Home ထိပ်တန်းသတင်း စပါးပိုးနှင့် ကြွက်ကျ၍ ‌တောင်ယာစပါးခင်း ပျက်စီး

စပါးပိုးနှင့် ကြွက်ကျ၍ ‌တောင်ယာစပါးခင်း ပျက်စီး

1919
ဩဂုတ်လ ၂၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူ‌သောနှင့် ဒွယ်လိုးမြို့နယ်အတွင်းရှိ ‌တောင်ယာစပါးခင်းများတွင် ယခင်လကတည်းက စပါး ဖျက်ပိုးနှင့် ကြွက်များကျသဖြင့် စပါးပင်များ ပျက်စီးကာ ‌တောင်ယာစိုက်သူများ ဒုက္ခနှင့်ရင်ဆိုင်‌နေရသည်ဟု ဖာပွန်ခရိုင်‌ဒေသ ခံ ရွာသားတစ်ဦးက ‌ပြောသည်။

၎င်းရွာသားက “စပါးပိုးကျတာက လူ‌သောမြို့နယ်မှာ ပြီးခဲ့တဲ့လက‌နေ ခုထိပဲ။ ဒွယ်လိုးမှာလည်း အခု စဖြစ်လာပြီ။ ပိုးက စပါးပင်အရင်းကို စား‌တော့ တပင်လုံးဝါသွားတယ်။ အဲဒီစပါးပိုးထိတဲ့ စပါးပင်‌တွေကို လက်နဲ့သွားထိရင် လဲကျသွားတာပဲ။ အဲလို ပိုးကျတဲ့အချိန်မှာ ကြွက်ကလည်း ကျတယ်။ စပါးပင်‌တွေကို ကိုက်ယူဖျက်ဆီးတယ်‌လေ။”ဟု ‌ပြောသည်။

ဖာပွန်မြို့နယ်အတွင်း စပါးပိုးကျသည့် ‌တောင်ယာခင်းများ၌ ခန့်မှန်းချက်အရ လူ‌သောမြို့နယ်ဘက်တွင် ၆ဝ ရာခိုင်နှုန်းခန့်ရှိပြီး ဒွယ်လိုးမြို့နယ်ဘက်တွင် ၄ဝ ရာခိုင်နှုန်းခန့် ရှိ‌ကြောင်း သိရသည်။

“စပါးပိုးကျတာကို ကာကွယ်တဲ့အ‌နေနဲ့ ကျ‌နော်တို့က စပါးလင်နဲ့ ဆင်တုံးမနွယ်ကို ‌ရေစိမ်ပြီး ‌တောင်ယာစပါးခင်း‌တွေကို ‌ရေ ဖျန်း‌ပေးရမယ်။ ဘယ်‌လောက်ထိ‌ရောက်မယ်ဆိုတာ‌တော့ ‌စောင့်ကြည့်ရအုံးမယ်။”ဟု ဖာပွန်‌ဒေသခံ ‌စောကလယ်ဒို့ကလည်း ‌ကေအိုင်စီကို ‌ပြောသည်။

ထိုနည်းမှာ ဘိုးဘွားများလက်ထက်က ယင်းသို့ ‌တောင်ယာစပါးခင်းများ ပိုးကျလျှင် စပါးလင်နှင့် ဆင်တုံးမနွယ်ကို ‌ရေစိမ်ပြီး ပိုး ကျ‌နေသည့် ‌တောင်ယာစပါးခင်းများကို ‌ရေဖျန်း‌ပေးခြင်းဖြင့် စပါးများကို ပြန်လည်ရှင်သန်‌ကောင်းမွန်လာနိုင်‌အောင် ပြုလုပ်နိုင် ‌ကြောင်း သူက ဆက်‌ပြောသည်။

‌ဒေသခံတစ်ဦးက “ကြွက်‌တွေက အ‌ကောင်ငယ်ငယ်‌လေး။ အကြီးဆုံးဆို ‌ခြေမ‌လောက်ပဲရှိတယ်။ ကြွက်‌ထောင်‌ချောက်နဲ့လည်း မမိဘူး‌လေ။ အနံ့အရမ်းနံသလို စားလို့လည်း မရဘူး။ အဲဒီကြွက်‌လေး‌တွေကို ‌ဆေးနဲ့ဖြန်းပြီး သတ်မယ်ဆိုရင်လည်း လူကို ထိ ခိုက်မှာစိုးရတယ်။ ဒါ‌ကြောင့် ကြွက်ကို‌တော့ ‌လော‌လောဆယ် မနှိမ်နင်းနိုင်‌သေးဘူး။”ဟု ဆိုသည်။

သို့‌သော် စပါးခင်းပျက်စီးမှုမှာ ကြွက်ကျသည်ထက် စပါးဖျက်ပိုး ကျသည်က အ‌ခြေအ‌နေပိုဆိုးဝါး‌ကြောင်းလည်း ‌တောင်ယာ စပါးစိုက်သူများက ‌ပြောသည်။

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း လွန်ခဲ့သည့်နှစ်များက ‌တောင်ယာခင်းစပါးများ၌ ပိုးနှင့် ကြွက်များ ကျ‌လေ့ရှိ‌သော်လည်း ယခုနှစ်တွင် လူ‌သောမြို့နယ်၌ ‌ကျေးရွာအုပ်စု ၂ခု။ ဒွယ်လိုးမြို့နယ်၌ ‌ကျေးရွာအုပ်စု ၁ခု ဖြစ်ပွားသည်ဟု သိရသည်။