Home ထိပ်တန်းသတင်း မီးရှို့ခံရသည့် အလယ်တန်း‌ကျောင်း စာပြန်သင်ကြား‌တော့မည်

မီးရှို့ခံရသည့် အလယ်တန်း‌ကျောင်း စာပြန်သင်ကြား‌တော့မည်

1376
ဩဂုတ်လ ၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ပြီးခဲ့သည့် ဇူလိုင်လ ‌နောက်ဆုံးအပတ်က နအဖစစ်တပ်၏ မီးရှို့ဖျက်ဆီးခံရ‌သော ဖာပွန်ခရိုင်၊ လူ‌သောမြို့နယ်ရှိ သဒါးဒဲရွာမှ အလယ်တန်း‌ကျောင်းသည် ယခုအပတ်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်‌တော့မည်ဟု ‌ဒေသခံတစ်ဦးက ‌ပြောသည်။

၎င်းက “‌မြေမြှုပ်မိုင်း အ‌ခြေအ‌နေ‌ကြောင့် ရွာသား‌တွေက ရွာကို ပြန်‌နေလို့ မရဲကြ‌သေးဘူး။ ‌ကျောင်းသူ ‌ကျောင်း သား‌တွေရဲ့ ပညာ‌ရေးထိခိုက်မှာ စိုးရိမ်လို့ ‌လော‌လောဆယ်‌တော့ ပုန်း‌အောင်းတဲ့‌နေရာမှာပဲ ယာယီ‌ဆောက်လိုက် ရတယ်။ မကြာခင်အတွင်းမှာ ‌ကျောင်းပြန်တက်နိုင်မယ်လို့ ‌မျှော်လင့်ပါတယ်။”ဟု ‌ပြောသည်။

အဆိုပါ‌ကျောင်းကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရန် လိုအပ်သည့် ‌ကျောင်းသုံးပစ္စည်းများကို (Help Without Frontiers) နှင့် (Karen Teachers Working Group-KTWG) တို့က ‌ထောက်ပံ့‌ပေးသလို လုံခြုံ‌ရေးနှင့် ပတ် သက်၍ ‌ကေအဲန်ယူ တပ်မဟာ(၅) လက်‌အောက်ခံတပ်ဖွဲ့ဝင်များက တာဝန်ယူထားသည်ဟု သိရသည်။

‌ကေအဲန်ယူ တပ်မဟာ(၅)မှ တပ်‌ရေးဗိုလ် ဗိုလ်မှူး‌စောကလယ်ဒိုက “‌ကျောင်းရပ်တည်‌ရေးအတွက် လုံခြုံ‌ရေးကို ကျ‌နော်တို့ တာဝန်ယူထားဆို‌ပေမယ့် နအဖက လူကိုယ်တိုင် ‌ရောက်မလာနိုင်ရင်‌တောင်မှ လက်နက်ကြီးဖြင့် အချိန်မ‌ရွေး လှမ်းပစ်လို့ရတယ်။ ဒါ‌ကြောင့် ‌ကျောင်းသား‌တွေတင်မက ရွာသား‌တွေအတွက်ပါ အရမ်းစိုးရိမ်ရတဲ့ အ‌နေအထားမှာ ရှိ‌နေတုန်းပါပဲ။”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ရက်‌နေ့က နအဖ စကခ(၁၀) ဗျူဟာအမှတ်(၂)မှ ခမရ(၃၆၁)နှင့် ခမရ(၃၇၀) တပ်ရင်းတို့ ‌ကျေးရွာအတွင်းသို့ ဝင်‌ရောက်ခဲ့ကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့‌သော‌ကြောင့် ‌ဒေသခံရွာသူရွာသား ၉၀၀‌ကျော် ‌တော‌တောင်ထဲ ထွက်‌ပြေးပုန်း‌အောင်းရသည့်အထဲတွင် အဆိုပါစာသင်‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသား ၂၁၇ ဦးနှင့် ဆရာ၊ ဆရာမ ၁၂ဦးပါဝင်ပြီး ယ‌နေ့အချိန်ထိ ‌ကျောင်းမတက်နိုင်‌သေးခြင်းဖြစ်သည်။

အဆိုပါ ထွက်‌ပြေးပုန်း‌အောင်းရသည့် ရွာသူရွာသားများသည် လုံခြုံမှုမရှိသည့်အပြင် အမိုးအကာ၊ ‌ဆေးဝါးနှင့် အ သုံးအ‌ဆောင်ပစ္စည်းများမရှိဘဲ ဒုက္ခမျိုးစုံ ရင်ဆိုင်‌နေရပြီး အမျိုးသမီးများနှင့် က‌လေးငယ်များသည် ခြင်အန္တရာယ် နှင့် မသန့်ရှင်း‌သော‌ရေများ‌ကြောင့် ကျန်းမာ‌ရေးအတွက် အထူးစိုးရိမ်ရသည်ဟု Help Without Frontiers အင် တာနက်စာမျက်နှာတွင် ‌ဖော်ပြထားသည်။