Home ဆောင်းပါး မြိုင်မြိုင်ဆိုင်ဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် လ တန်‌ဆောင်တိုင်

မြိုင်မြိုင်ဆိုင်ဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် လ တန်‌ဆောင်တိုင်

2664
M. ထက်‌ခေါင်

(၁)
ကာလာနံ၊ ကာလတို့တွင် သရဒံဥတု၊ တန်‌ဆောင်မုန်းလ သရဒဥတုသည် ပဓာနံ မြတ်၏။
(‌လောကနီတိ)

တကယ်ပင် ကျက်သ‌ရေ မဂင်္လာအ‌ပေါင်းနှင့် ပြည့်စုံ‌သော လမြတ်တန်‌ဆောင် ဖြစ်သည်။ ဗမာပြည်တွင်း၌ တန် ‌ဆောင်တိုင်ပွဲ‌တော် ကျင်းပသလို ထိုင်းနိုင်ငံတွင်းမှာလည်း နှစ်စဉ် မီး‌မျှောပွဲ၊ အလှမယ်‌ရွေးပွဲ၊ မီးရှူးမီးပန်း ပစ်‌ဖောက်ပွဲတို့ဖြင့် လှပ‌နေ‌သော တန်‌ဆောင်မုန်းလမှာ ယခုနှစ်မှာ‌တော့ ပို၍ပင် သိုက်သိုက်မြိုက်မြိုက် ဖြစ်လာခဲ့‌လေသည်။

တန်‌ဆောင်မုန်းလဆန်း၌ စစ်အုပ်စုအား ပညာ‌ပေး မြို့သိမ်းတိုက်ပွဲက‌လေးများကို လူထုအကျိုး လိုလား‌စောင့်‌ရှောက် တတ်‌သော ဗိုလ်မှူးချုပ်‌စောလားပွယ်၏ ဒီ‌ကေဘီ‌အေက အနည်းငယ် အ‌ကောင်အထည် ‌ဖော်ပြလိုက်ပြီး စစ်အုပ်စု လက်ကိုင် တုတ်တပ်များအား အဆင့်သတ်မှတ်‌ပေးနိုင်ခဲ့သည်။ အကျယ်ချုပ် ချုပ်ရက်‌စေ့‌နေပြီဖြစ်သည့် လူထု‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင် ဆန်းစုကြည်ကိုလွှတ်‌ပေးရန် ပြည်တွင်းပြည်ပ အနယ်နယ် အရပ်ရပ်မှ တွန်းအား‌ပေးမှုများနှင့် လူထုအုံကြွလာနိုင်သည့် အ‌ခြေ အ‌နေများ‌ကြောင့် စစ်အုပ်စုက လွှတ်‌ပေးလိုက်ရ၏။ လူထုအတွက် ဝမ်း‌မြောက်‌ပျော်ရွှင်ဖွယ်ရာ မဂင်္လာအ‌ပေါင်းနှင့် ပြည့်စုံ‌သော လမြတ်အခါသမယပင် ဖြစ်‌လေသည်။
စစ်အုပ်စုနှင့် ပူး‌ပေါင်းကာ ကိုယ့်အတွက် ရနိုင်သ‌လောက် ယူလိုကြသည့် အခွင့်အ‌ရေးသမား ကိုယ်ကျိုးရှာ ခါ‌တော်မှီ နိုင်ငံ‌ရေးသမားများမှာမူ စစ်အုပ်စု၏ မဲလိမ်မဲခိုး ‌ဗြောင်ကျကျ ညစ်ပတ်မှု မသမာမှုများအကြား တလူးလူးတလိမ့်လိမ့်ဖြင့် မှန်း ချက်နှင့် နှမ်းထွက်မကိုက်ဘဲ အရှုံးကြီးရှုံးကြရ၏။ အဓမ္မမဲကိစ္စ၊ မဟုတ်မတရား ကြိုတင်မဲကိစ္စတို့နှင့် ပတ်သက်၍ ‌ကော်မရှင်ကို တိုင်တန်းသူ‌တွေလည်း ရှိသည်။ ‌ရွေး‌ကောက်ပွဲဝင်မည့် အမတ်‌လောင်းတစ်‌ယောက်လျှင် ငါးသိန်း‌ပေးလိုက်ရပြီးသည့်‌နောက် ‌ရွေး‌ကောက်ပွဲမှ မတရားမှုများကို တိုင်တန်းလိုလျှင် ဆယ်သိန်း‌ပေးရမည်ဟု ‌ကော်မရှင်က ဆိုသည်။ တိုင်တန်းမည့်သူ‌တွေ ပက်လက်လန်ကြ၏။

မဲရုံကို ပြည်ပသတင်းမီဒီယာများနှင့် နိုင်ငံခြားသားများ ‌စောင့်ကြည့်‌လေ့လာခွင့်မ‌ပေးသည့် ကိစ္စအပါအဝင် လွတ်လပ် တရားမျှတမှု မရှိ‌သော ‌ရွေး‌ကောက်ပွဲအ‌ပေါ် ကမ္ဘာ့နိုင်ငံများနှင့် ဗမာပြည် ပြည်သူလူထုကြီးပါ မ‌ကျေမနပ် ဖြစ်‌နေချိန် မြဝတီမှာ လုပ်ခဲ့သည့် ‌ရွေး‌ကောက်ပွဲက‌တော့ အ‌တော်က‌လေး ဆိုး၏။ နယ်စပ်‌ဒေသတွင် ၎င်းတို့ လုပ်ချင်တိုင်းလုပ်၍ရသည် ဟူ‌သော သ‌ဘောဖြင့် ထင်သလို မင်းမူရမ်းကား‌နေ‌သော စစ်အုပ်စုက မဲရုံကိုမသွား၊ ဆန္ဒမဲမ‌ပေးဘဲ‌နေသူများကို အတင်း‌ခေါ်ထုတ်၏။ ၎င်းတို့ထံတွင် ရှိ‌နေသည့် စာရင်းဇယားအတိုင်း မဲလာ‌ရောက်မ‌ပေးပါက ဘာလုပ်မည်၊ ညာလုပ်မည်ဟု ခြိမ်း‌ခြောက်၏။ မဲ‌ပေး ရန် လာသူများကိုလည်း ကြံ့ဖွံ့ပါတီသို့ ထည့်ခိုင်း၏။ အခြားပါတီများသို့ မဲထည့်ပါက ပစ်သတ်ခံရမည်ဟု ‌ပြောဆိုကြိမ်းဝါးကြ ၏။

ထို့‌ကြောင့် ‌ဒေသခံလူထုက DKBA ဗိုလ်မှူးချုပ်‌စောလားပွယ်ထံသို့ အ‌ကြောင်းကြား၏။ စစ်အုပ်စုလက်‌အောက် နယ် ခြား‌စောင့်တပ်အဖြစ် အသွင်မ‌ပြောင်း၊ ပြည်သူ့တပ်မ‌တော်အဖြစ် မိမိအမျိုးသား ပြည်သူလူထု၏ အသက်အိုးအိမ် အကျိုးစီးပွား ကို ‌စောင့်‌ရှောက်ရမည့်တာဝန် မိမိတို့မှာရှိသည်ဟု နားလည်ခံယူထား‌သော ဗိုလ်မှူးချုပ်က ‌ရွေး‌ကောက်ပွဲကျင်းပရာ မဲရုံနားသို့ ဒီ‌ကေဘီ‌အေတပ်အချို့ကို ‌စေလွှတ်ကာ ‌စောင့်ကြည့်‌စေ၏။ မဲရုံအနီးရှိ စစ်အုပ်စု၏တပ်‌တွေက မ‌ချေမငံ ဆက်ဆံကာ ‌မောင်း ထုတ်၏။ တဘက်နှင့် တဘက် ‌စောင်‌နေကြရာမှ ‌နောက်တရက်မှာပင် စစ်အုပ်စု၏တပ်က စတင် ပစ်ခတ်၏။ ပြည်သူ့တပ်မ ‌တော် ဒီ‌ကေဘီ‌အေနှင့် လူထုရန်သူ စစ်အုပ်စု၏ လက်ကိုင်တုတ်တပ်တို့ တိုက်ပွဲဖြစ်ကြရ‌လေသည်။ လက်ကိုင်ဖုန်း စကား‌ပြော စက်တို့ဖြင့် သတင်းပို့ အ‌ကြောင်းကြားလိုက်‌သော‌ကြောင့် တိုက်ပွဲသည် မကြာမီ နာရီပိုင်းအတွင်းမှာပင် ဘုရားသုံးဆူသို့ပါ ကူး စက်သွား‌တော့သည်။

မြဝတီမှာ ဗိုလ်မှူးချုပ်‌စောလားပွယ် အဖွဲ့ကို ‌ကေအဲန်ယူ တပ်မဟာ(၇)မှ တပ်များနှင့် ဗိုလ်မှူး‌မောသို၏ နယ်ခြား ‌စောင့်တပ်များပါ ဝိုင်းကူကြသည်။ ဘုရားသုံးဆူပွဲမှာ‌တော့ ဗိုလ်‌အေဝမ်း၊ ဗိုလ်မို‌ရှေး၊ ဗိုလ်မှူးကြီး‌နော်တယာတို့ တပ်များအပြင် ဖူး‌ဌေး‌မောင်၏ ‌ကေအဲန်ယူ-‌ကေအဲန်အယ်လ်‌အေ ငြိမ်းချမ်း‌ရေးအဖွဲ့မှ တပ်များကပါ ဝင်‌ရောက်ကူညီကြသည်။ ABSDF ဗိုလ် သံခဲကလည်း ၎င်းတို့တပ်များပါ အားဖြည့်လက်တွဲပါဝင်မည်ဟု ‌ကေအဲန်ယူကို ကမ်းလှမ်းလိုက်၏။ SSA.S က ဗိုလ်မှူးကြီး ယွက်စစ်ကလည်း တရားမျှတမှုအတွက် တိုက်ပွဲဝင်သူများကို အား‌ပေးသည်။ ‌ကေအဲန်ယူကို တပ်ကူများပို့လို‌သော်လည်း နယ် ‌မြေလမ်းပန်း အခက်အခဲ‌ကြောင့် မကူဖြစ်။ သူသည်လည်း သူ့‌ဒေသထဲမှာ စစ်အုပ်စုတပ်များကို တိုက်ခိုက်ရင်းဖြင့် ကူမည် ဖြစ် သည်။ မကြာမီရက်များအတွင်းမှာပင် SSA.S တိုက်ပွဲသတင်းများကို ကြားကြရသည်။

စွမ်းအားမြှင့်စစ်သည်‌တော်များအဖွဲ့ကလည်း ‌ကေအဲန်ယူနှင့် ဒီ‌ကေဘီ‌အေတို့ ပူး‌ပေါင်းပြီး စစ်အုပ်စုအား တိုက်ခိုက် ‌နေမှုကို ဘက်‌ပေါင်းစုံမှ အကူအညီ‌ပေးမည်ဖြစ်‌ကြောင်း သ‌ဘောထား ‌ကြေညာချက် ထုတ်ပြန်ခဲ့၏။ ကချင်၊ ဝ၊ ချင်း၊ ရခိုင်တို့ပါ ၎င်းတို့‌ဒေသများအတွင်း အသီးသီး ထကြွကြဖို့ လိုအပ်‌နေပြီ ဖြစ်သည်။ မိန်းမများ၊ က‌လေးများ၊ သက်ကြီးရွယ်အိုများကို မငဲ့မ ညှာ ဓားစာခံလုပ်လို‌သော စစ်အုပ်စု၏ ရန်၊ စည်းမဲ့ကမ်းမဲ့ လက်နက်ကြီးများ ပစ်ခတ်မှုရန်မှ ကင်း‌ဝေးရာသို့ ‌ရှောင်တိမ်းခိုင်းပြီး တပြည်လုံး အတိုင်းအတာဖြင့် လူထုကြီးပါ ပါဝင်လာမည်ဆိုလျှင် အ‌တော့်ကို မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွား‌ပေလိမ့်မည်။

စစ်အုပ်စုသည် ‌ရွေး‌ကောက်ပွဲမှာ မတရားမှုများကို ‌ဗြောင်ပင် ကျူးလွန်ခဲ့၏။ ၎င်းတို့ ကြံ့ဖွံ့မနိုင်သည့် မြို့နယ်အများအ ပြား၌ ကြိုတင်မဲအတုများဖြင့် မဟုတ်မတရား အနိုင်ယူ၏။ မဲကို လူထု‌ရှေ့မှာ မ‌ရေတွက်။ မဲ‌ပေးရမည့် ရက်မတိုင်မီ ရက်အ ‌တော်ကြာကပင် ‌ကောက်ခံခဲ့‌သော‌ကြောင့် မဲရုံသို့ ကြိုတင်‌ရောက်‌နေရမည်ဖြစ်‌သော ကြိုတင်မဲများမှာ မဲ‌ပေးပြီးသည့်‌နောက်တ ရက်ညမှ ‌ရောက်လာသည့် အဖြစ်မျိုး‌တွေ ရှိသည်။ လိမ်လည် ဂုဏ်လုပ် ကြွားဝါချင်‌ဇောဖြင့် မဲ‌ပေးသူဦး‌ရေ ၁၀၃ရာခိုင်နှုန်းရှိ ‌ကြောင်း သတင်းစာမှာ ‌ကြေညာပြီးမှ အများက ဝိုင်းဝန်း‌လှောင်‌ပြောင်ကြ‌သော‌ကြောင့် ပြန်လည် ပြင်ဆင်‌ကြေညာရသည့် ရယ် စရာအဖြစ်မျိုး‌တွေလည်း ရှိခဲ့သည်။
အ‌မေရိကန်နှင့် ဩစ‌တြေးလျတို့ကပါ ပွင့်လင်းမြင်သာမှုမရှိ လုပ်ချင်တိုင်းလုပ်သွားသည့် မသမာ‌သော ‌ရွေး‌ကောက်ပွဲ ကို ဝိုင်းဝန်းကန့်ကွက် ပြစ်တင်ကြသည်။ စစ်အုပ်စုထံမှ အကျိုးအမြတ် ရရှိ‌ရေး ဆက်လက်‌မြော်ကိုး‌နေ‌သော တရုတ်နှင့် ဗီယက်နမ်တို့မှလွဲ၍ ကမ္ဘာ့နိုင်ငံ အများအပြားပင် စစ်အုပ်စု၏ ‌ရွေး‌ကောက်ပွဲလုပ်ရပ်ကို မနှစ်မြို့ကြ။ စစ်အုပ်စုလုပ်ရပ်ကို မနှစ် မြို့သည်နှင့်အမျှ စစ်အုပ်စုအား ဆုံးမလိုက်‌သော ဒီ‌ကေဘီ‌အေကို အသိအမှတ်ပြုလာရ၏။

(၂)
စစ်အုပ်စုက ‌ဒေါ်‌အောင်ဆန်းစုကြည်ကို ‌နေအိမ်အကျယ်ချုပ်မှ ရက်ပြည့်သည့်‌နေ့ နိုဝင်ဘာလ ၁၃ရက်၌ လွှတ်လိုက်ရခြင်းမှာ ၎င်းတို့အရှက်ကင်းမဲ့စွာ ‌ဗြောင်ကျကျ မဟုတ်မတရားလုပ်ထားသည့် မသမာ‌သော ‌ရွေး‌ကောက်ပွဲ အတုအလိမ်ကြီးအ‌ပေါ် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးသာမက ကမ္ဘာ့နိုင်ငံ အများအပြားကပါ ကန့်ကွက်ရှုံ့ချ ‌ပြောဆိုလာ‌သော‌ကြောင့်လည်း ‌ကောင်း၊ ‌ရွေး‌ကောက်ပွဲကျင်းပရာ ရက်ပိုင်းအတွင်း တိုင်းရင်းသားတို့နှင့်လည်း‌ကောင်း၊ ‌ဒေါ်‌အောင်ဆန်းစုကြည် လွှတ်ရမည့်‌နေ့ ရက်တွင် မလွှတ်ပါက တိုင်းပြည်နှင့်အဝှမ်း ထကြွကြရန်နှင့် လူထုအုံကြွမှုအတွင်း ပါဝင်ကြမည့် လက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့အစည်းများကို ‌ငွေအားလူအား လက်နက်အင်အားများ အဖက်ဖက်မှ အားဖြည့်ကူညီကြရန် ‌ဆော်ဩမှုများ ရှိလာ‌သော ‌ကြောင့်လည်း‌ကောင်း လူထုနှင့် ကမ္ဘာကို ‌ချွေးသိပ်လှည့်စားရန်အတွက် ၁၃ရက်‌နေ့ စ‌နေည‌နေ ၅နာရီအချိန်‌ရောက်ခါမှ မလွှတ်ချင်လွှတ်ချင် လွှတ်‌ပေးလိုက်ခြင်းသာ ဖြစ်၏။ ၎င်းတို့အ‌ပေါ် မည်သို့မျှ ‌ကျေးဇူးတင်စရာမရှိ။ အကျယ်ချုပ်ခံထားရစဉ် သူ မ ‌နေအိမ်ခြံဝင်းကို ‌စောင့်ကြပ်‌သော ဂိတ်‌စောင့်တပ်ကို‌တော့ သူမအ‌ပေါ် ‌ကောင်းမွန်သည့် ဆက်ဆံ‌ရေးများ‌ကြောင့် ‌ဒေါ် ‌အောင်ဆန်းစုကြည်က ‌ကျေးဇူးတင်သည်ဟု ဆိုသည်။ တကယ်‌တော့ ‌ဒေါ်‌အောင်ဆန်းစုကြည်သည် ယခုတ‌ခေါက် အကျယ် ချုပ် ထပ်မံခံခဲ့ရသည်မှာ မစ္စတာယတ်‌တောကိစ္စ‌ကြောင့်ဖြစ်ပြီး သူမ‌နေအိမ်သို့ အင်းလျားကန်ကိုဖြတ်ကာ ‌ရေကူးဝင်ခဲ့သည့် ဖြစ်ရပ်တွင် စစ်အုပ်စုလက်‌အောက်ခံ ဂိတ်‌စောင့်တပ်၏ အခန်းကဏ္ဍသည်လည်း မလွဲသာမ‌ရှောင်သာ ပါရှိ‌နေမည် ဖြစ်‌လေ
သည်။
ယခုလို လွှတ်‌ပေးလိုက်သည့်ကိစ္စအ‌ပေါ် ‌ဒေါ်‌အောင်ဆန်းစုကြည်ကိုယ်တိုင်‌ကော ပြည်တွင်းပြည်ပ ဒီမိုက‌ရေစီ‌ရေး၊ တိုင်းရင်းသား အခွင့်အ‌ရေး ‌ဆောင်ရွက်သူများကပါ စစ်အုပ်စု ထပ်မံ အ‌ကောက်ကြံကာ ပြန်ဖမ်းထည့်မည်ကို စိုးရိမ်‌နေကြ သည်။ ဒီပဲယင်းကိစ္စလိုမျိုး ‌ဒေါ်‌အောင်ဆန်းစုကြည်အား အသက်အန္တရာယ်ပြုမည့်အဖြစ်မျိုး ‌ပေါ်‌ပေါက်လာမည်ကိုလည်း စိတ် ပူ‌နေကြသည်။

ကရင်ပြည်နယ်အတွင်းပိုင်းမှာ ဒီ‌ကေဘီ‌အေ၊ ‌ကေအဲန်ယူတို့နှင့် စစ်အုပ်စုတို့ တိုက်ပွဲ‌တွေ ဆက်ဖြစ်‌နေကြသည်။ စစ် အုပ်စုက လူထုကို မညှာ။ မ‌ဟော်သဓာဇာတ်မှ သားတရားစီရင်ခဏ်းလိုပင် ဖြစ်၏။ မ‌ဟော်သဓာက သူ့သား ငါ့သား အငြင်း ပွား‌နေကြ‌သော ဘီလူးမနှင့် လူမိန်းမတို့အား က‌လေး၏ ‌ခြေလက်တို့ကို ဆွဲကိုင်‌စေကာ သူ့ဘက်ကိုယ့်ဘက် လုခိုင်းရာ မိခင် ရင်းဖြစ်‌သော လူမက သားက‌လေးကိုညှာပြီး လွှတ်လိုက်၏။ ဘီလူးမက‌တော့ သူ့သားမဟုတ်၍ မညှာ။ ဒီ‌ကေဘီ‌အေတို့က လူ ထုကိုညှာပြီး ၎င်းတို့တိုက်ခိုက်သိမ်းယူထား‌သော မြို့ရွာများမှ ဆုတ်‌ပေးခဲ့‌သော်လည်း စစ်အုပ်စုက‌တော့ လူထုကို မညှာ‌ချေ။ လက်နက်ကြီးများဖြင့် ပစ်ခတ်‌သော‌ကြောင့် မြို့ရွာလူထု‌တွေ ထိခိုက်ဒဏ်ရာရကြသည်။ ‌သောင်းနှင့်ချီ‌သော လူထုများ အိုး အိမ်စွန့်ကာ ထွက်‌ပြေးတိမ်း‌ရှောင်ကြရသည်။ စစ်အုပ်စုက နယ်‌မြေခံလူထုကိုပင် ဦးတည်၍ တိုက်၏။ လူထုသည် ‌ကေအဲန်ယူ၊ ဒီ‌ကေဘီ‌အေတို့ကို ပံ့ပိုး‌နေကြသူများဖြစ်၍ ကရင်လူထုမရှိမှ ကရင်‌သောင်းကျန်းသူ‌တွေလည်း အားနည်းချုပ်ငြိမ်းကုန်မည် ဟူ ‌သော ခပ်တိမ်တိမ် အ‌တွေးအ‌ခေါ်ဖြင့် တိုက်ကြခြင်းဖြစ်‌လေသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်မှာ လွှတ်လာလာချင်းပင် အလုပ်‌တွေ ‌နေ့မအားညမအား လုပ်လာရ၏။ ‌တွေ့ဆုံ‌မေးမြန်းလာ မှုများကို ‌ဖြေကြားရ၊ မိမိ၏ လုပ်‌ဖော်ကိုင်ဖက်‌ခေါင်း‌ဆောင်များနှင့် တိုင်ပင်‌ဆွေး‌နွေးရ၊ လူထုကို ထွက်‌တွေ့ နှုတ်ဆက် မိန့်ခွန်း များ‌ပြောရ၊ မိမိတို့အချင်းချင်း၏ နာ‌ရေးကိစ္စများကို သွား‌ရောက်ရ၊ အိပ်ချ်အိုင်ဗီ‌အေ့ဒ်စ်လူနာများကို သွား‌ရောက်အား‌ပေးစကား ‌ပြောရဖြင့် မ‌မောမပန်းနိုင် ‌ဆောင်ရွက်လှုပ်ရှား‌နေရ‌လေသည်။ သူမ လွတ်‌မြောက်လာခြင်းအ‌ပေါ် တိုင်းရင်းသား ပြည်သူလူထု က များစွာ ဝမ်းသာအယ်လဲဖြစ်ကြရ၏။ ဗမာပြည်၏ အကြပ်အတည်း အခက်အခဲများကို ‌ဖြေရှင်း‌ပေးနိုင်‌ရေး အားကိုး‌မျှော်လင့် ကြ၏။ မိမိတို့ကို လမ်းညွှန်မည့်‌ခေါင်း‌ဆောင်ကို လိုလားစွာ ယုံကြည်အားထားကြ၏။ ‌ဒေါ်‌အောင်ဆန်းစုကြည်ကဲ့သို့ပင် မတရား ‌သော ဥပ‌ဒေပုဒ်မများဖြင့် နှစ်ရှည်လများ ‌ထောင်ထဲထည့်ထားခြင်း ခံ‌နေရ‌သော လူထုအကျိုး လိုလားသည့် မင်းကိုနိုင်၊ ကိုကို ကြီး၊ စုစု‌နွေး စသူတို့ အပါအဝင် နိုင်ငံ‌ရေးအကျဉ်းသား ၂၁၀၀‌ကျော်ကိုပါ လွှတ်‌ပေးဖို့သင့်‌သော်လည်း စစ်အုပ်စုက မလွှတ်။ ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ‌ခြေလှမ်းကိုလည်း ၎င်းတို့က ‌စောင့်ကြည့်‌နေကြသည်။

(၃)
တိုင်းရင်းသား‌တွေထဲမှာ ‌ဒေါ်‌အောင်ဆန်းစုကြည်ကို နှစ်နှစ်ကာကာ ‌လေးစားချစ်ခင်ကြသူ‌တွေ များစွာရှိသည်။ ‌ဒေါ် ‌အောင်ဆန်းစုကြည်အား မဟုတ်မတရား လုပ်ကြံ အပုပ်ချသူများကို‌တွေ့လျှင် လက်ရုံးရည်‌ကော နှလုံးရည်ပါ ဆုံးမနှိပ်ကွပ် တတ်သူ‌တွေ ဖြစ်သည်။ လူထုအကျိုး လိုလားစွာ၊ ‌စေတနာမှန်ကန်စွာ၊ သတ္တိရှိစွာ၊ ပွင့်လင်းစွာ၊ ပြတ်သားစွာ ‌ပြောဆိုခဲ့သည့် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ‌ပြောစကားများကို တန်ဖိုးထားကြသည်။ တိုင်းရင်းသား ပြည်သူလူထုဘက်က ရပ်တည်တတ်သည့် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ မှန်ကန်‌သော သ‌ဘောထားကိုလည်း အသိအမှတ်ပြုသည်။ သို့ရာတွင် ‌ဒေါ်‌အောင်ဆန်းစုကြည်ကို သူတို့ ‌ထောက်ခံသည်မှာ မျက်‌စေ့မှိတ်‌ထောက်ခံခြင်း မဟုတ်။ ‌ဒေါ်‌အောင်ဆန်းစုကြည်၏ လုပ်ရပ်အမှန်များကို အားတက်သ ‌ရော လှိုက်လှဲစွာ ‌ထောက်ခံမည်ဖြစ်သလို မပီပြင်‌သော ခပ်ဝါးဝါး ခပ်ဖယ်ဖယ် အ‌ပြောအဆိုများ၊ လုပ်ရပ်များကို‌တော့ ‌ဒေါ် ‌အောင်ဆန်းစုကြည်ကိုယ်တိုင် ပြန်လည်သိရှိပြုပြင်နိုင်‌ရေး၊ ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ပီပြင်‌သော ဦး‌ဆောင်မှုကို ခံယူလိုသည့် လူထုကိုယ်စား ‌ထောက်ပြတည့်မတ်‌ပေးလိုကြသည်။

‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် လူထုဆန္ဒအမှန်ဖြစ်‌သော ၁၉၉ဝ ‌ရွေး‌ကောက်ပွဲရလဒ်ကို ကိုင်စွဲထားသင့်သည်။ အဲန်အယ်လ်ဒီသည် ဗမာတပြည်လုံးမှ ပြည်သူတရပ်လုံး အုံးအုံးကြွက်ကြွက် ‌ထောက်ခံ အသိအမှတ်ပြုထားသည့် တရားဝင်ပါ တီဖြစ်၏။ မိမိအာဏာ ဆက်လက် ချုပ်ကိုင်နိုင်‌ရေး ကလိန်‌စေ့ငြမ်းဆင်ကာ ‌ဗြောင်လိမ်‌ဗြောင်စားလုပ်‌နေ‌သော စစ်အုပ်စုကို ပြည်သူလူထုကြီးက အသိအမှတ်မပြု။ ၂၀၀၈ အ‌ခြေခံဥပ‌ဒေနှင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ယုတ်ညံ့သိမ်ဖျင်း‌သော အစီအစဉ် များဖြင့် လုပ်ချင်သလို လုပ်ယူခဲ့ကြ‌သော်ငြား တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက စစ်အုပ်စုအား တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြု။ ထိုသို့ တရားဝင် အသိအမှတ်ပြုခြင်း မခံရ‌သော တရားမဝင်သူထံ အဲန်အယ်လ်ဒီပါတီကို တရားဝင်ပါတီအ ဖြစ် ဆက်လက် ရပ်တည်နိုင်‌ရေး ‌လျှောက်ထားတင်ပြ‌နေသည်မှာ အ‌တော်ပင် မခံချိမခံသာဖြစ်စရာ အဓိပ္ပါယ်မဲ့ လုပ်ရပ်ဖြစ်၏။

‌နေအိမ်ခြံဝင်းအတွင်းသို့ အ‌မေရိကန်နိုင်ငံသား မစ္စတာယတ်‌တော ‌ရေကူးဝင်‌ရောက်လာသည့် ကိစ္စနှင့်ပတ်သက်၍ ‌ဒေါ်‌အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချမှတ်ထားသည့် စည်းကမ်းမလိုက်နာမှုဖြင့် စစ်အုပ်စုက အ‌ရေးယူခဲ့ခြင်းမှာ ‌ဒေါ် ‌အောင်ဆန်းစုကြည်ကို ‌ထောင်သွင်းအကျဉ်းချနိုင်‌ရေး အကွက်ဆင် လီဆယ်၍ လုပ်ကြံဖန်တီးခြင်းသာဖြစ်‌ကြောင်း ဗမာပြည် သူလူထုကြီးသာမက ကမ္ဘာကပါ သိထား၏။ ထိုကိစ္စ၏ တရားခံအစစ်အမှန်မှာ မည်သူဖြစ်‌ကြောင်းကိုလည်း ရှင်းလင်းပီပြင်စွာ မြင်ထားကြပြီး ဖြစ်၏။ ထိုအမှု‌ကြောင့် ထပ်မံ ကျခံရသည့် အကျယ်ချုပ်မှလွှတ်ရန် လပိုင်းအလိုတွင် ‌ဒေါ်‌အောင်ဆန်းစုကြည်က အမှုနှင့်ပတ်သက်၍ မိမိ၌ အမှန်တကယ် အပြစ်မရှိ‌ကြောင်း၊ မိမိကိုချုပ်ထားစဉ် မိမိလုံခြုံ‌ရေးအတွက် တာဝန်ရှိသူမှာ စစ်အစိုးရ ပင်ဖြစ်‌ကြောင်း ဥပ‌ဒေ‌ရေးရာ အချက်အလက် အ‌ထောက်အထားများဖြင့် အယူခံ တင်သွင်းခဲ့သည်။ စစ်အုပ်စု၏ တရားရုံးက အယူခံကြားနာမည့်ရက်ကို ‌ရွေး‌ကောက်ပွဲ ကျင်းပခါနီး ရက်အနည်းငယ်အလိုအထိ ရက်ချိန်း‌ပေးပြီး‌နောက် စစ်အုပ်စုလက် ‌အောက်ခံ တရားသူကြီး ဦး‌အောင်တိုးတို့က အမှုကို ဝတ်‌ကျေတန်း‌ကျေ ကြားနာ‌ယောင်‌ဆောင်လျက် အယူခံကို ပယ်ချလိုက် သည်။ ၎င်းတို့ မတရားလုပ်ခဲ့မှုများကို ‌ပေါ်လွင်‌စေမည့် အယူခံလွှာအား လက်ခံကာ အနိုင်‌ပေးခဲ့ပါက ၎င်းတို့၏ အပြစ်သာဖြစ် ‌ကြောင်း ဝန်ခံရာ‌ရောက်မည့်အပြင် ၎င်းတို့ပင် ပြန်လည်တရားစွဲဆိုခံကြရမည်ဖြစ်၍ အယူခံအမှုကို ပယ်ချခဲ့ခြင်း ဖြစ်‌လေသည်။
စစ်အုပ်စုလက်‌အောက်ခံဖြစ်ပြီး စစ်အုပ်စုနှင့် အလိုတူအလိုပါလည်းဖြစ်‌သော တရားရုံးသို့ ထိုအယူခံလွှာကို မသိသား ဆိုးရွားစွာ တင်သွင်းခဲ့သည့် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် အကြံ‌ပေးပုဂ္ဂိုလ်များ၏ အလုပ်မှာ အချိန်ကုန် လူပမ်းအလုပ်သာ ဖြစ် ၏။ စစ်အုပ်စု မတရား‌ကြောင်း မိမိတို့က မည်သို့ပင် သက်‌သေထူပြ‌သော်လည်း မည်သည့်ကမ္ဘာ့နိုင်ငံများကမျှ စစ်အုပ်စုပြုတ် ကျ‌ရေး ဝိုင်းဝန်း‌ဆောင်ရွက်‌ပေးကြလိမ့်မည် မဟုတ်။ စစ်အုပ်စု မတရား‌ကြောင်း အကျယ်ချဲ့ တိုင်တန်း‌နေစရာ မလို။ ကမ္ဘာက သ‌ဘော‌ပေါက်ထားပြီးသား ဖြစ်သည်။ မည်သူကမျှလည်း မကူနိုင်။ ဗမာပြည် လွတ်‌မြောက်‌ရေးအတွက် အဓိက လှုပ်ရှားကြရ မည်မှာ မိမိတို့ကိုယ်တိုင်သာ ဖြစ်သည်။

တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဒီမိုကရက်တစ်အင်အားစုများ ပူး‌ပေါင်းလျက် ဒုတိယ ပင်လုံညီလာခံ ကျင်းပမည့် အစီအစဉ် ဖြစ်‌မြောက်‌ရေး ‌ဒေါ်‌အောင်ဆန်းစုကြည် တာဝန်ယူလိုက်သည်မှာ အလွန်ပင် ‌လျော်ကန်သင့်မြတ်လှ‌သော လုပ် ‌ဆောင်မှု ဖြစ်‌လေသည်။
သို့ရာတွင် စစ်အုပ်စုနှင့် ပူး‌ပေါင်းပြီး အစား‌ချောင် အ‌နေ‌ချောင်နိုင်‌ရေး၊ ကိုယ်ကျိုးအတွက် အမြတ်ထုတ်နိုင်‌ရေး ခပ်နုပ် နုပ် ကလိမ်ကကျစ်ဉာဏ်များဖြင့် အ‌ပျော့ဆွဲ ဆွဲခဲ့ကြသူအချို့က ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့်လည်း ပူး‌ပေါင်းလုပ်‌ဆောင်လို ‌ကြောင်း ကမ်းလှမ်းလာသည်ကို အလွယ်တကူ လက်ခံလိုက်ခြင်းမှာမူ မလုပ်သင့်မလုပ်ထိုက်‌သော ကိစ္စဖြစ်၏။ ပညာ‌ရေး ကျန်းမာ‌ရေးလုပ်ငန်းနယ်ပယ်များ၌ အတူ ပူး‌ပေါင်း‌ဆောင်ရွက်‌ရေးပင် ဖြစ်‌စေကာမူ မရိုးမ‌ဖြောင့်လုပ်ရပ်များနှင့် ပြဿနာ တသီ တတန်းကြီး ‌ပေါ်လာနိုင်‌ကြောင်း သတိပြုသင့်သည်။ ‌ဒေါ်‌အောင်ဆန်းစုကြည်က‌တော့ စစ်အုပ်စုနှင့်ပင် ပူး‌ပေါင်း‌ဆောင်ရွက်နိုင် ‌ကြောင်း ‌ပြောဆိုလိုက်‌သေး၏။ စစ်အုပ်စုနှင့် အနီးကပ်‌ပေါင်းပြီး အ‌ခြေခံဥပ‌ဒေထဲမှ အချို့အပိုဒ်များကို ပြင်ယူဖို့ရန် စဉ်းစား‌နေ ‌သေးဟန် ရှိ‌လေသည်။ စစ်‌ဆေးရုံသို့လည်း အဖွဲ့အ‌နေဖြင့် ‌သွေးလှူဒါန်းခဲ့၏။ စစ်တပ်နှင့် ပြည်သူ သင်ပုန်း‌ချေ ရင်ကြား‌စေ့နိုင် ‌ရေး၊ အမျိုးသားပြန်လည်သင့်မြတ်‌ရေး၊ ပြည်တွင်းငြိမ်းချမ်း‌ရေးတို့အတွက် ‌စေတနာ‌ကောင်းဖြင့် လှူဒါန်းခြင်းပင်ဖြစ်‌စေ၊ စစ်တပ် ကိုစည်းရုံးရန် တဘက်သတ် ယုံကြည်မှုတည်‌ဆောက်သည့်သ‌ဘော လှူဒါန်းခြင်းပင်ဖြစ်‌စေ ‌သွေးလှူခြင်းမှာ ‌ကောင်းမွန်သည့် အလုပ်ဖြစ်၏။
သို့ရာတွင် စစ်တပ်ကို ‌ချော့‌ပေါင်း၊ ‌မြှောက်‌ပေါင်း၊ အကြိုက်‌ပေး‌ပေါင်း‌နေစရာ မလို။ အထက်က ခိုင်းတိုင်း လိုက်လုပ် ‌နေခဲ့ရသည့် ၎င်းတို့ကျူးလွန်ခဲ့သမျှ အပြစ်များကို ၎င်းတို့ကိုယ်တိုင် ထင်လင်းစွာ သိမြင်ပြီး ထိုအပြစ်များမှ သင်ပုန်း‌ချေ လွတ် ကင်းနိုင်‌ရေး မိမိတို့နှင့်အတူ တိုင်းပြည်‌ကောင်းကျိုး ပူး‌ပေါင်း‌ဆောင်ရွက်နိုင်‌အောင်သာ လမ်းဖွင့်‌ပေးရမည် ဖြစ်သည်။
မိမိ သွား‌ရောက်ကြည့်ရှု အား‌ပေးခဲ့‌သော အိတ်ချ်အိုင်ဗီ ‌အေ့ဒ်စ်လူနာများအား စစ်အုပ်စုက ဧည့်စာရင်းထုတ်မ‌ပေး ‌တော့ဘဲ ‌ဆေးရုံသို့ ‌ပြောင်း‌ရွှေ့ရန် ဖိအား‌ပေးလာသည်ကိုလည်း ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် တုံ့ပြန်‌ပြောဆိုခြင်း မပြု‌ချေ။ မဖြူဖြူသင်းကသာ ဒိုင်ခံ ကာကွယ်ခဲ့‌ကြောင်း ‌တွေ့ရသည်။

ရန်သူ စစ်အုပ်စုကို ဘာတခုမျှ အပြစ်မ‌ပြောမိ‌အောင် တမင်ပင် သတိထား‌ရှောင်‌နေသည်ဟု ယူဆရ‌သော ‌ဒေါ် ‌အောင်ဆန်းစုကြည်အား ဗွီအို‌အေနှင့် ရုပ်သံအင်တာဗျူးတခုတွင် နယ်စပ်‌ဒေသ တိုင်းရင်းသားတို့၏ စစ်‌ရေးအ‌ပေါ် ရှုံ့ချလို ‌သော သ‌ဘောထား အ‌ပြောအဆိုများ ‌ပြောဆိုလာသည်ကို ‌တွေ့ရသည်။ “လက်နက်ကိုင် ပဋိပက္ခ‌တွေ ပြန်ပြီး‌တော့ ဖြစ်မလို့ မြင်ရတာဟာ အင်မတန်မှ ဝမ်းနည်းတယ်။ ဒါဟာ အန်တီတို့အ‌နေနဲ့ ပြည်‌ထောင်စုစိတ်ဓာတ် ထူ‌ထောင်တဲ့‌နေရာမှာ မ‌အောင် မြင်‌သေးဘူးလို့ အဲဒီလိုပဲ ‌ပြောရမှာပဲ။ ပြည်‌ထောင်စုစိတ်ဓာတ် အပြည့်အဝနဲ့ ဒီနိုင်ငံဟာ ငါတို့နိုင်ငံ၊ ဒီ‌မြေဟာ ငါတို့အတွက် သက်သာရာ၊ လုံခြုံရာ၊ ချမ်းသာရာ‌မြေဆိုပြီး‌တော့ ပြည်‌ထောင်စု တိုင်းရင်းသားအားလုံးက အဲဒီလိုစိတ်ဓာတ်မျိုး မရှိနိုင်သ၍ အန်တီတို့ဟာ မ‌အောင်မြင်‌သေးဘူးလို့ပဲ ‌ပြောရမှာပဲ။ အခု နယ်စပ်မှာ နိုင်ငံ‌ရေးပြဿနာ‌တွေကို နိုင်ငံ‌ရေးနည်းနဲ့ မ‌ဖြေရှင်းဘဲနဲ့ စစ်‌ရေးနည်းနဲ့ ‌ဖြေရှင်းမလိုလို ဖြစ်‌နေတာဟာ အန်တီတို့နိုင်ငံအတွက် အင်မတန်မှ ဝမ်းနည်းစရာ ‌ကောင်းတယ်။ ဒါ မဖြစ်သင့် တဲ့ကိစ္စပဲ။”

ထိုအ‌ပြောမှာ ကိုယ့်သားသမီးနှင့် သူစိမ်းသားသမီး ရန်ဖြစ်ကြရာတွင် ရန်ဖြစ်ရခြင်း၏ အ‌ကြောင်းရင်းမှန်ကို သိနား လည်ထား‌သော်လည်း အင်အားကြီး‌သော သူစိမ်းကို အပြစ်မတင်ရဲ၊ ရန်မ‌တွေ့ရဲ‌သော‌ကြောင့် မိမိသားသမီးနှင့် မိမိကိုယ်မိမိ ပြန်လည်အပြစ်ဖို့ ‌ပြောဆို‌သော မိခင်၏ အ‌ပြောအဆိုမျိုးသာ ဖြစ်‌လေသည်။

တကယ်‌တော့ နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် ‌ဖြေရှင်းရန် တိုင်းရင်းသားတို့က ကမ်းလှမ်းခဲ့သည်မှာ နှစ်ပရိ‌စ္ဆေဒ ကြာမြင့်ခဲ့ပြီဖြစ်သည်။ တိုင်းရင်းသားတို့အ‌နေဖြင့် မိမိတို့ ‌နေထိုင်ရာ ‌မြေကို ကိုယ့်‌မြေကိုယ်ယာ၊ ကိုယ်လုံခြုံရာ၊ ကိုယ့်သက်သာရာ၊ ချမ်းသာရာ‌မြေဟု မခံယူနိုင်ကြ၍ မဟုတ်။ တစထက်တစ ပိုမိုဆိုးဝါးလာ‌သော စစ်အုပ်စု၏ ကျူး‌ကျော်ဖိနှိပ် ပိတ်ပင်မှု‌ကြောင့်သာ တွန်းလှန်ရခြင်းဖြစ်၏။ တိုင်းရင်းသားတို့အ‌နေဖြင့် ‌သွေးဆာ‌နေသူများ မဟုတ်‌ကြောင်းကိုလည်း မိမိတို့ ဖမ်းဆီးထား‌သော ရန်သူဗိုလ်ကြီးတဦးကို သတ်မပစ်ဘဲ သ‌ဘော‌ပေါက်‌အောင် ရှင်းလင်း‌ပြောဆိုကာ ပြန်လွှတ်‌ပေးလိုက်‌သော ဒီ‌ကေဘီ‌အေ တပ်မှူးကြီး၏လုပ်ရပ်က သက်‌သေထူ‌နေ‌လေသည်။

စစ်အုပ်စုကို ‌စေ့စပ်‌ဆွေး‌နွေး‌ရေး စားပွဲဝိုင်းသို့ ဆွဲ‌ခေါ်နိုင်‌ရေးအတွက် ဒုတိယ ပင်လုံညီလာခံတွင် စစ်တပ်လည်း ပါဝင် နိုင်‌အောင် ‌ဒေါ်‌အောင်ဆန်းစုကြည် ကမ်းလှမ်းလိုက်ပြန်သည်။ အင်အားချိနဲ့သူ၏ ‌စေ့စပ်ကမ်းလှမ်းမှုကို မည်သူမဆို လျစ်လျူရှု မည်သာ ဖြစ်၏။ စစ်အုပ်စုကို ထိ‌ရောက်ပီပြင်စွာ မတွန်းလှန်နိုင်သ၍ ၎င်းတို့နှင့် ရင်‌ဘောင်တန်း ပခုံးချင်းယှဉ်ကာ ၎င်းတို့ကို ဒုက္ခ‌ပေးနိုင်သူများအဖြစ် ၎င်းတို့က မသတ်မှတ်နိုင်သ၍ ၎င်းတို့အား ‌စေ့စပ်ကမ်းလှမ်းမှုများမှာ ကျက်သ‌ရေမဲ့စွာ မျက်နှာ ‌အောက်ချ အ‌လျှော့‌ပေး ကမ်းလှမ်းမှုများသာ ဖြစ်‌နေ‌ပေလိမ့်မည်။ လူထု‌ခေါင်း‌ဆောင်၏ ကမ်းလှမ်းမှုသည် ကျားသနားမှ နွား ချမ်းသာရမည့် ကမ်းလှမ်းမှုမျိုး မဖြစ်‌စေဘဲ တည်ကြည်ခန့်ညားစွာ ခွင့်လွှတ်‌ကျေ‌အေးလို‌သော သ‌ဘောထားပြည့်ဝစွာ ကျက် သ‌ရေရှိစွာ ကမ်းလှမ်းမှုမျိုးသာ ဖြစ်သင့်‌ပေသည်။

(၄)
‌ကြောက်စိတ်၏ အဆုံးစွန်၌ ‌သေမထူး ‌နေမထူး ရမ်းကားလို‌သော စိတ်ထားနှင့် ‌သေ‌မြေကြီး ရှင်‌ရွှေထီး စွန့်စားလိုစိတ် တို့ ရှိ‌နေ၏။ ထိုစိတ်ထားတို့ကို အများအကျိုးအတွက် မှန်ကန်စွာ အသုံးချနိုင်ရမည် ဖြစ်၏။

လူထုသည် နှစ်ကာလကြာမြင့်စွာပင် အ‌ကြောက်တရား၏ လွှမ်းမိုးမှု‌အောက် တအုံ‌နွေး‌နွေးဖြင့် ဒူးနှင့် မျက်ရည်သုတ်ခဲ့ ကြရပြီး ဖြစ်၏။ လယ်‌တွေ သိမ်းခံရ၊ အိမ်‌တွေ ‌မြေ‌တွေ သိမ်းခံရ၊ အလုပ်‌တွေ ‌မောင်ပိုင်စီးခံရ၊ စစ်ကျွန်အဖြစ် လုပ်ကိုင်‌နေရ သည့်ဘဝကို ‌ရှောင်‌ပြေးကာ တိုင်းတပါးထွက် ကျွန်ခံလုပ်ကိုင်ရ၊ မိသားစုဝမ်း‌ရေးအတွက် ပြည့်တန်ဆာဖြစ်ကြရ၊ ချစ်တီး‌ခေတ် ကထက် ပို၍ဆိုးဝါးစွာ ပြည်တွင်း စစ်အုပ်စုဓနရှင်များ၏ လက်‌အောက် ‌ကြွေးတင်ကျွန်ဖြစ်ကြရဖြင့် လူလုံးမလှသည့် အ‌ခြေအ ‌နေဆိုးကို တ‌နေ့ထက်တ‌နေ့ တိုး၍ ရင်ဆိုင်‌နေရပြီ ဖြစ်သည်။

အကြမ်းမဖက် နှလုံးရည်တိုက်ပွဲသက်သက်ဖြင့် စစ်အုပ်စုလက်‌အောက်မှ မလွတ်‌မြောက်နိုင်‌ကြောင်း၊ စစ်အုပ်စုကို ‌စေ့ စပ်‌ဆွေး‌နွေး‌ရေး စားပွဲသို့ပင် မ‌ခေါ်‌ဆောင်နိုင်‌ကြောင်းကို ၁၉၈၈ အ‌ရေးအခင်းကြီးနှင့် ၂၀၀၇ ခုနှစ်၊ ‌ရွှေဝါ‌ရောင်‌တော်လှန်‌ရေး တို့က သက်‌သေပြလိုက်ကြပြီး ဖြစ်သည်။ ကတ္တီပါ‌တော်လှန်‌ရေးအဖြစ် အကြမ်းမဖက်နည်းသက်သက်ကို ‌ရှေ့ဆက်အသုံးပြုရန် သင့်မသင့် စဉ်းစားဆင်ခြင် ဆုံးဖြတ်ရန် လိုအပ်‌နေပြီ ဖြစ်သည်။ အကြမ်းမဖက် လက်နက်မဲ့ ‌တောင်းဆိုခြင်းဖြင့် ‌နောက်ထပ် ရာ နှင့် ‌ထောင်နှင့်ချီ‌သော ပြည်သူလူထု၏ အသက်‌သွေးများ မည်သည့်ကာလအထိ ဆက်လက်စွန့်လှူကြရဦးမည်နည်း။

စစ်အုပ်စုအား တန်းတူ‌စေ့စပ် ‌ဆွေး‌နွေးလာ‌အောင် မည်သို့လုပ်ရမည်နည်း။ တိုက်ပွဲ‌ဖော်ရမည် ဖြစ်၏။ ‌ဆွေး‌နွေးရာ တွင် တပိုင်းတစနှင့် တဘက်သတ် ရပ်ချင်တိုင်း ရပ်မရ‌စေရန် မည်သို့လုပ်မည်နည်း။ တိုက်ပွဲ‌တွေ ဆက်‌နေရမည် ဖြစ်၏။ လက် နက်အားကိုး ရမ်းကားသူအား နိုင်ငံ‌ရေးပြဿနာကို မှန်မှန်ကန်ကန် အ‌ဖြေရှာတတ်‌အောင် မည်သို့လုပ်မည်နည်း။ လက်နက် ကိုင်တိုက်ပွဲဖြင့်သာ လုပ်‌ဆောင်နိုင်မည် ဖြစ်၏။ စစ်အုပ်စုအား ရင်ဆိုင်တိုက်ခိုက် ဖြိုဖျက်ရှင်းလင်းခြင်းသည်သာလျှင် မိမိတို့ အသက်အိုးအိမ်များ ဆုံးပါးမည့်ရန်မှ ကာကွယ်လျက် ‌အောင်ပွဲကို ‌ဖော်‌ဆောင်နိုင်မည်ဖြစ်‌ကြောင်း လူထုကိုယ်တိုင် သိမြင်လာ ခဲ့ပြီ ဖြစ်သည်။

မ‌ကြောက်မရွံ့ တွန်းလှန်တတ်သူတို့အတွက် ‌အောင်ပွဲသည် လက်တကမ်းအကွာ၌ ‌စောင့်ကြို‌နေ‌ကြောင်းကို လမြတ် တန်‌ဆောင်တိုင်မှ တိုက်ပွဲများက သက်‌သေပြ‌နေ‌လေသည်။