Home ထိပ်တန်းသတင်း ကရင်ပြည်နယ်တွင် လူထုကို ‌ရွေး‌ကောက်ပွဲဆိုင်ရာ ပညာ‌ပေးမှုမရှိ‌သေး

ကရင်ပြည်နယ်တွင် လူထုကို ‌ရွေး‌ကောက်ပွဲဆိုင်ရာ ပညာ‌ပေးမှုမရှိ‌သေး

1322
ဩဂုတ်လ ၃၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

၂၀၁ဝ ‌ရွေး‌ကောက်ပွဲ ကျင်းပရန် နှစ်လ‌ကျော်သာ လို‌တော့‌သော်လည်း ကရင်ပြည်နယ်တွင် ဝင်‌ရောက်ယှဉ်ပြိုင်မည့် ပါတီများ နှင့် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်များမှာ ‌ရွေး‌ကောက်ပွဲနှင့် ပတ်သက်၍ လူထုကို မည်သည့်ပညာ‌ပေးမှုမျိုးမှ လုပ်‌ဆောင်ခြင်း မရှိ ‌သေးသဖြင့် လူထုအ‌နေဖြင့် မည်သို့မဲထည့်ရမည်ကို နားမလည်‌ကြောင်း သိရသည်။

“ဒီနှစ် မြန်မာနိုင်ငံမှာ ‌ရွေး‌ကောက်ပွဲ လုပ်မယ်လို့ သိရတယ်။ ဘာ‌ရွေး‌ကောက်ပွဲ‌တွေလုပ်မလဲ မသိဘူး။ ကျမတို့က‌တော့ မဲ ထည့်ရမယ်လို့လည်း ကြားတယ်။ ဘယ်သူ့ကို မဲထည့်ရမလဲ မသိဘူး။ ဘာ‌ကြောင့် မဲထည့်ရမလဲလည်း မသိဘူး။ ဘယ်သူမှ လည်း လာပြီး ပညာ‌ပေးစည်းရုံးတာ‌တွေလည်း မရှိ‌သေးဘူး။”ဟု ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်မှ ‌နော်ထူးကလည်း ‌ပြောသည်။

ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အ‌နေဖြင့်လည်း ယခုအချိန်ထိ လူထုကို ပညာ‌ပေး‌ဟော‌ပြောမှုများ မလုပ်‌ဆောင်ရ ‌သေး‌ကြောင်း ‌ကော်မရှင် ဥက္ကဌ ‌စော‌အောင်ပွင့်က ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

သူက “‌ရွေး‌ကောက်ပွဲမှာ မဲဘယ်လို‌ပေးရမလဲတို့ ဘာတို့ ကျ‌နော်တို့ ပြည်သူ‌တွေကို မချပြရ‌သေးဘူး။ အထက်က အမိန့်မကျ ‌သေးဘူး‌လေ။ အမိန့်က ဘယ်‌တော့ကျမယ်ဆိုတာ‌တော့ မသိဘူး။ ‌နောက်တစ်ခုက အခု နိုင်ငံပါတီ‌တွေ ပါတီမှတ်ပုံတင် ‌လျှောက်‌နေတုန်းပဲ ဖြစ်‌နေလို့ပါ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

မဲဆန္ဒနယ်‌မြေ ၇ခုရှိသည့် ကရင်ပြည်နယ်တွင် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကို ဝင်‌ရောက်ယှဉ်ပြိုင်ရန် နိုင်ငံ‌ရေးပါတီ ၆ပါတီအနက် ကရင်ပြည်သူ့ပါတီ(KPP)မှာ သံ‌တောင်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင်လည်း‌ကောင်း၊ မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ (AMRDP)မှာ ‌ကော့ကရိတ်၊ ဖားအံနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ၎င်းတို့၏ ပါတီကိုယ်စားလှယ်များ အ‌ရွေးခံမည်ဟု သိ ရသည်။

သို့‌သော် ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP)၊ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ တိုင်းရင်း သားစည်းလုံးညီညွှတ်‌ရေးပါတီ(NUP)နှင့် ပြည်‌ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီ(USDP)တို့မှာ မဲဆန္ဒနယ်‌မြေတိုင်းတွင် ဝင်‌ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

၎င်းပါတီများမှာ မိမိတို့ ဝင်‌ရောက်အ‌ရွေးခံမည့် မဲဆန္ဒနယ်‌မြေတိုင်းမှ ပြည်သူလူထုကို ယ‌နေ့အချိန်ထိ ပညာ‌ပေးမှုများ မရှိ‌သေး သလို လက်ကမ်းစာ‌စောင် ဖြန့်‌ဝေခြင်းများလည်း မရှိသည့်အတွက် လူထုမှာ ‌ရွေး‌ကောက်ပွဲလုပ်မည့် ‌နေ့ရက်ကိုပင် မသိကြ ‌သေးသူ များစွာ ရှိ‌နေ‌သေး‌ကြောင်း ဖားအံမဲဆန္ဒရှင်တစ်ဦးကလည်း ယခုလို ‌ပြောသည်။

“ရပ်ကွက်ထဲမှာ‌တော့ ဘယ်ပါတီ၊ ဘယ်ရပ်ကွက်မှူး‌တွေကမှ ‌ရွေး‌ကောက်ပွဲအတွက် ဘာမှ လာ‌ပြောတာလည်း မရှိဘူး။ တချို့ ဆို ‌ရွေး‌ကောက်ပွဲဘယ်‌နေ့ဆိုတာ‌တောင် မသိကြတာ အများကြီးပဲ။”ဟု သူမက ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ PSDP ပါတီကို ဆက်သွယ်‌မေးမြန်းရာ ယာယီ ဥက္ကဌ ‌စောခင်‌မောင်မြင့်မှာ ‌နေပြည်‌တော်သို့ ယ‌နေ့ သွား‌ရောက်‌နေသည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အ‌နေဖြင့် ဩဂုတ်လ ၁၈ရက်‌နေ့က နိုင်ငံ‌ရေးပါတီများ မဲဆွယ်စည်းရုံးခွင့်ကို တရားဝင် ထုတ်ပြန်ခဲ့ပြီးဖြစ်‌သော်လည်း ကရင်ပြည်နယ်အတွင်း ဝင်‌ရောက်အ‌ရွေးခံမည့် ပါတီကိုယ်စားလှယ်‌လောင်းများသည် ယခုအ ချိန်ထိ ကွင်းဆင်းစည်းရုံးမှု မရှိ‌သေး‌ကြောင်း သိရသည်။