Home ထိပ်တန်းသတင်း DKBA နှင့် KNU တပ်ဖွဲ့များက နအဖတပ် လာရာလမ်း‌ကြောင်းတွင် ‌ခြေကုပ်ယူထား

DKBA နှင့် KNU တပ်ဖွဲ့များက နအဖတပ် လာရာလမ်း‌ကြောင်းတွင် ‌ခြေကုပ်ယူထား

1257
နိုဝင်ဘာလ ၂၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

အင်အား ၁၀ဝနီးပါးရှိ နအဖ တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ် မြဝတီခရိုင် ‌ဝေါ်‌လေ‌ဒေသရှိ နယ်‌မြေခံတပ်များအား လစာလာ ‌ပေးရန်အတွက် ယ‌နေ့မနက် ‌ရောက်ရှိလာရာ ၎င်းတို့လာရာ လမ်း‌ကြောင်းများကို ဒီ‌ကေဘီ‌အေနှင့် ‌ကေအဲန်ယူတပ်ဖွဲ့များက ‌ခြေ ကုပ်‌နေရာယူထား‌သော‌ကြောင့် နအဖစစ်တပ်များ တက်လာရန် အခက်ကြုံ‌နေရသည်ဟု သိရသည်။

ဒီ‌ကေဘီ‌အေ (၉၀၉)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စောစတီးက “အခု သူတို့ (နအဖ)ဖလူးရွာကို ‌ရောက်ပြီးလို့ သိရတယ်။ တပ်ရင်းတစ် ရင်းပဲတဲ့။ အင်အား (၇၀-၈၀)‌ကျော်‌လောက် ရှိတယ်။ အခုသူတို့ လာမယ့်လမ်း‌ကြောင်းတ‌လျှောက်မှာ ကျ‌နော်တို့လူ‌တွေ အကုန် လုံး ‌စောင့်‌နေတယ်ဆို‌တော့ တက်လာဖို့ အခက်‌တွေ့‌နေတယ်။ ကျ‌နော်တို့နယ်‌မြေထဲကို ဝင်လာရင်‌တော့ ထိပ်တိုက်ပဲ။ လမ်းအ‌ခြေ အ‌နေကို ကြည့်ရင်းလာရတယ်ဆို‌တော့ ဒီည သူတို့တပ်‌တွေ ရှိတဲ့‌နေရာကို ‌ရောက်ချင်မှ ‌ရောက်မယ်။”ဟု ‌ပြောသည်။

‌ဝေါ်‌လေ‌ဒေသရှိ နအဖစစ်တပ် စကခ(၈)လက်‌အောက်ခံတပ်ရင်းများနှင့် တိုင်းတပ်များအား ထုံးစံအတိုင်း လမကုန်ခင် လစာလာ ‌ပေးရန်အတွက် တနသင်္ာရီတိုင်းအ‌ခြေစိုက် စကခ(၈) လက်‌အောက်ခံ ခလရ(၆၂)တပ်ရင်းသည် ဘုရားသုံးဆူမြို့နယ် သံဖြူဇရပ်မှ မြဝတီသို့ ယမန်‌နေ့က ‌ရောက်ရှိလာပြီး ယ‌နေ့မနက်တွင် မြဝတီမှတဆင့် ‌ဝေါ်‌လေ‌ဒေသ ဖလူး‌ကျေးရွာသို့ စစ်ကား ၃စီးဖြင့် ‌ရောက် ရှိလာသည်ဟု ဒီ‌ကေဘီ‌အေဘက်က ‌ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ နအဖစစ်တပ်များ တက်လာနိုင်မည့်လမ်း‌ကြောင်းများဖြစ်‌သော ပ‌လောတပို၊ တ‌ခေါ်ထူ၊ ‌ကျောက်ခက်၊ ဘလယ်ဒို၊ ‌သေ‌ဘောဘိုး၊ ‌လေး‌ဝေါ်၊ ဆုံဆည်းမြိုင်၊ အူက‌လေ့ထာ့စသည့်‌နေရာများတွင် ‌ကေအဲန်အယ်လ်‌အေနှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များ ဝင်‌ရောက်‌နေရာယူထားပြီးဖြစ်‌ကြောင်း သိရသည်။

‌ဝေါ်‌လေ‌ဒေသတွင် နအဖစစ်တပ်မှ လှုပ်ရှားတပ်များဖြစ်ကြ‌သော စကခ(၈)လက်‌အောက်ခံ ခမရ(၄၀၁)၊ (၄၀၄)၊ (၄၀၉)တပ်ရင်း များနှင့် တိုင်းတပ်မှ ခလရ(၉၇)တပ်ရင်းတို့သည် ယခုလို ဝင်‌ရောက်လာ‌သော ခလရ(၆၂)တပ်ရင်းအတွက် လုံခြုံ‌ရေးယူ‌ပေးနိုင်ခြင်း မရှိ‌ကြောင်း ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၀၁)မှ တပ်ကြပ်ကြီး ‌စောထီးခုက ယခုလို ‌ပြောသည်။

“ဒီမှာရှိ နအဖ လှုပ်ရှားတဲ့တပ်‌တွေက လှုပ်ရှားတပ်ပဲ အမည်ခံပဲဖြစ်‌နေတယ်။ တချိန်လုံး စခန်းထဲမှာပဲ ပုန်း‌အောင်း‌နေတယ်။ သူတို့ အတွက်လည်း သူတို့က လုံခြုံ‌ရေးယူထားရတယ်ဆို‌တော့ အခု တက်လာတဲ့ တပ်ရင်းကို ဘယ်လိုလုပ်လာပြီး‌တော့ လုံခြုံ‌ရေးလာ ယူ‌ပေးနိုင်မှာလဲ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

‌ဝေါ်‌လေ‌ဒေသ ဘုရင့်‌နောင်ကုန်း၊ ကနဲ‌လေး၊ ‌မောခီးတို့တွင် လှုပ်ရှား‌နေ‌သော နအဖ စကခ(၈)နှင့် တိုင်းတပ်မှ တပ်ရင်းများသည် ယခုလဆန်းပိုင်းက နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး‌နောက်ပိုင်း ထီးတပလယ်‌ကျေးရွာ ‌တောင်ကုန်းရှိ ခလရ(၉၇)တပ်ရင်းသည် ရိက္ခာပြတ်လပ်မည့် အ‌ခြေအ‌နေတွင် ရှိသည်ဟုလည်း သိရသည်။