Home ထိပ်တန်းသတင်း ကရင်အချင်းချင်း အထင်မြင်လွဲမှား‌စေသည့် လုပ်ကြံဝါဒဖြန့်မှုများ ထွက်‌ပေါ်

ကရင်အချင်းချင်း အထင်မြင်လွဲမှား‌စေသည့် လုပ်ကြံဝါဒဖြန့်မှုများ ထွက်‌ပေါ်

2268
ဇွန်လ ၇ရက်။ ‌စောအဲ‌ခေါင် (‌ကေအိုင်စီ)

တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)နှင့် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)တို့ကြား အချင်းချင်း အထင်အမြင်လွဲမှား‌စေရန် ရည်ရွယ် လုပ်ကြံရိုက်ကူးထားသည့် ဗီဒီယိုဇာတ်ကားများ၊ စာများကို ယခုရက်သတ္တပတ်အ တွင်း ရန်ကုန်မြို့နှင့် အခြား‌နေရာများတွင် ထွက်‌ပေါ်လာ‌နေ‌ကြောင်း ရန်ကုန်မှလာသည့် သတင်းအရ သိရှိရသည်။

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်းရန် ‌နောက်ဆုံးသတ်မှတ်ချိန် ဧပြီလ ၂၈ရက်‌နေ့ ‌နောက်ပိုင်း ဒီ‌ကေဘီ‌အေတပ်ဖွဲ့အတွင်း သ‌ဘောထားတိုက်ဆိုင်မှုမရှိ‌ကြောင်း သတင်းများ ထွက်‌ပေါ်လာချိန်တွင် ကရင်အချင်းချင်း ကြား ပဋိပက္ခအသွင်‌ဆောင်သည့် ဇာတ်ကားများ ရည်ရွယ်ဖြန့်‌ဝေခြင်းဖြစ်‌ကြောင်း ပြည်တွင်းပြည်ပရှိ ကရင်အသိုင်းအဝိုင်းများက ‌ဝေဖန်‌ပြောဆိုကြသည်။

ဒါရိုက်တာ စိုး‌ကျော်‌ကျော် ရိုက်ကူးထားသည့် ဖာပွန်နယ်မှ ဖြစ်ရပ်မှန်ဆိုသည့် ဒီ‌ကေဘီ‌အေနှင့် ‌ကေအဲန်ယူအ‌ကြောင်းကို အ‌ခြေခံထား သည့် ဗီဒီယိုဇာတ်ကားကို ပြီးခဲ့‌သော ‌မေလကုန်ပိုင်းနှင့် ဇွန်လဆန်းပိုင်းအတွင်း ရန်ကုန်‌နေရာအနှံအပြားတွင် ထုတ်လွှင့်ပြသခဲ့သည် ဟု အဆိုပါဇာတ်ကားကို ကြည့်ရှုခဲ့ရသူ ရန်ကုန်မြို့ခံ ကရင်လူငယ်တဦးက ဆိုသည်။

သူက “ဇာတ်လမ်းက‌တော့ လူငယ်တ‌ယောက် ရဟန်းခံခါနီး ‌ကေအဲန်ယူက ဖမ်းသွားတယ်။ ‌နောက်သူတို့ရွာက အလှူပွဲကို ပြန်ဖျက်ဖို့ ‌ကေအဲန်ယူက ပြန်လွှတ်တဲ့အချိန်မှာ ဒီ‌ကေဘီ‌အေက ‌တွေ့ပြီး မိဘ‌တွေဆီ ပြန်ပို့‌ပေးတယ်။ ‌နောက် ‌ကေအဲန်ယူနဲ့ ဒီ‌ကေဘီ‌အေအ ကြား ပဋိပက္ခ အသွင်‌ဆောင်တဲ့ ဇာတ်ကွက်‌တွေလည်း ထည့်ထားပါတယ်“ဟု ‌ပြောသည်။

နာမည်ကြီး သရုပ်‌ဆောင်များ မပါဝင်ဘဲ နာမည်အနည်းငယ်ရ‌နေ‌သော လူကြမ်းမင်းသားတချို့ ပါဝင်သရုပ်‌ဆောင်ထားသည့် အဆိုပါ ဗွီဒီယိုကားသည် စစ်အစိုးရမှ လုပ်ကြံရိုက်ကူးထားမှုတခုသာဖြစ်သည်ဟု ယူဆ‌ကြောင်း ၎င်းက ‌ဝေဖန်သုံးသပ်‌ပြောဆိုသည်။

ထို့အပြင် ဒီ‌ကေဘီ‌အေနှင့် ‌ကေအဲန်ယူတို့အကြား ကွဲပြားမှုအချို့ကို ထုတ်နှုတ်ထားပြီး မဟုတ်မမှန် လုပ်ကြံ‌ရေးသားထားသည့် စာ များကိုလည်း အီး‌မေးလ်မှတဆင့် ကရင်မီဒီယာသမားများထံသို့ လိုက်လံဖြန့်‌ဝေမှုများရှိသည်ဟု ကရင်အွန်လိုင်း မီဒီယာအသိုင်းအ ဝိုင်းက ‌ပြောဆို‌နေကြသည်။

“ကျ‌နော် မသိဖူးတဲ့ အီး‌မေးလိပ်စာနဲ့ ဥပမာ မိန်းက‌လေးနာမည်‌လေးနဲ့၊ ကရင်‌ခေါင်း‌ဆောင် နာမည်(ပဒို)‌တွေ တပ်ပြီး ကျ‌နော့် အီး ‌မေးလ်ထဲကို ပို့လာကြတာ‌တွေရှိတယ်။ လူထုအ‌နေနဲ့‌ကော၊ Bolger တ‌ယောက်အ‌နေနဲ့‌ကော ဒါဟာ နအဖရဲ့ လုပ်ကြံ သတင်းပဲဆို တာ ဖတ်လိုက်တာနဲ့ကို သိပါတယ်။ ဒါ‌ကြောင့် နအဖ‌တွေရဲ့ ဝါဒဖြန့်ရာ‌နောက် မ‌တွေ‌ဝေသွားဖို့ အ‌ရေးကြီးတယ်”ဟု ကရင်ဘ‌လော့ ဂါတစ်ဦးဖြစ်သူ ‌စော‌ကျော်ခွိက ‌ပြောဆိုသည်။

ဒီ‌ကေဘီ‌အေအဖွဲ့သည် ၁၉၉၄ခုနှစ်က ‌ကေအဲန်ယူမှ ခွဲထွက်ကာ နအဖစစ်တပ်နှင့် ပူး‌ပေါင်းသည့် ကရင်ခွဲထွက်အဖွဲ့တခုဖြစ်ပြီး နအဖ ၏ နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေး အစီအစဉ်‌ကြောင့် သ‌ဘောထားကွဲပြားမှုများရှိကာ လက်မခံသူများက ‌ကေအဲန်ယူထံ လာ ‌ရောက်ပူး‌ပေါင်းမှုများလည်း ရှိသည်။