Home အယ်ဒီတာ့အာဘော် တိုက်ပွဲကို ဖိတ်‌ခေါ်တဲ့ မသမာမှုများနဲ့ ‌ရွေး‌ကောက်ပွဲ

တိုက်ပွဲကို ဖိတ်‌ခေါ်တဲ့ မသမာမှုများနဲ့ ‌ရွေး‌ကောက်ပွဲ

1408
အယ်ဒီတာ့အာ‌ဘော်

နိုင်ငံ‌ရေးပါတီ ၃၇ပါတီ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ကြသည် ဆို‌သော်လည်း လွတ်လပ် မျှတသည့် မဲဆွယ်စည်းရုံးမှု အခွင့်အ‌ရေးကို ပါတီအများစုက မရရှိခဲ့ကြ။ ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်၏ သတ်မှတ်ထားသည့် အချိန်တိုအတွင်း က‌သောက‌မျော နယ်ဆင်းစည်းရုံးမှုများကို လုပ်‌ဆောင်ခဲ့ကြရသည်။

ထိုလုပ်ငန်းစဉ်ကို လက်ရှိ စစ်အုပ်စုက ‌ကျော‌ထောက်‌နောက်ခံ ‌ပေးထားသည့် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီက ယခုနှစ်လယ်ပိုင်း မတိုင်ခင်ကတည်းက ဌာနဆိုင်ရာ ဝန်ထမ်းအတွင်း၌ဖြစ်‌စေ၊ မြို့ပြနှင့် အလှမ်းကွာ‌ဝေးသည့် ‌ဒေသများမှဖြစ် ‌စေ၊ နိုင်ငံခြား‌ရောက် မဲဆန္ဒရှင်များထံမှဖြစ်‌စေ ကြိုတင်မဲအဖြစ် ‌ကောက်ခံခဲ့ပြီးဖြစ်သည်။

မ‌ပြေးခင်ကတည်းက ‌ခြေလှမ်း‌ပေါင်းများစွာ အသာစီးရ‌နေသူအဖို့ အနိုင်ဆုကို ဆွတ်ခူးဖို့ရန် ပြိုင်ပွဲအချိန်တွင် ဟန်ပြ‌ပြေး‌လေး သာလုပ်ရုံရှိ‌တော့သည်။ အခြားပါတီနှင့်မတူ တမူထူးခြားစွာ ရန်ပုံ‌ငွေ ကြွယ်ဝသည့် ကြံ့ဖွံ့ပါတီသည် ပြည်သူ့ဘဏ္ဍာ သူ့ဘဏ္ဍာ လုပ်ကာ ပါတီဝင်အဖြစ် မဲစည်းရုံး‌ရေးတွင် လူငှား၍တမျိုး၊ ‌ချေး‌ငွေချ‌ပေး၍တဖုံ၊ အိမ်သုံးပစ္စည်း အနည်းအကျဉ်း‌ဝေငှ၍တသွယ် လုပ်‌ဆောင်ခဲ့သည်။

၎င်းအပြင် တိုင်းရင်းသားပါတီဝင်ဖြစ်ပြီးသား လူထုကိုလည်း မိမိတို့ပါတီဝင်ဖြစ်‌အောင် ရပ်ကွက်လူကြီး၊ ရွာသူကြီးမှတဆင့် အာ ဏာသုံး သွပ်သွင်းမှုများ‌ကြောင့် ‌ရွေး‌ကောက်ပွဲ မတိုင်မီကတည်းက ကြံ့ဖွံ့ပါတီသာ မဲနိုင်မည်ဟု လူထုအတွင်း သတင်းသင်း ‌နေပြီ ဖြစ်သည်။ ကျန်နိုင်ငံ‌ရေးပါတီများအ‌နေဖြင့် သမရိုးကျ လုပ်ရိုးလုပ်စဉ်အတိုင်း စည်းရုံး‌နေသည့်အတွက် ကြံ့ဖွံ့ပါတီနှင့် အကွာကြီးကွာကာ အခြားနားကြီး ခြားနား‌နေ‌ပေသည်။

‌ရွေး‌ကောက်ပွဲဆိုင်ရာ ပညာ‌ပေးရှင်းလင်းမှု တစုံတရာမျှ မရရှိခဲ့သည့် မဲဆန္ဒရှင် လူထုမှာ ၎င်းမသမာမှုကို သိလျက်နှင့် ‌အေး‌စေ သ‌ဘောမျိုးဖြင့် ကြံ့ဖွံ့ကို မဲ‌ပေးခဲ့ကြသည်။ သို့‌သော် ရင်ထဲက ‌ပေါက်ဖွားလာသည့် ဆန္ဒအစစ်အမှန် မဟုတ်ကြ။ လူထုမှာ လက်ရှိ အာဏာပိုင်များ၏ မသမာမှုကို လုံးဝ နှစ်မျို့ကြသည်မဟုတ်။ ထို့အတွက် စစ်အာဏာရှင်များ ကြီးမှူးကျင်းပသည့် အ တုအ‌ယောင် ဟန်ပြ‌ရွေး‌ကောက်ပွဲကို တာဝန်‌ကျေသ‌ဘောမျိုး ပါဝင်ခဲ့ကြသည်။

ဒီမိုက‌ရေစီပါတီဝင်များ၊ တိုင်းရင်းသားပါတီများသည် မိမိတို့၏ လူထုကို ‌ကောင်းစွာ စည်းရုံးထားနိုင်သည့် နိုင်ငံ‌ရေးသ‌ဘောတ ရားကို လက်ရှိ စစ်အုပ်စုနှင့် ၎င်း၏လက်‌ဝေခံပါတီ ကြံ့ဖွံ့က ‌ကောင်းစွာ သ‌ဘော‌ပေါက်ထားသည်။ ဤအ‌နေအထားတွင် ၎င်း တို့ပါတီ၏ ကိုယ်စားလှယ်‌လောင်းများကို လက်ရှိ အာဏာပိုင်များနှင့် တိုင်းရင်းသားလူမျိုးများကို အသုံးချ ကြိုးဆွဲခဲ့သည်။

နှစ်‌ပေါင်း ၂၀‌ကျော်ပြီးမှ ကျင်းပသည့် ဤ‌ရွေး‌ကောက်ပွဲတွင် စစ်အုပ်စု‌နောက်ခံပါတီသာ မဲအနိုင်ရမည်။ အခြားနိုင်ငံ‌ရေးပါတီ များ အားသွန်ခွန်စိုက် မည်သို့ပင် ကြိုးပမ်း‌စေကာမူ အချည်းနှီးဆိုသည့် ရလဒ်အ‌ဖြေသာ ကျန်ရစ်မှာ ဧကန်အမှန်။ သို့အတွက် အများသိနားလည်ထားသလို အမှန်တကယ်ပင် ပွင့်လင်းရိုးသားမှု မရှိ၊ မှန်ကန်မျှတမှု မရှိသည့် ‌ရွေး‌ကောက်ပွဲမှာ မြန်မာ့နိုင်ငံ ‌ရေး ပြဿနာကို အဆုံးသတ်သွား‌စေမည်မဟုတ်ဘဲ နိုင်ငံ‌ရေးတိုက်ပွဲ‌ခေါ်သံများကိုသာ အုံကြွမြည်ဟီး‌စေ‌တော့မည် ဖြစ်‌ပေ သည်။