Home ထိပ်တန်းသတင်း မြန်မာ‌ငွေတုကိုင်‌ဆောင်သူ အမျိုး သားတဦးကို မယ်လစခန်းတွင် ဖမ်းမိ

မြန်မာ‌ငွေတုကိုင်‌ဆောင်သူ အမျိုး သားတဦးကို မယ်လစခန်းတွင် ဖမ်းမိ

1851
ဒီဇင်ဘာလ ၂၉ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မယ်လဒုက္ခသည်စခန်း၌ မြန်မာ‌ငွေတု ၅,၀၀ဝကျပ်တန် သိန်း ၃ဝ ကိုင်‌ဆောင်ထား သူ အမျိုးသားတဦးကို စခန်းအာဏာပိုင်များက ဒီဇင်ဘာလ ၂၇ရက်‌နေ့ ည‌နေ ၄နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့သည်ဟု ‌ကေအိုင် စီက စုံစမ်းသိရှိရသည်။

မြန်မာ‌ငွေတုကိုင်‌ဆောင်သူ အသက် ၄ဝအရွယ် ‌စောဖိုးဝါးသည် ဖာပွန်မြို့နယ်၊ ကမ‌မောင်းမြို့ခံတဦးဖြစ်ပြီး ၎င်း၏ဆိုင်ကယ် ၂စီး ‌ရောင်းရာမှရသည့် ပိုက်ဆံကို ထိုင်းဘတ်‌ငွေနှင့်လဲလှယ်ရန် မယ်လစခန်းကို ‌ရောက်ရှိလာခြင်းဖြစ်‌ကြောင်း ထွက်ဆိုခဲ့သည်ဟု မယ်လစခန်း လုံခြုံ‌ရေးတာဝန်ခံ ‌စောအားမူက ‌ကေအိုင်စီကို ‌ပြောသည်။

သူက “‌ကော့ကရိတ်လမ်းဘက်က သူလာတယ်လို့ ‌ပြောတယ်။ သူ့ထွက်ဆိုချက်အရဆိုရင် လိမ်တယ်ဆိုတာ ရှင်း‌နေပါတယ်။ ‌ကော့ကရိတ်ဘက်က လာမယ်ဆိုရင် ‌ငွေကို ဒီကိုလာပြီး လဲမယ်ဆိုရင် မဲ‌ဆောက်တို့၊ မြဝတီတို့မှာ လဲလို့ရတာပဲ။ ‌နောက် ဒီ စခန်းမှာ သူသိတဲ့သူဆိုလို့ တ‌ယောက်မှ မရှိဘူး။ ဒီပိုက်ဆံ‌တွေ အတုအစစ် ခွဲခြားနိုင်ဖို့ ကျပ် ၅‌ထောင်တန် အစစ်တရွက်နဲ့ယှဉ် ပြီး ‌ရေထဲမှာ စိမ်ကြည့်တယ်။ အတုက‌တော့ ‌ရေထိတာနဲ့ ‌ကြေမွသွားတာပဲ။ အစစ်က‌တော့ ဘာမှမဖြစ်ဘူး။”ဟု ရှင်းပြသည်။

‌စောဖိုးဝါးသည် ဒီဇင်ဘာလ ၂၇ရက်‌နေ့က မယ်လစခန်း ဇုံစီ ရပ်ကွက်(၂)ရှိ ‌ငွေလဲလှယ်ဆိုင်တွင် ကျပ် ၅‌ထောင်တန်များ လဲ လှယ်‌နေစဉ် ဖမ်းဆီးခံခဲ့ရပြီး ‌နောက်တ‌နေ့ ၂၈ရက်‌နေ့ ည‌နေဘက်တွင် စခန်းအာဏာပိုင်များက စခန်းအတွင်းရှိ ထိုင်းအာဏာ ပိုင်ဆီသို့ လွဲ‌ပြောင်း‌ပေးလိုက်သည်ဟု သိရသည်။

(မြန်မာ‌ငွေတုကိုင်‌ဆောင်သူ ‌စောဖိုးဝါး)
မယ်လဒုက္ခသည်စခန်းတွင် ဒုက္ခသည်စခန်း၏ ဥပ‌ဒေစည်းမျဉ်းစည်းကမ်းအရ လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်‌ဆေးဝါးမှု၊ လူကုန်ကူး မှုကဲ့သို့‌သော အပြစ်ကြီး ကျူးလွန်သူများကို ထိုင်းအာဏာပိုင်ထံ အပ်‌လေ့ရှိပြီး တန်ဖိုး‌သေးသည့်ပစ္စည်းများ ခိုးမှု၊ အလစ်သုတ် မှု စသည်တို့ကို စခန်းဥပ‌ဒေနှင့်အညီ ကိုယ်တွယ်‌ဖြေရှင်း‌လေ့ရှိသည်ဟု စခန်းဥက္ကဌ ‌စောထွန်းထွန်းက ယခုလို ‌ပြောသည်။

“ခုအမှုက ကြီးတယ်‌လေ။ ဒါ‌ကြောင့် ထိုင်းအာဏာပိုင်ဆီကို အပ်ရတာ။ မလိုလားအပ်တဲ့ အခုလို အဖြစ်မျိုးဖြစ်တာ ကျ‌နော်တို့ စခန်းအတွက် စိုးရိမ်စရာပဲ။ ‌နောက်ထပ်လည်း ထပ်မဖြစ်နိုင်ဘူးလို့ မ‌ပြောနိုင်ဘူး‌လေ။ ကျ‌နော်တို့ စခန်းသူ စခန်းသားအားလုံး လည်း သတိရှိရှိနဲ့ ‌နေကြရမယ်။”ဟု ‌ပြောဆိုသည်။

‌စောဖိုးဝါးကိုယ်တိုင်က ထိုင်းနိုင်ငံထဲကို တဦးတည်းသာလာသည်ဟု ‌ဖြောင့်ချက်‌ပေးထွက်ဆိုခဲ့‌သော်လည်း တာ့ခ်ခရိုင် ထိုင်း အာဏာပိုင်များ၏ စုံစမ်း‌ပြောပြချက်အရ ၎င်းနှင့်အတူ အမျိုးသမီး ၄ဦးလည်း မဲ‌ဆောက်မြို့တွင် ‌ရောက်ရှိ‌နေသည်ဟု သိရ သည်။

မယ်လဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ၁ဝနှစ်ခန့်က မြန်မာကျပ်‌ငွေ တစ်‌ထောင်တန် ဆယ်သိန်း ကိုင်‌ဆောင်လာသူတစ်ဦးကို စခန်းတာဝန်ရှိသူများက အလားတူ ဖမ်းဆီးရမိခဲ့ဖူး‌သေးသည်။