Home ထိပ်တန်းသတင်း နယ်စပ်သွားလာမှု ပိတ်ထား‌သော်လည်း မဲ‌ဆောက်ဆန်လှူပွဲ စည်ကားဆဲ

နယ်စပ်သွားလာမှု ပိတ်ထား‌သော်လည်း မဲ‌ဆောက်ဆန်လှူပွဲ စည်ကားဆဲ

1301
ဩဂုတ်လ ၃ဝရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်း-မြန်မာနှစ်နိုင်ငံ ချစ်ကြည်‌ရေးတံတား တရားဝင် ပိတ်ပင်ခဲ့‌သော်လည်း ထိုင်းနိုင်ငံ-မဲ‌ဆောက်မြို့တွင် နှစ်စဉ် ကျင်းပပြု လုပ်‌နေကျဖြစ်သည့် တရုတ်ဆန်လှူပွဲကို ယ‌နေ့ ပြုလုပ်ရာ ယခင်နှစ်များအတိုင်း စည်ကား‌နေဆဲဖြစ်သည်။

အဆိုပါ ဆန်လှူပွဲတွင် နှစ်စဉ် လုံခြုံ‌ရေး တာဝန်ယူ‌ပေးသူ ကိုစိုးနိုင်က “ကျ‌နော်တို့ထင်တာက တံတားပိတ်ထားဆို‌တော့ မြန် မာပြည်ဘက်ခြမ်းကလူ‌တွေ အလာနည်းမယ် ထင်ထားတာ။ ဒါ‌ပေမဲ့ အရင်နှစ်နဲ့ အတူတူပါပဲ။ ဘာဖြစ်လို့လဲဆို‌တော့ ဒီနှစ် မြန်မာပြည်သား‌တွေအတွက် လက်မှတ်(၁၀,၀၀၀)နဲ့ ထိုင်းက သက်ကြီးရွယ်အို‌တွေအတွက် လက်မှတ်၂,၀၀ဝဟာလည်း အ ကုန်လုံး ကုန်သွားတာပဲ။”ဟု ဆိုသည်။

ထိုဆန်လှူပွဲကို ကွယ်လွန်ခဲ့ပြီး‌သော ဘိုးဘွားမိဘများကို ရည်စူး၍ မဲ‌ဆောက်မြို့ရှိ တရုတ်ကုန်သည်ကြီးများ၊ လုပ်ငန်းရှင်များ နှင့် ဖွဲ့စည်းထား‌သော စု‌ပေါင်းကုသိုလ်ပြု ဘုံ‌ကျောင်း‌ဂေါပကအဖွဲ့မှ နှစ်စဉ်ကျင်းပခဲ့ရာ လူမျိုး၊ ဘာသာမ‌ရွေး ‌ပေးကမ်းလှူဒါန်း ခြင်းဖြစ်သည်ဟု သိရသည်။

မြဝတီမှလာသည့် အသက် ၁၂နှစ်အရွယ်က‌လေးငယ်တဦးက “ဒီ‌နေ့ မဲ‌ဆောက်မှာ ဆန်လှူပွဲရှိတယ်ဆိုလို့ ဒီက အ‌ဒေါ်က ဖုန်း ဆက်တယ်။ ဒါ‌ကြောင့် ဒီမနက် ကျ‌နော်တို့စက်‌လှေနဲ့ပဲ စီးလာတယ်။ မြဝတီကလူ‌တွေ အများကြီးလာတာပဲ။ ကျ‌နော်တို့တဖွဲ့ တည်း‌တောင် ၁၀‌ယောက်‌ကျော်တယ်။”ဟု ‌ပြောသည်။

အဆိုပါ ဆန်လှူပွဲသည် မနက်ပိုင်းတွင် တိုကင်ကဒ်ပြားများ ‌ပေး‌ဝေ၍ ည‌နေ(၃)နာရီအချိန်တွင် စတင် လှူဒါန်းခဲ့ရာ ကိုယ်အဂင်္ါ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ က‌လေးငယ်များနှင့် လူလတ်ပိုင်းများ လာ‌ရောက်အလှူခံကြပြီး အလှူပစ္စည်းထုပ်တွင် ဆန် ‌လေးကီလို၊ မာမား ၂ထုပ်၊ ငါး‌သေတ္တာ ၁ဗူး၊ ငါးပိ ၁ဗူးနှင့် ဆား ၁ထုပ်တို့ ပါဝင်သည်။

ယခုနှစ်ပြုလုပ်သည့် စု‌ပေါင်းကုသိုလ်ပြုဆန်လှူပွဲမှာ (၄၁)ကြိမ်‌မြောက်ဖြစ်ပြီး ပွဲ‌တော်ကျင်းပ‌ရေး‌ကော်မတီမှ ထိုင်းအာဏာပိုင် များကို ခွင့်ပြုချက်ယူထား‌သော‌ကြောင့် ယ‌နေ့ ဆန်လှူပွဲလာ‌ရောက်သည့် မြန်မာပြည်သားများကို ထိုင်းအာဏာပိုင်များက ဖမ်း ဆီးခြင်း မရှိ‌ကြောင်း သိရှိရသည်။