စက်တင်ဘာလ ၂၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
မြဝတီမြို့နယ် ရဲစခန်းတွင် သိမ်းဆည်းရပ်တန့်ထားသည့် လိုင်စင်မဲ့ကားများကို ယနေ့မနက်တွင် နေပြည်တော်သို့ ပို့ ဆောင်ရန်အတွက် သကင်္န်းညီနောင် အခြေစိုက် စကခ(၁၉) လက်အောက်ခံ တပ်ရင်းများက ကား ဆယ်စီးကျော်ဖြင့် လုံခြုံရေးယူကာ လိုက်ပါပို့ဆောင်သည်ဟု မြဝတီမြို့ခံတစ်ဦးက ကေအိုင်စီကို ပြောသည်။
စစ်တပ်နှင့် နီးစပ်သူတစ်ဦးက “ဒီနေ့မနက်မှာ ဟိုတနေ့က စစ်တပ်က ဖမ်းထားတဲ့ကားတွေကို နေပြည်တော်ကိုပို့တယ် လေ။ အဲဒီအတွက် စစ်တပ်က လက်နက်အပြည့်အစုံနဲ့ ရဲဘော်တွေအများကြီး မြို့ထဲမှာ သွားလာနေပြီး လမ်းမှာလည်း လုံခြုံရေးယူပေးပြီး ပြန်လိုက်ပို့ပေးတာ။ ကြည့်ရတာ ဖားအံအထိတော့ ပြန်လိုက်ပို့ရမယ် ထင်တယ်။”ဟု ဆိုသည်။
ယနေ့မနက် ၉နာရီဝန်းကျင်အချိန်က မြဝတီမြို့ထဲတွင် စစ်ကား၊ ဟိုင်းလက်ကားများဖြင့် စစ်ဝတ်စုံ၊ လက် နက်အပြည့်အစုံပါသည့် စစ်သားများကို တင်ဆောင်ကာ ရဲစခန်းအနီးတွင် ရှိနေခဲ့ပြီးနောက် မြို့တွင်းလှည့်ပတ် မောင်း နှင်နေသည့်အတွက် မြို့ခံလူထုမှာ အထိတ်တလန့် ဖြစ်ရကြောင်း ကုန်သည်အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။
“မနက်ပိုင်းက စစ်သားတွေ အတော်များများဟာ ကားပေါ်မှာ စက်လက် ၄-၅-၆လက်ကို ကားပေါ်မှာ ထောင်တင်ထား ပြီး သွားလာနေတော့ တခုခုဖြစ်တော့မလားဆိုပြီး ကျမတို့လည်း လန့်နေတာပေါ့။ အရင်က စစ်တပ်ဟာ တပ်ချိန်းတာ လောက်ပဲ သွားလာတာ။ အခုလို လက်နက်တွေ ပြောင်တင်ဆောင်ပြီး သွားတာ တခါမှ မတွေ့ဖူးဘူး။”ဟု ဆိုသည်။
မြဝတီမြို့ခံ အမျိုးသမီးတဦးကလည်း “သူတို့(နအဖ) ကားနဲ့ရောက်တဲ့အချိန်မှာ ဘင်ခရာပါမှုတ်တဲ့အတွက် ကျမတို့ တော်တော်လန့်သွားတယ်။ ဗိုလ်ကျော်သက်ကိစ္စပြီးတဲ့နောက် ညဖက်မှာ စစ်တပ်က လုံခြုံရေး လာချတာလောက်ပဲ ရှိ တယ်။ အခုက ဖိုးဝီးနဲ့ ဒိုင်နာကားတို့နဲ့ မြို့ထဲမှာ ဝင်လာတော့ ထူးဆန်းတာပေါ့။ ကားက ၁၄စီးလောက်ရှိမယ်။ လူရော၊ လက်နက်တွေရော ကားထဲမှာ အပြည့်အစုံပဲ။ တကယ့် အဂင်္လိပ်ဇာတ်ကားထဲက အတိုင်းပဲ။”ဟု ကေအိုင်စီကို ပြော သည်။
ပြီးခဲ့သည့် စက်တင်ဘာလ၂၁ရက်နေ့က မြဝတီမြို့ အမှတ်(၄)ရဲစခန်း၌ ဒီကေဘီအေ(၉၀၂)တပ်ရင်းနှင့် ရဲ၊ နအဖ စစ်တပ်ကြား ပစ်ခတ်မှုဖြစ်လုနီးပါးအထိ တင်းမာမှု ဖြစ်ပွားပြီးသည့်နောက် မြဝတီမြို့တွင် နေ့နေ့ညည လုံခြုံရေး တင်း ကြပ်လာခြင်းဖြစ်သည်ဟု သိရသည်။
နအဖ စစ်တပ်က မြဝတီမြို့တွင်းသို့ ယခုလို ကားများဖြင့် လာရောက်ခြင်းသည် အင်အားလာပြခြင်းနှင့် ၎င်းတို့ကို ခြိမ်း ခြောက်ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် မကြောက်လန့်ကြရန် ပြောလိုကြောင်း ဒီကေဘီအေ(၉၀၂)တပ်ရင်းမှ အရာခံ ဗိုလ်ဖြစ်သူ စောသာ့ခူးက ကေအိုင်စီကို ပြောသည်။
“ပြည်သူတွေ ဘာမှ စိုးရိမ်စရာမလိုပါဘူး။ အစိုးရက မလုပ်ရင် ကျနော်တို့ ဘယ်တော့မှ ပြန်မလုပ်ပါဘူး။ နောက် ဒီမနက် အင်အား(၇၀)ကျော်နဲ့ ကျနော်တို့ကို လာခြိမ်းခြောက်တယ်။ ဒီလိုလုပ်လည်း မကြောက်ပါဘူး။ မြို့ကနေ ထွက် ခွာခိုင်းလည်း မထွက်နိုင်ဘူး။ ကိုယ့်နေရာမှာ ကိုယ်ဆက်နေမယ်။ သူတို့က အရင်တိုက်လာရင်တော့ ကျနော်တို့က ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ပြန်တိုက်ရမှာပဲ။”ဟု သူက ပြောသည်။
ဆက်လက်၍ သူက နအဖ စစ်တပ်က ကားများဖြင့် အင်အား လာပြပြီးနောက် ၎င်းတို့လည်း ကား ၅စီး၊ လူအင်အား ၅ဝဦးကျော်ဖြင့် မြဝတီမြို့တွင် လှည့်လည်ကာ ပြန်လည်အင်အားပြခဲ့သည်ဟု သူက ဆက်ပြောသည်။
ထို့အပြင် မြဝတီမြို့ ဘုရင့်နောင်လမ်းမပေါ်ရှိ ရဲစခန်းတွင် သိမ်းဆည်းထားသည့် လိုင်စင်မဲ့ကားအစီး ၆ဝအနက် ၃၈စီး သည် ၎င်းတို့ ဒီကေဘီအေ(၉၀၂)တပ်ရင်းမှ ကားများဖြစ်ပြီး အဆိုပါကားများကို မကြာမီ လိုင်စင်လုပ်ရန်အတွက် ကား တန်းအဆင်းတွင် မောင်းနှင်သွားရင်း မြဝတီမြို့၊ ကုန်သွယ်ရေးဇုံအလွန် တံတားကျိုးဂိတ်တွင် စက်တင်ဘာလ ၁၈ရက် နေ့က စစ်တပ်မှ သိမ်းဆည်းသွားခဲ့ခြင်းဖြစ်သည်ဟု သူက ပြောသည်။
၎င်းက “ဒီကားတွေ လိုင်စင်လုပ်မယ်ဆိုတာ စီစဉ်ထားပြီးသား။ သူတို့က ညစ်ပတ်တာပါ။ စက်တင်ဘာလလယ် လောက်က မြဝတီ-ကော့ကရိတ် ကားတန်းအဆင်းမှာ ကျနော်တို့ကားကို မဖမ်းဖို့ ဗိုလ်ချုပ်ရဲမြင့်ကို ကျနော်တို့ အ ကြောင်းထားပြီးသား။ ဒါပေမဲ့ ကျနော်တို့ ဆင်းတော့ ကျနော်တို့ကားတွေကို သိမ်းတော့တာပဲ။ ဒီကားတွေဟာ ပြည်သူ တွေရဲ့ကားတွေပါ။”ဟု ရှင်းပြသည်။
စက်တင်ဘာလ ၂၁ရက်နေ့က သိမ်းဆည်ထားသည့် ၎င်းတို့၏ကားကို ပြန်ပေးရန် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ ရဲ စခန်း၌ သွားရောက်တောင်းယူရာမှ စစ်တပ်များပါ ရောက်ရှိလာကာ ပစ်ခတ်မှုဖြစ်လုနီးပါး တင်းမာသွားခဲ့သည်။ အခင်း ဖြစ်ပြီး နောက်နေ့တွင် ကား(၆)စီး ပြန်လည်မောင်းလာခဲ့သော်လည်း စက်တင်ဘာလ ၂၃ရက်နေ့တွင် ဒုရဲအုပ်စိုးနိုင်ဝင်း မှ ၎င်းတို့အား အမှုဖွင့်ထားပြီး ရဲအုပ်စခန်းမှူးအောင်မျိုးလွင်က စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း ဒီကေဘီအေ (၉၀၂)တပ်ရင်းက ပြောသည်။
ထိုအမှုနှင့် ပတ်သက်၍ ဒုဗိုလ်မှူးကြီး စောကျော်သက် ဦးဆောင်သည့် (၉၀၂)တပ်ရင်းက အသိမ်းခံရသည့် မိမိတို့၏ ကားများကို ပြန်ပေးရန် နေပြည်တော်သို့ အသနားခံစာ တင်ထားသည်ဟုလည်း သိရသည်။ ၎င်းတပ်ဖွဲ့သည် နယ်ခြား စောင့်တပ်ကို လက်မခံသည့် ဒီကေဘီအေ တပ်မဟာ(၅)၏ လက်အောက်ခံတပ်ရင်း ဖြစ်သည်။
မြဝတီခရိုင်၊ သဃင်္န်းညီနောင်တွင် စကခ (၁၉)လက်အောက်ခံ ခမရ(၅၄၅)၊ (၅၄၆)၊ (၅၄၇) တပ်ရင်းများ အခြေစိုက် လျှက်ရှိကြောင်း သိရသည်။