုရင် ပိုးကရင် လူငယ်‌တွေကသာ ပူး‌ပေါင်း‌ဆောင်ရွက်တာ များ‌ပေမဲ့ ဒီနှစ်မှာ စ‌ကော(‌စှော်)ကရင်လူငယ်‌တွေ ‌တော်‌တော် ပူး‌ပေါင်းပါဝင်လာ တာကို ‌တွေ့ရတယ်။ ဒါကို ကြည့်ရင် ကျမတို့ အရမ်းအားရမိပါတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အဆိုပါ ကရင်နှစ်သစ်ကူး ပွဲ‌တော်တွင် ကရင်လူမျိုးတို့၏ ရိုးရာ‌နေထိုင်မှုပုံစံနှင့် အသက်‌မွေးဝမ်း‌ကျောင်းပုံတို့ကို ရုပ်ပုံ၊ ပန်းချီ ကားများဖြင့် ဖန်တီးပြသထားပြီး ကရင့်လူ‌နေအိမ်အသုံးအ‌ဆောင်နှင့် အသက်‌မွေးဝမ်း‌ကျောင်းပစ္စည်း၊ ရိုးရာအဝတ်အစား၊ တံခွန်တိုင်စိုက်ထူခြင်းတို့ကို ပြသထားသည်။

မယ်လစခန်း နှစ်သစ်ကူးပွဲ‌တော်တွင် နာမည်ကြီး ကရင်အဆို‌တော်‌မောင်မယ်များစွာ လာ‌ရောက်သီဆို‌ဖျော်‌ဖြေခဲ့ကြသလို ဒုံး၊ ဝါးညှပ်၊ ‌တောင်ယာစူးထိုးအကများအပြင် သရုပ်‌ဖော်ပြကွက်များ တင်ဆက်ခဲ့ကြပြီး ရိုးရာအားကစားပြိုင်ပွဲများကိုလည်း ပြုလုပ် ခဲ့ကြသည်။

ဝါရင့် ပိုးကရင်အဆို‌တော် စ‌လောင်း‌လောင်းက “ကျ‌နော်တို့ ဒီလို ကိုယ့်ကရင်နှစ်သစ်ကူးပွဲမှာ သီချင်းလာဆိုတာကို ပရိဿတ် ‌တွေ အများကြီး အား‌ပေးတဲ့အတွက် အားရဝမ်းသာမိတယ်။ သူတို့ စည်စည်ကားကားနဲ့ လုပ်နိုင်တာကိုလည်း ‌တွေ့ရတယ်။ ‌နောင်နှစ်‌တွေမှာလည်း ကိုယ့် ကရင်နှစ်သစ်ကူးပွဲကို ဒီထက် လုပ်နိုင်မယ်လို့ ‌မျှော်လင့်ပါတယ်။”ဟု ‌ပြောသည်။

မယ်လဒုက္ခသည်လူငယ်တဦးဖြစ်သူ ‌စော‌မောင်လုက “ကျ‌နော်တို့ တနှစ်မှ တခါပဲ ကိုယ့်ကရင်နှစ်သစ်ကူးကို ကျင်းပခွင့်ရတာ ‌ပေါ့‌နော်။ တနှစ်ထက်တနှစ် ပိုပြီးကြီးကျယ်ခမ်းနားလာတာကို ‌တွေ့ရ‌တော့ အရမ်း‌ကျေနပ်မိတယ်။ ဒီနှစ်‌တော့ ကိုယ့်ရိုးရာ ဘက်မှာ‌ရော၊ ‌နောက် ‌ဖျော်‌ဖြေမှုဘက်မှာ‌ရော အားရတယ်။ တ‌နေ့ ကိုယ့်‌ဒေသမှာ ကျင်းပခွင့်ရရင် ဒီထက် ပိုစည်ကား‌အောင် လုပ်နိုင်မယ်လို့ ယုံကြည်တယ်။”ဟု ‌ပြောသည်။

(မယ်လဒုက္ခသည်စခန်း၌ ယခုနှစ် ဇန်နဝါရီလ ၅ရက်‌နေ့က ကျင်းပသည့်ကရင်နှစ်သစ်ကူးပွဲ)

ဇန်နဝါရီလ ၅ရက်‌နေ့တွင် ယခုနှစ် ကျ‌ရောက်‌သော ၂၇၅ဝ ပြည့်နှစ် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ထိုင်း-မြန်မာနယ်စပ်ရှိ ကရင် ဒုက္ခသည်စခန်းများအပြင် ရန်ကုန်မြို့နှင့် ကရင်ပြည်နယ်၊ ဖားအံမြို့ ‌နေရာအ‌တော်များများတွင် ကျင်းပခဲ့ကြသလို အ‌မေရိကန်၊ နယူးဇီလန်၊ ‌နော်‌ဝေ၊ ဆွီဒင်နှင့် ထိုင်းနိုင်ငံတို့အပြင် မ‌လေးရှားနိုင်ငံ ကရင်နှစ်သစ်ကူးပွဲ‌တော်တွင်လည်း လူပရိဿတ်‌ပေါင်း ၃,၀၀၀‌ကျော် တက်‌ရောက်ဆင်နွဲခဲ့သည်ဟု သိရသည်။

ကရင်အမျိုးသား နှစ်သစ်ကူး‌နေ့ကို သ‌လေ(ပြာသို)လဆန်း ၁ရက်‌နေ့တွင် အတည်ပြုနိုင်‌ရေးအတွက် ကရင်အမတ်များဖြစ်ကြ သည့် ‌စောဂျွန်ဆင်ဒီဖိုးမင်း၊ ‌စောမြတ်သိန်း၊ မန်းဘခိုင်၊ ‌စောဆစ်ဒနီလူနီ၊ ‌စော‌ဖေသာ၊ ‌စောကံ‌အေး၊ မန်းထွန်းခင်၊ မန်း‌ရွှေညွှန့်၊ ‌စောသာ‌ဒွေး၊ ဦးဖိုးမျှင်၊ ‌စောဖိုးချစ်နှင့် ဦးလှ‌ဖေတို့က ကြိုးပမ်းခဲ့ရာ ၁၉၃၈ခုနှစ်တွင် တရားဝင် ‌နေ့ထူး‌နေ့မြတ်အဖြစ် သတ်မှတ် နိုင်ခဲ့သည်။