Home ဆောင်းပါး အ‌မေ‌ကျော်‌ဒွေး‌တော် အလွမ်းသင့်သွားသူများနဲ့ သမိုင်းက ‌ပေးတဲ့ သင်ခန်းစာ

အ‌မေ‌ကျော်‌ဒွေး‌တော် အလွမ်းသင့်သွားသူများနဲ့ သမိုင်းက ‌ပေးတဲ့ သင်ခန်းစာ

1712
အဲ‌ခေါင်‌သောင့်

နိုဝင်ဘာလမှာ ကျင်းပမယ့် နအဖရဲ့ ‌ရွေး‌ကောက်ပွဲအမှီ နအဖစစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားအဖွဲ့‌တွေ နယ် ခြား‌စောင့်တပ် အသွင်‌ပြောင်းဖို့ အပြီးသတ် ဖိအား‌ပေးတဲ့ အချိန်မှာ တိုင်းရင်းသား‌တွေ အဖွဲ့‌တွေဆီက ပြတ်သားတဲ့ တုန့်ပြန်မှု ‌တွေ အမျိုးမျိုး ထွက်‌ပေါ်လာတာကို ကြားလိုက်ရပါတယ်။ တချို့အဖွဲ့‌တွေက လက်မခံဘဲ ငြင်းဆန်ခဲ့ကြပြီး စစ်‌ရေးအရ ‌ဖြေရှင်း လာခဲ့ရင် ခုခံဖို့ စစ်‌ရေးပြင်ဆင်မှု‌တွေ လုပ်လာသလို တချို့အဖွဲ့‌တွေ‌တော့ လွယ်လွယ်ကူကူနဲ့ လက်ခံအသွင်‌ပြောင်းသွားတာကို ‌တွေ့ရပါတယ်။ ‌ကေအဲန်ယူက‌နေ ခွဲထွက်ပြီး နအဖနဲ့ အပစ်ရပ်သွားတဲ့ ကရင်အဖွဲ့‌တွေထဲမှာလည်း လက်ခံသူ‌တွေ‌ရော လက်မ ခံတဲ့သူ‌တွေပါ ရှိ‌နေတာကို ‌တွေ့ရပါတယ်။ အပစ်ရပ်ထားတဲ့ ကရင်အဖွဲ့‌တွေထဲက အကြီးမားဆုံး အဖွဲ့တခုဖြစ်တဲ့ ဒီ‌ကေဘီ‌အေ ရဲ့ ထိပ်တန်း‌ခေါင်း‌ဆောင်တချို့နဲ့ တပ်ဖွဲ့ဝင်အများအပြား နအဖရဲ့ နယ်ခြား‌စောင့်တပ်အသွင်‌ပြောင်းမှုကို လက်ခံသွားခဲ့‌သော် လည်း ဗိုလ်နှုတ်ခမ်း‌မွေး ဦး‌ဆောင်တဲ့ တပ်မဟာ ၅က‌တော့ အသွင်‌ပြောင်းတာကို ယ‌နေ့ချိန်ထိ လက်မခံဘဲ ငြင်းဆန်‌နေလျှက် ရှိပါတယ်။

တကယ်‌တော့ ကရင်ထုတရပ်လုံးက ဒီ‌ကေဘီ‌အေကို အမျိုးသား‌ရေးအတွက် လမ်း‌ကြောင်းမှန်ကို ပြန်လည်‌လျှောက် လှမ်းနိုင်ဖို့ ‌မျှော်လင့်တကြီး ရှိခဲ့ကြပါတယ်။ နဝတ/နအဖနဲ့ အပစ်ရပ် သွားပြီးတဲ့‌နောက်ပိုင်း သူတို့‌တွေရဲ့ အလိုကျ မိုက်မဲခဲ့မှု ‌တွေ‌ကြောင့် ကရင်ထုတစ်ရပ်လုံးက ‌အော့နှလုံးနာ မုန်းတီးမှုကို ခံ‌နေရလင့်ကစား ညီအစ်ကိုချင်းပီပီ ခွင့်လွှတ်‌ပေးနိုင်တဲ့စိတ်၊ နားလည်သည်းခံ‌ပေးနိုင်တဲ့စိတ်‌တွေ ရှိ‌နေ‌သေးတယ်ဆိုတာ ဗိုလ်နှုတ်ခမ်း‌မွေးရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက် ထွက်‌ပေါ်လာအပြီး ကရင်ထုတစ်ရပ်လုံးရဲ့ တုန့်ပြန်မှု‌တွေက သက်‌သေပြလျှက်ရှိပါတယ်။

မတူညီမှု‌တွေကို အ‌ခြေခံပြီး ဖြစ်‌ပေါ်လာခဲ့တဲ့ အားနည်းချက်‌တွေကို အချိန်မှီ ပြုပြင် မ‌ပြောင်းလဲနိုင်ခဲ့တာ‌ကြောင့် အိမ် ‌ပေါ်က‌နေ ဆင်းသွားခဲ့ပြီး ‌ပေါ်‌ပေါက်လာခဲ့တဲ့ ဒီ‌ကေဘီ‌အေအဖွဲ့ဟာ အချိန်တန် အိမ်ပြန်လာရမှာဖြစ်‌သော်လည်း အပြင်‌လော ကမှာ‌နေပြီး သူစိမ်း‌တွေရဲ့ အခွင့်အ‌ရေး‌တွေ‌ပေး ‌မြောက်ထိုးပင့်‌ကော်မှု‌တွေ‌ကြောင့် အိမ်ကိုပြန်မလာနိုင်‌တော့တဲ့အပြင် ကိုယ့်ကို ပြုစုပျိုး‌ထောင်‌ပေးခဲ့တဲ့ အိမ်က မိဘများကိုပင် သားဆိုးသမီးဆိုးများပီပီ ရန်မူလာရတဲ့ အဆင့်အထိ ‌ရောက်လာခဲ့ရပါတယ်။ ဘယ်အဖွဲ့အစည်းမဆို အားနည်းချက်ကိုယ်စီ ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ‌ကေအဲန်ယူက‌နေ ခွဲထွက်ပြီး ဒီ‌ကေဘီ‌အေ ‌ပေါ်‌ပေါက်လာခဲ့ရ‌သော်လည်း ကရင်အမျိုးသား အလံ‌တော်‌အောက်မှာ ရှိ‌နေကာ ကရင်အမည်ခံ အဖွဲ့တခုဖြစ်ခဲ့တာ‌ကြောင့် အဆိုးထဲက အ‌ကောင်းတခုလို့လည်း ‌ပြောလို့ရနိုင်ပါ‌သေးတယ်။ ကရင်ချင်း ကရင်ချင်း ပြန်လည်တိုက်ခိုက်၊ ကရင်ပြည်သူ အများအပြား ဒုက္ခပင်လယ်‌ဝေ‌နေရတဲ့ ဒီ‌ကေဘီ‌အေ ‌ပေါ်‌ပေါက်လာအပြီး ဖြစ်‌ပေါ်လာခဲ့ရတဲ့ ‌ကြေကွဲဖွယ်ရာ အရာ‌တွေရဲ့ တဖက်မှာလည်း အမျိုးသား စာ‌ပေ၊ ယဉ်‌ကျေးမှု၊ အနူပညာ‌တွေကို အတိုင်းအတာတခုထိ ‌ဖော်‌ဆောင်နိုင်မှု‌တွေနဲ့ အမျိုးသား အလံ‌တော်ကို တိုင်ထိပ်မြင့်မြင့်မှာ လွှင့်တင်နိုင်ခဲ့တာ‌တွေ‌ကြောင့် အဆိုး‌တွေ အများအပြားထဲက လက်ညိုးထိုးနိုင်စရာ အ‌ကောင်း‌လေး‌တွေလို့ ဆိုလို့ရနိုင်ပါတယ်။

အဆိုးနဲ့ အ‌ကောင်း ဘယ်ဟာပိုများ၊ ဘယ်ဟာ ပိုနည်း‌နေလဲဆိုတာကို‌တော့ ‌ပေတံနဲ့တိုင်းထွာ ချိန်ခွင်နဲ့ ချိန်ဆလို့ မရ နိုင်‌သော်လည်း အဆိုးဘက်လုပ်ခဲ့တာကို‌တော့ အဆိုးပဲ သမိုင်းမှာ တွင်ကျန်‌နေမှာဖြစ်သလို အ‌ကောင်းဘက်လုပ်ခဲ့ရင်‌တော့ အ‌ကောင်းပဲ သမိုင်းထဲမှာ တွင်ကျန်ရစ်သွားမှာ ဖြစ်ပါတယ်။ ဒါ‌ပေမယ့်လည်း ယ‌နေ့ နအဖရဲ့ နယ်ခြား‌စောင့်တပ်ကို လက်ခံ လိုက်ပြီးတဲ့ အချိန်မှာ‌တော့ တမျိုးသားလုံး အထွတ်အမြတ်ထားတဲ့ အမျိုးသားအလံကိုပင် အသုံးပြုခွင့်မရ‌တော့ဘဲ နအဖရဲ့ လက်‌အောက်ခံ တပ်တခုသာသာ ဖြစ်ခဲ့ရတာက‌တော့ ကရင်ထုတစ်ရပ်လုံး လိုလားတဲ့အရာတခု မဟုတ်သလို လက်ခံလို့ရနိုင် မယ့်အရာတခုလည်း မဟုတ်ပါဘူး။ ဒါ‌တွေအားလုံးရဲ့ သမိုင်းတရားခံ‌တွေက‌တော့ ‌ခေါင်း‌ဆောင်လုပ်တဲ့သူ‌တွေမှာသာ ဖြစ်ပါ တယ်။ စည်းစိမ်ဥစ္စာ‌တွေ တသက်စာ စားမကုန် ‌သောက်မကုန်နိုင်‌တော့ဘဲ ‌လောဘရမက်‌တွေတက်ပြီး ဘယ်သူ‌သေ‌သေ င‌တေမာရင်ပြီး‌ရော ဆိုသလို မိမိရဲ့ အကျိုးစီးပွားအတွက်နဲ့ လက်‌အောက်ငယ်သား‌တွေကို နအဖရဲ့ လက်‌အောက်ထဲ သွတ် သွင်းလိုက်တာက‌တော့ ရာဇဝင် ရိုင်းလွန်းလှပါ‌ပေတယ်။
သူတို့‌တွေအားလုံး ကိုယ့်အမျိုးသားကို မချစ်ကြတာ‌တော့ မဟုတ်နိုင် ပါဘူး။ လူတိုင်းလူတိုင်း အနည်းနဲ့ အများ ကိုယ့်အမျိုးသားကို ကိုယ်ချစ်တဲ့စိတ်‌တော့ ရှိကြပါတယ်။ ဒါ‌ပေမယ့်လည်း အမျိုးကို အရမ်းချစ်ကြပါတယ်ဆိုတဲ့ ကရင်‌တွေ အချို့ဟာ မျိုးချစ်မျက်ကန်း‌တွေလို ဖြစ်လာကြပြီး ‌နောက်ဆုံး‌တော့ ရန်သူရဲ့ လှည့်ကွက် ကို ခံနိုင်ရည်မရှိခဲ့ကြပါဘူး။ စည်းစိမ်ဥစ္စာ ပိုင်ဆိုင်မှု‌တွေ‌ကြောင့်လည်း အမျိုးသား‌ရေးဟာ သူတို့အတွက် အ‌ရေးကြီးတဲ့အရာ မဖြစ်‌တော့ပါဘူး။ တလွဲဆံပင်‌ကောင်းစွာပဲ ရန်သူခိုင်းတဲ့အလုပ်ကို ဆက်လုပ်ပြီး သူတို့အကျိုးစီးပွားကို ဆက် ကာကွယ်အုံးမှာ က‌တော့ ‌မေးစရာ‌တောင် လို‌တော့မယ် မထင်ပါဘူး။

နွားကွဲရင် ကျားဆွဲမယ် ဆိုတဲ့ ‌ရှေးလူကြီး‌တွေရဲ့ စကားပုံတခုရှိခဲ့ပါတယ်။ ကရင်အမျိုးသား‌တွေ စည်းလုံးညီညွှတ်မှု ‌တွေ အားနည်းခဲ့တာ‌ကြောင့် အကွဲကွဲ အပြားပြား ဖြစ်ခဲ့ကြရပြီး အချို့က အမျိုးသား‌ရေးပန်းတိုင်ကို လမ်းမှန်မှန်နဲ့ ဆက်လက် ‌လျှောက်လှမ်းနိုင်ခဲ့ကြ‌သော်လည်း အချို့က‌တော့ လမ်း‌ကြောင်း‌တွေ‌ပြောင်းကာ တပါးသူရဲ့ အရိပ်အာဝါသ‌အောက်မှာ ‌ရောက် ရှိခိုလှုံသွားခဲ့ရပါတယ်။ ကရင်‌တွေ ကွဲသွားခဲ့ရတာ ရန်သူ‌တွေရဲ့ သပ်လျှိုထိုးခွဲမှုဆိုတဲ့ လက်နက်တခုနဲ့ ထိုးခွဲတယ်လို့ ဆိုလို့ရ ‌သော်လည်း တဖက်မှာ ပြန်ကြည့်ရင်‌တော့ ကိုယ့်အ‌ပေါ်မှာလည်း အများကြီး မူတည်တာကို ‌တွေ့ရပါတယ်။ ရန်သူဟာ ရန်သူ အလုပ်ကို တစိုက်မတ်မတ် လုပ်‌နေမှာ ဖြစ်သလို သူ့ကို အားပြိုင်အာခံ‌နေသူမှန်သမျှကို အားအင်ချိနဲ့‌စေပြီး ပြိုကွဲပျက်စီးသွား ‌အောင် လုပ်‌နေမှာ‌တော့ သူ့အလုပ် သူ့တာဝန်တခု ဖြစ်ပါတယ်။ ကိုယ်ကသာ ခိုင်ခိုင်မာမာရှိမယ်ဆိုရင် ဘယ်ရန်သူရဲ့ သပ်လျှို ထိုးခွဲမှုကို ခံရမှာ မဟုတ်ပါဘူး။ ကိုယ့်မှာ အက်‌ကြောင်းရှိ‌နေလို့သာ ရန်သူက လွယ်လွယ်ကူကူနဲ့ သပ်လျှိုထိုးခွဲနိုင်ခဲ့တာပါ။ ဝါး ကွဲမှသာလျှင် ဝါးထဲကို ‌ရေဝင်နိုင်သလို ဝါးအကွဲမရှိဘဲ ‌ရေဘယ်လိုမှ ဝါးထဲကို မဝင်နိုင်ပါဘူး။ ဒါ‌တွေကို ‌ပြော‌နေဆို‌နေရတာက လည်း သင်ခန်းစာ‌တွေ ယူတတ်နိုင်ဖို့နဲ့ အ‌ဖြေမှန်တခုကို ရရှိနိုင်ဖို့သာ ရည်ရွယ် ‌ပြောဆို‌ရေးသား‌နေရတာ ဖြစ်ပါတယ်။ ‌ချေး‌ခြောက်‌ရေနူး‌နေတာလည်း မဟုတ်ပါဘူး။ အတိတ်သမိုင်း‌တွေက ယ‌နေ့အချိန်အတွက် သင်ခန်းစာ‌ကောင်း‌တွေ အများကြီး ရနိုင်သလို အတိတ်‌ဟောင်းတုန်းကလို အက်‌ကြောင်း‌တွေဖြစ်မလာနိုင်‌အောင်လည်း အရင် သင်ခန်းစာ‌ကောင်း‌တွေက‌နေ ကြို တင်ဖာ‌ထေး ပြင်ဆင်‌ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့ပြင် ဖြစ်ပျက်ခဲ့တဲ့ ကရင်အချင်းချင်း ကွဲခဲ့ကြရတာ‌တွေကို ပုဂ္ဂိုလ်တဦးတ‌ယောက် လူအစုအဖွဲ့တခုကို လက်ညိုးထိုး အပြစ်ပုံချတာထက် အပြုသ‌ဘော‌ဆောင်ပြီး အမှန်ကို အမှန်တိုင်း တံခါးဖွင့်ပြီး အ‌ဖြေရှာတာက ပိုပြီး အကျိုးရှိပါတယ်။ ကိုယ့် မှာရှိတဲ့ အားနည်းချက်‌တွေကိုလည်း မှန်မှန်ကန်ကန် ‌ဝေဖန်‌ထောက်ပြခြင်းဖြင့် ဆက်ဖြစ်‌ပေါ်လာနိုင်မယ့် အမျိုးသားထုအတွင်း အက်‌ကြောင်း‌တွေကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အမှားကို မှားမှန်းသိလျှက်နဲ့ မ‌ဝေဖန်မ‌ထောက်ပြရင် အဆိပ်ပင် ‌ရေ‌လောင်းသလိုမျိုး ဖြစ်သွားနိုင်ပါတယ်။ အများနဲ့ စုဖွဲ့ထားတဲ့ ဘယ်အဖွဲ့အစည်းမဆို အားနည်းချက်ကိုယ်စီ ရှိနိုင်ပါတယ်။ အားနည်းချက်ရှိ‌နေတဲ့ အဖွဲ့အစည်းတခုကို အမြဲတမ်း အားနည်းချက်‌တွေ ရှိ‌နေနိုင်တယ်လို့ တရား‌သေ ယူဆလို့မရသလို လွယ်လွယ်နဲ့ ‌ပျောက်သွားနိုင်ပါတယ် ဆိုတာကိုလည်း တထစ်ချ ယုံကြည်လိုက်လို့လည်း မရလို့ပါဘူး။ ကိုယ့်အမျိုးသား‌တွေကို တိုးတက်‌စေချင် စည်းလုံး‌စေချင်ရင် စည်းလုံးမှုကို ခိုင်မြဲ‌စေမယ့် လုပ်ရပ်များကို ခုချိန်က‌နေစပြီး ကရင်လူမျိုး တဦးစီတိုင်းမှာ ကျင့်ကြံဖို့ လိုအပ်ပါပြီး။ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ ‌နေရာ‌ဒေသ၊ စာ‌ပေစတဲ့ ကွဲပြားမှု‌တွေကို အ‌ခြေခံပြီး ခွဲခြားကြတာထက် ကရင်ဆိုတဲ့ အမျိုးသားတခုကိုပဲ မြင်တတ်ဖို့ အရမ်း လိုအပ်‌နေပါတယ်။

သမိုင်းတ‌လျှောက်လုံးမှာ ကရင်‌တွေ ကွဲပြားခဲ့တာ‌တွေကိုပဲ မြင်ခဲ့ကြရ‌သော်လည်း ပြန်လည်‌ပေါင်းစည်းနိုင်တဲ့အရာ ‌တွေက‌တော့ ရှာမှရှားတဲ့ အရာတခုဖြစ်တာကို ‌တွေ့ရပါတယ်။ နှစ်အ‌တော်ကြာ အတူတူ တိုက်လာခဲ့ကြပြီးမှ ဘာသာ‌ရေးကို အ ‌ခြေခံပြီး နအဖရဲ့ အသုံး‌တော်ခံ ဖြစ်သွားခဲ့တဲ့ ဒီ‌ကေဘီ‌အေရဲ့ ၁၅နှစ် သက်တမ်းအတွင်းမှာလည်း မိခင်အဖွဲ့အစည်းနဲ့ ပြန်လည် ‌ပေါင်းစည်းမယ့် အရိပ်အ‌ရောင်‌လေးပင် မ‌တွေ့ခဲ့ရတာဟာ နအဖပဲ ‌တော်လွန်းလို့လား ကိုယ်ကပဲ ညံ့လို့လားဆိုတာ‌တော့ ‌ခေါင်းရှိသူတိုင်း စဉ်းစားဆုံးဖြတ်‌ပေးနိုင်မယ့် အရာတခု ဖြစ်ပါတယ်။ အနှစ်နှစ်အလလ အ‌သေအလဲ တိုက်ခိုက်ခဲ့ကြတဲ့ ရန်သူ တ‌ယောက်ကိုပင် မိတ်‌ဆွေဖြစ်‌အောင် နအဖက လုပ်နိုင်ခဲ့တာပဲ ကိုယ့်အမျိုးသားအချင်းချင်းက ဘာလို့ တဖန်ပြန်ပြီး ‌ပေါင်း စည်းနိုင်‌အောင် ပြန်မလုပ်နိုင်ခဲ့ရတာပါလဲ။ ပြန်လည်ဆန်းစစ်ကြဖို့ လိုပါပြီ။ ဒါ‌တွေကို လုပ်‌ဆောင်ဖို့က တဦး‌ကောင်းတ ‌ယောက်‌ကောင်းနဲ့ လုပ်လို့လည်း မရပါဘူး။ ကရင်အမျိုးသားတဦးတ‌ယောက်စီတိုင်းမှာ တာဝန်ရှိပါတယ်။

အနာရှိရင် ‌ဆေးရှိရပါမယ်။ အဆိုပါအနာအတွက် ‌ဆေးကို အချိန်မှီ ရှာနိုင်ရန်လည်း အလွန်ပဲ အ‌ရေးကြီးလှပါတယ်။ သို့မဟုတ်ပါက အနာဟာ ခန္ဓာကိုယ်တွင်း ‌နေရာ‌တော်‌တော်များများမှာ စိမ့်ဝင်လှိုက်စားလာပြီး အနာနဲ့‌ဆေး မတိုးနိုင်‌တော့မှာ ကို ‌ရောက်လာနိုင်ကာ စိုးရိမ်ရမယ့် အ‌ခြေအ‌နေကို ‌ရောက်ရှိလာနိုင်ပါတယ်။ ယ‌နေ့ကရင်အမျိုးသား‌တွေ ခံစား‌နေရတဲ့ အနာ ဟာလည်း အချိန်မှီ ကုလို့ရနိုင်တဲ့ အနာတခုဖြစ်တာ‌ကြောင့် ဒီအနာအတွက် တိုးနိုင်မယ့်‌ဆေးကို ရှာ‌ဖွေရန်မှာ ကရင်တမျိုးသား လုံးရဲ့ သမိုင်း‌ပေးတာဝန်တရပ် ဖြစ်လာပါတယ်။ ‌ဆေးရရှိနိုင်ဖို့ ရှာ‌ဖွေရာမှာလည်း အနာဖြစ်လာရတဲ့ အရင်းအမြစ်ကို သိရှိနိုင်ဖို့ လည်း လိုအပ်တာ‌ကြောင့် ‌သေ‌သေချာချာ ရှာ‌ဖွေ‌လေ့လာပြီးမှသာလျှင် အနာ‌ပျောက်နိုင်မယ့် ‌ဆေး‌ကောင်းတခွက်ကို ရရှိလာ နိုင်မှာ ဖြစ်ပါတယ်။ ဒါ‌ကြောင့် ကရင်တမျိုးသားလုံးအ‌နေဖြင့် ကွဲပြား‌နေတဲ့ ‌နောက်ခံအ‌ကြောင်းအရင်း‌တွေဖြစ်တဲ့ ကိုးကွယ်ယုံ ကြည်မှု၊ စာ‌ပေ၊ ဘာသာစကား၊ ‌နေရာ‌ဒေသ၊ ပုဂ္ဂိုလ်‌ရေး စတဲ့ အစွဲ‌တွေကို ‌ဘေးမှာ ခဏတာချထားပြီး တမျိုးသားလုံး ခံစား‌နေ ရတဲ့အနာကို ညီညီညွှတ်ညွှတ် စု‌ပေါင်းရှာ‌ဖွေ ကုသကြမယ်ဆိုရင်ဖြင့် မ‌ဝေး‌သော လက်တကမ်းမှာ ကရင်တမျိုးသားလုံး လိုလား‌တောင့်တ‌နေတဲ့ စည်းလုံးညီညွှတ်မှုကို ရရှိမယ်လို့ ယုံကြည်မိပါ‌ကြောင်း တင်ပြလိုက်ရပါတယ်။