Home ထိပ်တန်းသတင်း ဒုက္ခသည်စခန်းများတွင် နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့ကျင်းပ

ဒုက္ခသည်စခန်းများတွင် နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့ကျင်းပ

959
စက်တင်ဘာလ ၂၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ယ‌နေ့ကျ‌ရောက်‌သော နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့ကို ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်ရှိ ကရင်ဒုက္ခသည်များတွင် ယ‌နေ့ မနက်တွင် အသီးသီး ပြုလုပ်ကျင်းပကြရာ၌ မယ်လစခန်းတွင် လူ‌ပေါင်း တစ်‌ထောင်နီးပါး တက်‌ရောက်ခဲ့သည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများဖြစ်သည့် မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ အုန်းဖျန်၊ နို့ဖိုး၊ ဘမ့်ဒိုယန်းနှင့် ထမ်း ဟင်စခန်းများအပြင် အလားတူ ကရင်နီစခန်းများ၌လည်း နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့ကို ကျင်းပခဲ့သည်ဟု သိရသည်။

မယ်လဒုက္ခသည်စခန်း ဥက္ကဌ ‌စောထွန်းထွန်းက နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့သည် ကမ္ဘာ‌ပေါ်ရှိ လူသားအားလုံးနှင့် သက်ဆိုင် သည့်အတွက် ဒုက္ခသည်စခန်းတွင် အထိမ်းအမှတ်အ‌နေဖြင့် ယခုလို ကျင်းပရခြင်းဖြစ်သည်ဟု ‌ကေအိုင်စီကို ‌ပြောသည်။

“တကယ်လို့ ကျ‌နော်တို့နိုင်ငံ ငြိမ်းချမ်းသွားမယ်ဆိုရင် ဒီလိုငြိမ်းချမ်း‌ရေး‌နေ့မျိုးကို ‌ပျော်‌ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကြီးကြီး ကျယ်ကျယ် လုပ်ချင်တာ‌ပေါ့။ ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော်တို့ဘဝမှာ ငြိမ်းချမ်း‌ရေးဆိုတာ မရှိ‌သေးဘူး။ အခု ကျ‌နော်တို့နိုင်ငံ မငြိမ်းချမ်း‌သေးတဲ့အတွက် ဒီလိုပဲ သူများနိုင်ငံမှာ တတ်နိုင်သ‌လောက် လုပ်လိုက်ရတာ‌ပေါ့။ မယ်လစခန်းမှာ‌တော့ ဒီလို အခမ်း အနားနဲ့ လုပ်ဖြစ်တာက‌တော့ ဒါ ပထမဆုံးအကြိမ်‌ပေါ့‌နော်။”ဟု သူက ‌ပြောသည်။

မယ်လစခန်းတွင် ပြုလုပ်သည့် နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့ အခမ်းအနားသို့ စခန်းတွင်းရှိ ‌ကျောင်းသူ‌ကျောင်းသားများ အပါ အဝင် ဒုက္ခသည် စုစု‌ပေါင်း ၁,၀၀၀‌ကျော် တက်‌ရောက်ခဲ့ပြီး စခန်းတာဝန်ရှိလူကြီးများက ငြိမ်းချမ်း‌ရေး‌နေ့အ‌ကြောင်းကို ‌ဟော ‌ပြော‌ပေးခြင်း၊ ဖ‌ယောင်းတိုင်မီးထွန်း ဆု‌တောင်းခြင်း၊ သီချင်းဆိုပြိုင်ပွဲနှင့် က‌လေး အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြသည်။

အထက်တန်းလွန်‌ကျောင်းသူ ‌နော်မူးကယူရှီးကလည်း “အခမ်းအနားကို တက်ရတာ ကျမအတွက် ဒုက္ခသည်မှာဆို ပထမဆုံး အကြိမ်ပါ။ အရမ်းကို ‌ပျော်ပါတယ်။ ‌နောက် ဒီအခမ်းအနားမှာ တက်လာတဲ့သူ‌တွေဆိုရင် အများအားဖြင့် လူငယ်‌တွေပဲ ‌တွေ့ရ တယ်ဆို‌တော့ အရမ်းကို အားရပါတယ်။ ဒီလို ငြိမ်းချမ်း‌ရေး‌နေ့မျိုးကို ကိုယ့်မြန်မာနိုင်ငံမှာ ကျင်းပခွင့်ရရင် ‌ကောင်းမှာပဲလို့ ခံစား မိတယ်။”ဟု ‌ပြောသည်။

အလားတူူ အုန်းဖျန်ဒုက္ခသည်စခန်း၌လည်း အဆိုပါ‌နေ့အတွက် အထိမ်းအမှတ်ပြုလုပ်ခဲ့ပြီး လူထုပရိဿတ် ၂၀၀‌ကျော် တက် ‌ရောက်ခဲ့‌ကြောင်း အုန်းဖျန်စခန်းမှ လူမှု‌ရေးတာဝန်ခံ ‌စောထူးကလယ်က ‌ပြောသည်။

“ကျ‌နော်တို့ ဒီမှာ လုပ်တာ‌တော့ ပရိဿတ် ၂၀၀‌ကျော်‌လောက် တက်‌ရောက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်း‌နေ့ကို အသိအ မှတ်ပြုတဲ့အ‌နေနဲ့ အခု အထိမ်းအမှတ် အခမ်းအနားကို ကျင်းပလိုက်တာပါ။”ဟု ရှင်းပြသည်။

မယ်ရာမို၊ နို့ဖိုးစခန်းများတွင် ကျင်းပသည့် နိုင်ငံတကာငြိမ်းချမ်း‌ရေး‌နေ့ အခမ်းအနား၌လည်း ရာနှင့်ချီသည့် ဒုက္ခသည်များ ပရိ ဿတ်များ တက်‌ရောက်ခဲ့ကြပြီး ငြိမ်းချမ်း‌ရေးနှင့် ပတ်သက်သည့် အ‌ကြောင်းအရာ ‌ဟော‌ပြောပွဲများ ပြုလုပ်ခဲ့ကြသည်ဟု စခန်းတွင်း ‌နေထိုင်သူများ၏ ‌ပြောပြချက်အရ သိရသည်။ ယ‌နေ့ပြုလုပ်ကျင်းပသည့် နိုင်ငံတကာငြိမ်းချမ်း‌ရေး‌နေ့ အခမ်းအနား များအနက် မယ်လစခန်းသည် ကျန်စခန်းများထက် ပို၍ စည်ကားမှုရှိသည်ဟု သိရှိရသည်။

ကမ္ဘာ့ကုလသမဂ္ဂညီလာခံသည် ဆုံးဖြတ်ချက်အမှတ် ၅၅/၂၈၂ဖြင့် စက်တင်ဘာလ ၂၁ရက်‌နေ့ကို နိုင်ငံတကာ ငြိမ်းချမ်း‌ရေး‌နေ့ အဖြစ် ပြီးခဲ့သည့် ၂၀၀၁ခုနှစ်က သတ်မှတ်ခဲ့သည်။