Home ထိပ်တန်းသတင်း ပ‌လောင်အမျိုးသမီးအဖွဲ့(PWO)၏ ဆယ်နှစ်ပြည့် အခမ်းအနားကျင်းပပြီးစီး

ပ‌လောင်အမျိုးသမီးအဖွဲ့(PWO)၏ ဆယ်နှစ်ပြည့် အခမ်းအနားကျင်းပပြီးစီး

1573
‌အောက်တိုဘာလ ၁၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ပ‌လောင်အမျိုးသမီး အစည်းအရုံး (PWO) ဖွဲ့စည်းတည်‌ထောင်ခြင်း ဆယ်နှစ်ပြည့် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် တ‌နေ ရာတွင် ယမန်‌နေ့က ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာပြည် ဒီမိုက‌ရေစီရရှိ‌ရေး၊ နိုင်ငံ‌ရေး ဆုံးဖြတ်ချက်ချသည့်‌နေရာတွင် အမျိုးသမီးများ ပါဝင်လာ‌စေရန်နှင့် ကျားမတန်းတူ‌ရေး တို့အတွက် စွမ်းစွမ်းတမံတိုက်ပွဲဝင်‌နေကြ‌သော ပ‌လောင်အမျိုးသမီးများအား ဂုဏ်ပြု‌သောအားဖြင့် ကျင်းပရခြင်းဖြစ်‌ကြောင်း PWO ၏ ဗဟို‌ကော်မတီဝင် လိုည်း‌နွေ‌နှောင်းက ယခုလို ‌ပြောသည်။

“ကျမတို့ ပ‌လောင်အမျိုးသမီးအဖွဲ့ အခုလို ၁ဝနှစ်ပြည့် အခမ်းအနားကို ကျင်းပနိုင်တာ အများကြီး ဂုဏ်ယူဝမ်း‌မြောက်ပါတယ်။ ‌နောက် ကျမတို့ အမျိုးသမီးအဖွဲ့ဝင်ထဲက အပါအဝင် အဖက်ဖက်မှ ကျမတို့ကို ကူညီပံ့ပိုး‌ပေးသည့် အဖွဲ့အစည်းများ‌တွေကို ‌ကျေးဇူးတင်ပါတယ်။ ‌ရှေ့ဆက်ပြီး ကျမတို့အဖွဲ့က လုပ်ငန်းနဲ့ ပတ်သက်ပြီး ဒီထက် ပိုမိုလုပ်‌ဆောင်နိုင်‌အောင် ကြိုးပမ်းသွား မယ်။”ဟု အခမ်းအနားတွင် ‌ပြောသွားခဲ့သည်။

PWO သည် တန်းတူညီမျှမှုနှင့် ငြိမ်းချမ်း၍ တရားမျှတ‌သော လူ့‌ဘောင်အဖွဲ့အစည်းသို့ ‌ရှေ့ရှု၍ ပ‌လောင်အမျိုးသမီးဘဝ အဆင့် အတန်း တိုးတက်မြင့်မား‌ရေးအတွက် ကြိုးပမ်း‌ဆောင်ရွက်‌နေသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ၎င်းရည်ရွယ်ချက်အတိုင်း ‌ရှေ့ဆက် လုပ်‌ဆောင်သွားမည်ဟုလည်း အ‌ထွေ‌ထွေအတွင်း‌ရေးမှူး လိုည်းမိုးခမ်းက ‌ပြောသည်။

သူမက “ကျမတို့က အထူးသဖြင့် ပ‌လောင်အမျိုးသမီး‌တွေ ပညာ‌ရေး တိုးတက်မြင့်မား‌ရေး၊ ကျားမ တန်းတူ‌ရေးနဲ့ လူ့အခွင့် အ‌ရေး စတာ‌တွေကို ကြိုးပမ်း‌ဆောင်ရွက်တာ‌ပေါ့‌နော်။ ‌နောက် ရှမ်းပြည်နယ် ပ‌လောင်‌ဒေသမှာ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံရ တဲ့ကိစ္စ‌တွေ၊ အမျိုးသမီး‌တွေ အကြမ်းဖက်ခံရတာ‌တွေ ကျမတို့ ကြိုးပမ်း‌ဖော်ထုတ်‌နေပါတယ်။ ‌ရှေ့ဆက်ပြီး‌တော့ ဒီလုပ်ငန်း‌တွေ ဒီထက်ပိုပြီး ထိ‌ရောက် ဆက်လက်တိုးချဲ့လုပ်သွားဖို့ ရှိပါတယ်။”ဟု ‌ပြောသည်။

(PWO)သည် ၎င်းတို့၏ ၁ဝနှစ်ပြည့်‌မြောက်‌နေ့တွင် ဆယ်နှစ်တာကာလအတွင်း ပ‌လောင်ပြည်သူများနှင့် လက်တွဲ၍ လုပ်ငန်း များကို အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ခဲ့‌ကြောင်း ‌ကြေညာချက်တ‌စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်‌ကြေညာထဲတွင် နအဖ စစ်အုပ်စု၏ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ပြီး စစ်အာဏာ ရှင်စနစ် သက်ဆိုးရှည်‌စေမည့် မည်သည့်လုပ်‌ဆောင်မှုမျိုးမဆို တိုက်ပွဲဝင် ‌တော်လှန်‌ရေးအင်အားစုအားလုံးနှင့်အတူ ဆုံးခန်း တိုင် လက်တွဲတိုက်ပွဲဝင်သွားမည်ဟု ‌ဖော်ပြထားသည်။

(PWO)၏ ၁ဝ နှစ်ပြည့်အခမ်းအနားသို့ ထိုင်းနိုင်ငံအ‌ခြေစိုက် ပ‌လောင်အမျိုးသမီး/အမျိုးသားများ၊ တိုင်းရင်းသား‌တော်လှန်‌ရေး အင်အားစုများနှင့် မြန်မာ့ဒီမိုက‌ရေစီအင်အားစုများမှ လူထုပရိဿတ် ၁၀၀‌ကျော် တက်‌ရောက်အား‌ပေးခဲ့ကြသည်။

အခမ်းအနားတွင် (PWO)၏ ဆယ်နှစ်တာ လှုပ်ရှားမှုဓါတ်ပုံပြခန်းများနှင့်အတူ ပ‌လောင်အမျိုးသမီးများက တက်‌ရောက်လာသူ များအား ဆယ်နှစ်ခရီးလှုပ်ရှားမှု WOMEN HELPING WOMEN စာအုပ်၊ ‌ရွှေဖီဦး ပ‌လောင်အမျိုးသမီးစာ‌စောင်၊ အဆိပ်သင့်ပန်း အစီရင်ခံစာအုပ်များ ဖြန့်‌ဝေကာ ပ‌လောင်ဘာသာဖြင့် (ပ‌လောင်အမျိုးသမီးများကို မြှင့်တင်ကြ)စာတန်းထိုးထားသည့် အဖြူ ‌ရောင် တီရှပ်အကျင်္ီ လက်‌ဆောင်‌ပေးခြင်းအပြင် ပ‌လောင်တိုင်းရင်းသားအကဖြင့်လည်း ‌ဖျော်‌ဖြေတင်ဆက်ခဲ့ကြသည်။

အဖွဲ့ဝင်အမျိုးသမီးဦး‌ရေ ၁၀ဝ ဝန်းကျင်ရှိပြီး ၂၀၀ဝခုနှစ်၊ ‌အောက်တိုဘာလ ၁၄ရက်‌နေ့က စတင် ဖွဲ့စည်းတည်‌ထောင်ခဲ့သည့် (PWO) သည် ၂၀၀၁ခုနှစ်ကတည်းက ‌ရွှေဖီဦး ပ‌လောင်အမျိုးသမီးစာ‌စောင်ကို ယခုအချိန်ထိ ထုတ်‌ဝေလာခဲ့သည်။ ထို့အပြင် ၂၀၀၆ခုနှစ်က အဆိပ်သင့်ပန်းနှင့် ၂၀၁ဝတွင် အဆိပ်သင့်‌တောင်တန်းများ အစီရင်ခံစာနှစ်အုပ်ကိုလည်း ထုတ်‌ဝေနိုင်ခဲ့သည်။