Home ထိပ်တန်းသတင်း ‌တောင်ငူဘက်တွင် နှစ်လ ကြိုတင်မဲ‌ပေးရန် နအဖ စီစဉ်‌နေ

‌တောင်ငူဘက်တွင် နှစ်လ ကြိုတင်မဲ‌ပေးရန် နအဖ စီစဉ်‌နေ

1763
ဇွန်လ ၂၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်‌မြောက်ပိုင်း၊ ‌တောင်ငူခရိုင် တိပ်ပုဂွင်ရှိ ‌ကျေးရွာများမှ ရွာသူရွာသားများကို နှစ်လကြိုတင် မဲ‌ပေး ရန် နအဖ အာဏာပိုင်များက စီစဉ်‌နေသည်ဟု တိပ်ပုဂွင်မှ ရွာသူကြီးများ၏ ‌ပြောပြချက်အရ သိရသည်။

ယခုလ အ‌စောပိုင်းတွင် တိပ်ပုဂွင်ရှိ နအဖ အာဏာပိုင်များက ‌ဒေသခံရွာသူရွာသားတို့အား ‌ရွေး‌ကောက်ပွဲ မတိုင် ခင် နှစ်လကြိုတင်မဲ‌ပေးရမည်ဟု အသိ‌ပေးခဲ့ရာ ယင်းကဲ့သို့ ပြုလုပ်ခြင်းသည် မဲ‌ပေးချိန်ကျ‌ရောက်သည့်အခါတွင် ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီကို ‌ထောက်ခံပြီးသား ပုံစံဖြင့် ကြိုတင်လုပ်‌ဆောင်ခြင်းဖြစ်သည်ဟု ရွာသူရွာသားများ က ခန့်မှန်း‌ပြောဆိုကြသည်။

တိပ်ပုဂွင်ရှိ ရွာသူကြီးများ၏ ‌ပြောပြချက်အရ လာမည့်‌ရွေး‌ကောက်ပွဲတွင် တိပ်ပု‌ကျေးရွာအုပ်စု၌ မဲပုံး (၅)လုံး ထား ရှိမည်ဖြစ်ပြီး ကရင်ပါတီ (၃)ပါတီနှင့် ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေးပါတီ (တစည)တို့ ဝင်‌ရောက်အ‌ရွေးခံမည်ဖြစ်‌ကြောင်း သိရသည်။

တဆက်တည်းတွင် ထို‌ဒေသရှိ အသက် (၁၈)နှစ်ပြည့်လူငယ်များကို အဆိုပါ အာဏာပိုင်တို့်က နာမည်စာရင်း ‌ကောက်ယူထားလိုက်ပြီဟု ရွာသူကြီးများက ‌ပြောသည်။

နအဖ အာဏာပိုင်ဘက်က ထိုကဲ့သို့ တိတ်တဆိတ် ကြိုတင်လုပ်‌ဆောင်မှုအ‌ပေါ် ၎င်းတို့ချမှတ်ထားသည့် စည်း မျဉ်းဥပ‌ဒေကို ချိုး‌ဖောက်ရာ‌ရောက်‌ကြောင်း ‌တောင်ငူခရိုင်အတွင်း ဝင်‌ရောက်အ‌ရွေးခံမည့် (Phlone-Swor De-mocratic Party-PSDP) ပါတီ၏ အဖွဲ့ဝင်တစ်ဦးက ယခုလို ‌ပြောသည်။

၎င်းက “ဥပ‌ဒေထဲမှာ ပါတာက ပြည်ပမှာ တရားဝင်သွား‌နေတဲ့ မြန်မာနိုင်ငံသား‌တွေဆိုလို့ရှိရင် ပြန်လာဖို့ အခက် အခဲရှိရင်‌တော့ မဲကြို‌ပေးလို့ရတယ်လို့ ဥပ‌ဒေမှာ ပါတာ‌ပေါ့။ ဒီမြန်မာနိုင်ငံအတွင်းမှာ ‌နေတဲ့လူ‌တွေကျ‌တော့ အမှန် ဆိုရင် ဘာမှကြို‌ပေးစရာ အ‌ကြောင်းမရှိဘူး။ ဒါ မဖြစ်သင့်တဲ့ကိစ္စ။ ဒါ‌ပေမယ့် ဘာအ‌ကြောင်း‌ကြောင့် ကြိုတင်ပြီးမှ ဆန္ဒမဲ‌ပေးရလဲဆိုတာက‌တော့ ကျ‌နော်တို့လည်း နားမလည်ဘူး ဖြစ်‌နေပါတယ်”ဟု ‌ပြောသည်။

ထို့အပြင် နအဖ စစ်အစိုးရသည် ၂၀၀၈ အ‌ခြေခံဥပ‌ဒေကို တဖက်သတ် အတည်ပြုရန် လူထုဆန္ဒခံယူပွဲတွင်လည်း မဲလိမ်ရာတွင် ယခုလိုနည်းအတိုင်း ကျင့်သုံးသွား‌ကြောင်း ‌တောင်ငူခရိုင် ‌ဘောဂလိရွာသားတစ်ဦးက ‌ပြောဆို သည်။

သူက “ဆန္ဒခံယူပွဲတုန်းက ကျ‌နော်တို့ရွာဆိုလို့ရှိရင် အိမ်‌ထောင်စုစာရင်းကို အရင်‌ကောက်ယူတယ်။ (၁၈)နှစ်ပြည့် ရွာသူရွာသား‌တွေကိုလည်း နာမည်စာရင်းအရင် ယူတယ်။ ‌နောက်ဆုံးကျ‌တော့ ရွာသူကြီးတစ်‌ယောက်တည်းကိုပဲ သွားပြီးနာမည် (ဆိုင်းထိုး)လိုက်ရုံနဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ရွာသား‌တွေ‌ထောက်ခံပြီးသား ဖြစ်သွားတာ‌ပေါ့။ ဒါ ဟာ အမှန်ဆိုလို့ရှိရင် မဲကို ဓါးပြတိုက်ယူသွားတာပဲ”ဟု ‌ပြောသည်။

တိပ်ပုဂွင်တွင် ရွာ‌ပေါင်း (၅)ရွာမှ လူဦး‌ရေ (၁,၂၀၀)ခန့်အနက် ၅၀၀‌ကျော်သည် ဆန္ဒမဲ‌ပေးခွင့်ရှိသည့် အသက်အ ရွယ်ပိုင်းရှိသူများဖြစ်သည်ဟု သိရသည်။