Home ထိပ်တန်းသတင်း ရန်ကုန်တိုင်းရှိ မြို ့နယ်အချို့တွင် တရက် ၆နာရီ လျှပ်စစ်မီးရရှိ‌နေ

ရန်ကုန်တိုင်းရှိ မြို ့နယ်အချို့တွင် တရက် ၆နာရီ လျှပ်စစ်မီးရရှိ‌နေ

1678
ဇွန်လ ၉ရက်။ ‌နော်‌အောင်‌လေး (‌ကေအိုင်စီ)

ရန်ကုန်တိုင်းရှိ အချို့မြို့နယ်များ၌ ဇွန်လဆန်းပိုင်းမှစ၍ လျှပ်စစ်မီးကို တစ်ရက်လျှင် ၆နာရီအထိ ရရှိ‌နေသည်ဟု ၎င်းမြို့နယ် များမှ သုံးစွဲ‌နေကြသူများက ‌ပြောသည်။

ကြည့်မြင်တိုင်မြို့နယ်‌နေ အမျိုးသမီးတဦးက “အရင်က မီး‌ပေးတာ ပုံမှန်ရက်မမှန်သလို ခဏတဖြုတ်‌လေးပဲ ‌ပေးတာ။ အခုတ ပတ်ကစပြီး မီးကို တရက် ၆နာရီ‌လောက်‌ပေး‌နေ‌တော့ အဝတ်‌လျှော်စက်သုံး‌နေတဲ့ ကျမတို့အတွက် အဆင်‌ပြေ‌နေတယ်။ ဘယ် ‌လောက်အထိ ‌ပေးမလဲ‌တော့ မသိဘူး”ဟု ဆိုသည်။

စမ်း‌ချောင်းမြို့နယ် ဗားကရာဘုန်းကြီး‌ကျောင်းတိုက်အနီးတွင် ‌နေထိုင်သူတဦးက ၎င်းတို့ရပ်ကွက်တွင် တစ်‌နေ့လျှင် ၆နာရီနှုန်း အလှည့်ကျ မီး‌ပေး‌ဝေ‌နေ‌သော်လည်း ထိုအချိန်ပိုင်းအတွင်း အကြိမ်ကြိမ် မီးပျက်‌နေ‌ကြောင်း ယခုလို ‌ပြောသည်။

“အရင် နံနက် ၁၁နာရီမှ ည‌နေ ၅နာရီအထိ အုပ်စုလိုက် အလှည့်ကျ‌ပေးမယ်လို့ လျှပ်စစ်ဌာနက ထုတ်ပြန်ထားတာ ရှိတယ်။ ဒီ ရက်‌တွေမှာ အဲလို‌ပေး‌နေ‌ပေမဲ့ ကြားချိန်မှာ မီးက ၄ခါ‌လောက် ပျက်တယ်။”ဟု ‌ပြောသည်။

လျှပ်စစ်ဌာနက ရပ်ကွက်အလိုက်၊ မြို့နယ်အလိုက် တ‌နေ့ကို အလှည့်ကျ ၆နာရီ မီး‌ပေး‌ဝေသည်ဟုဆို‌သော်လည်း လျှပ်စစ်မီး သုံးစွဲ‌နေသူများက မည်သည့်အချိန် မီးပျက်မည်ကို စိုးရိမ်ရသည့်အပြင် မီးလာချိန်တွင်လည်း ပြတ်‌တောင်းပြတ်‌တောင်း လာ‌နေ သဖြင့် စိတ်ညစ်ရ‌ကြောင်း ဗဟန်းမြို့နယ်မှ လူငယ်တစ်ဦးက ‌ပြောသည်။

“ပျက်ရက်ဆို မနက် ၆နာရီက‌နေ ည‌နေ ၅နာရီ ထိလာတယ်။ ညပိုင်း ၁၁နာရီက ‌နောက်တ‌နေ့မနက် ၅နာရီအထိ လာတယ်။ ‌နောက်ရက်မှာ‌တော့ တစ်‌နေကုန်ပျက်ပြီး မီးလာမဲ့ ‌နောက်ရက်ကို ပြန်‌မျှော်ရပါတယ်”ဟု ထိုလူငယ်က ဆိုသည်။

သို့‌သော် ကုမ္ပဏီဝန်ထမ်းအချို့မှာ လုပ်ငန်းခွင်တွင် မပြီးစီးသည့် အပိုအလုပ်များကို အင်တာနက်ဆိုင်များတွင် သွား‌ရောက် လုပ်ကိုင်ရာ လျှပ်စစ်မီးမမှန်ခြင်း‌ကြောင့် အလုပ်မပြီးစီးဘဲ ဖြစ်‌နေရသည်ဟု အင်းစိန်မြို့နယ်မှ အမျိုးသမီးတစ်ဦးက “အမတို့ လိုင်းက တချို့ရပ်ကွက်‌တွေမှာ သုံး‌လေးရက်‌လောက် မီးပျက်တယ်။ မီးလာတဲ့‌နေ့ကျ‌တော့လည်း ၁နာရီ‌လောက်သာလာပြီး ပြန်ပျက်လိုက်နဲ့ ဘာအလုပ်မှ လုပ်လို့မရဘူး။”ဟု ဆိုသည်။

မြန်မာတနိုင်ငံလုံးတွင် ‌ရေအားနှင့် သဘာဝဓာတ်‌ငွေ့မှ ထုတ်လုပ်‌သော လျှပ်စစ်ပမာဏမှာ (၆၆၀)မဂ္ဂဝပ်ရှိပြီး ရန်ကုန်တမြို့လုံး လိုအပ်‌သော ပမာဏမှာ မဂ္ဂဝပ် (၇၀၀)နီးပါးဖြစ်သည်ဟု သိရသည်။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်‌ပေါင်း ၄၅မြို့နယ်တွင် ယခု ရရှိ‌သော မဂ္ဂဝပ် (၆၆၀)မှ ထက်ဝက်ကို သုံးစွဲ‌နေ‌ကြောင်း လျှပ်စစ်‌ပေး‌ဝေ‌ရေး၏ မှတ်တမ်းများအရ သိရသည်။