Home ထိပ်တန်းသတင်း နအဖနှင့် ဒီ‌ကေဘီ‌အေကြား တိုက်ပွဲဖြစ်ပွား

နအဖနှင့် ဒီ‌ကေဘီ‌အေကြား တိုက်ပွဲဖြစ်ပွား

1668
ဩဂုတ်လ ၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ်အတွင်း ယမန်‌နေ့က နအဖ စစ်အစိုးရတပ်များနှင့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အ မျိုးသားတပ်မ‌တော်(ဒီ‌ကေဘီ‌အေ)တပ်ဖွဲ့ဝင်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယမန်‌နေ့ည (၇)နာရီခန့်တွင် ဒီ‌ကေဘီ‌အေ တပ်မဟာ(၉၉၉)မှ တပ်ဖွဲ့ဝင်များသည် လက်နက်ပစ္စည်းများနှင့်အတူ ကားဖြင့် ‌ကေအဲန်ယူ တပ်မဟာ(၆)သို့သွားရန် တပ်မဟာ(၆)နှင့် (၇)စပ်ကြားရှိ ‌ကော့ကရိတ်-မြဝတီကားလမ်း၏ ‌အောက်တိုတဲဂိတ်မှ နအဖ စစ်တပ်များက သွားခွင့်မပြုခဲ့သည့်အတွက် အချင်းများရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်‌ကြောင်း နီးစပ်သူတစ်ဦးက ‌ပြော သည်။

၎င်းက “‌ကေအဲန်ယူ တပ်မဟာ(၆)ဘက်ကိုသွားမယ့် (၉၉၉)တပ်ဖွဲ့ကို ‌အောက်ဘိုတဲအ‌ရောက်မှာ ဂိတ်မှာရှိတဲ့ နအဖတပ်က သွားခွင့်မ‌ပေးဘူး။ အဲဒီ‌တော့ ဒီ‌ကေဘီ‌အေဘက်က ‌သေနတ်‌ဖောက်‌တော့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရ တယ်။ နအဖဘက်က ၅‌ယောက်‌လောက်‌သေတယ်လို့ ကျ‌နော်တို့ကြားတာပဲ။ ဒီ‌ကေဘီ‌အေဘက်က ထိခိုက်ဒဏ်ရာရတဲ့အထိ ‌လောက်ပဲ ဖြစ်တယ်။”ဟု ‌ပြောသည်။

အဆိုပါတိုက်ပွဲသည် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)နှင့် တပ်မဟာ(၉၉၉)တပ်ဖွဲ့ဝင်တို့ကြား ပစ်ခတ်မှုဖြစ်‌ကြောင်း နယ်‌မြေခံများ က ‌ပြောဆို‌နေကြသည်‌သော်လည်း ၎င်းပစ်ခတ်မှုသည် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်အချင်းချင်း ဖြစ်ပွားခြင်းမဟုတ်‌ကြောင်း ဒီ‌ကေ ဘီ‌အေ တပ်မဟာ(၅)မှ ထိပ်တန်းအရာရှိတဦးက အတည်ပြု‌ပြောကြားသည်။

သူက “တိုက်ပွဲဖြစ်တာက‌တော့ မှန်ပါတယ်။ ဒါ‌ပေမယ့် ကျ‌နော်တို့လူ‌တွေကို လှမ်း‌မေးကြည့်‌တော့ သူတို့နဲ့ဖြစ်တာ မဟုတ်ဘူး။ (၉၉၉)တပ်ဖွဲ့နဲ့ နအဖတို့ကြား အပြန်အလှန် ပစ်ခတ်ကြတာပါ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အလားတူ ယ‌နေ့မနက်ပိုင်းတွင်လည်း ‌ကော့ကရိတ်မြို့အနီး၌ နအဖနှင့် ဒီ‌ကေဘီ‌အေတို့ကြား ပစ်ခတ်မှုတခု ထပ်မံ ဖြစ်ပွားခဲ့ ရာ ထိခိုက်‌သေဆုံးမှုများ ရှိခဲ့သည်ဟု အပစ်ရပ်အဖွဲ့များ၏ သတင်းရပ်ကွက်များမှ ကြားသိရသည်။

အမည်မ‌ဖော်လိုသူ ဒီ‌ကေဘီ‌အေ အဖွဲ့ဝင်တစ်ဦးက “ဒီ‌နေ့ဟာ တိုင်းမှူးလာမယ်ဆိုလို့ ကားလမ်း‌တွေက ဂိတ်‌တွေကလည်း လမ်းကင်း‌တွေ ချထားတယ်။ ဒီ‌နေ့မနက် ၁ဝနာရီ‌လောက်မှာ ‌ကော့ကရိတ်က‌နေ တက်လာတဲ့ စစ်ကားတန်းကို ဒီ‌ကေဘီ‌အေ (၉၀၂)က ပစ်ခတ်တယ်‌လေ။ ဒါ‌ပေမဲ့ အဲဒီ‌နေရာမှာ လမ်းကင်းရှင်းတဲ့ စစ်သားနှစ်‌ယောက် ဗုံးထိသွားတယ်လို့ ကြားတယ်။”ဟု ဆိုသည်။

လက်ရှိအချိန်တွင် ထိုပစ်ခတ်မှုအတွင်း နအဖဘက်မှ ဒဏ်ရာရ စစ်သည်များကို ‌ကော့ကရိတ်‌ဆေးရုံကြီးတွင် ကုသမှုခံရ‌နေရ ‌ကြောင်း မြို့ခံပြည်သူတစ်ဦးက ‌ပြောသည်။

ယမန်‌နေ့ ဗုဒ္ဓဟူး‌နေ့ မွန်းလွဲ ၃နာရီခန့်တွင် အ‌ရေး‌ပေါ်ကား ၃စီး ဖားအံဘက်ကို ‌မောင်းနှင်သွား‌ကြောင်းနှင့် အဂင်္ါ‌နေ့ကလည်း မိုးကာတာလပတ်များ အလုံပိတ်ထားသည့် စစ်ကား ၅စီးလည်း ဖားအံဘက်ကို အပြင်း‌မောင်းနှင်သွား‌ကြောင်း ကိုယ်တိုင်မြင် ‌တွေ့ခဲ့သည့် ဖားအံမြို့နယ်၊ မြိုင်က‌လေး‌ကျေးရွာသူတစ်ဦးက ‌ပြောသည်။

ယခုလို နအဖ စစ်တပ်ကားများ ပုံမှန်ထက် ထူးခြားစွာ ကရင်ပြည်နယ်ထဲသို့ ဝင်‌ရောက်လာခြင်းမှာ နယ်စပ်‌ဒေသဘက်တွင် တိုက်ပွဲများ ဖြစ်လာနိုင်မည့် အလားအလာများ ရှိသည်ဟုလည်း ကရင်ပြည်နယ်အတွင်းရှိ ပြည်သူများက ‌ဝေဖန်‌ပြောဆို‌နေကြ သည်။