Home ထိပ်တန်းသတင်း တရားမဝင် ဆိုင်ကယ်များကို လိုင်စင်ထပ်မံ လုပ်‌ပေး‌နေ

တရားမဝင် ဆိုင်ကယ်များကို လိုင်စင်ထပ်မံ လုပ်‌ပေး‌နေ

2337
ဇွန်လ ၁၂ရက်။ ‌နော်ဖြူဖြူသင်း (‌ကေအိုင်စီ)

မြန်မာနိုင်ငံတွင် တရားမဝင်တင်သွင်းလာသည့် ဆိုင်ကယ်များကို တရားဝင် လိုင်စင်(License) ပြုလုပ်ရန် သတ်မှတ်ထားချိန် ကာလပြီးဆုံးသွား‌သော်လည်း ယခုဇွန်လတွင် အချိန်တိုးမြှင့်ပြီး ထပ်မံ‌ဆောင်ရွက်‌ပေး‌နေ‌ကြောင်း သိရသည်။

(မြန်မာဘက်သို့ တင်သွင်းမည့် ထိုင်းဘက်ခြမ်း မြစ်ကမ်းနံ‌ဘေးမှ ကားများ)

၂၀၀၉ခုနှစ်၊ ဒီဇင်ဘာ ၁ရက်မှ ၂၀၁ဝခုနှစ် ဇန်နဝါရီလ ၃၁ရက်ထိ တရားမဝင် ဆိုင်ကယ်များကို လိုင်စင်(License) ထုတ်‌ပေး ခဲ့ ပြီးဖြစ်‌သော်လည်း ယခု ဇွန်လကုန်သည်ထိ ထပ်မံ ‌ဆောင်ရွက်‌ပေးသွားမည်ဟု ရထားပို့‌ဆောင်‌ရေး ဝန်ကြီးဌာန ကုန်းလမ်း ပို့‌ဆောင်‌ရေးညွှန်ကြား‌ရေး ဦးစီးဌာနက သတင်းထုတ်ပြန်ထား‌ကြောင်း ယမန်‌နေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင် ‌ဖော် ပြထားသည်။

၎င်း‌ဖော်ပြချက်အရ လာမည့် ဇူလိုင်လ ၁ရက်‌နေ့မှစ၍ လိုင်စင်မဲ့ဆိုင်ကယ်များကို တရားဥပ‌ဒေနှင့်အညီ နိုင်ငံပိုင် သိမ်းဆည်း သွားမည်ဖြစ်‌ကြောင်း သိရသည်။

ဆိုင်ကယ်လိုင်စင်ပြုလုပ်ရာတွင် အ‌ရောင်၊ ‌မော်ဒယ်၊ အ‌ရောင်းအဝယ် သွက်မသွက်အ‌ပေါ် မူတည်ပြီး ‌ဈေးနှုန်းများ သတ်မှတ် ‌ကြောင်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ခံ ဆိုင်ကယ်ပွဲစားတစ်ဦးက ယခုလို ‌ပြောသည်။

သူက “လိုင်စင်‌ကြေးက‌တော့ ‌မော်ဒယ်မြင့်တဲ့ ဆိုင်ကယ်ဆို သုံးသိန်း၊ ‌လေးသိန်း အထက်မှာရှိတယ်။ အခု အမြင့်ဆုံး ‌မော်ဒယ် ‌ကျောက်စိမ်း (Dream)ဆိုရင် လိုင်စင်ခ ‌ခြောက်သိန်း‌လောက် ရှိတယ်။ သူက ‌မော်ဒယ်မြင့်တယ်။ ဝယ်‌ဈေးကလည်း ဘတ်‌ငွေ ၅၃,၀၀၀‌လောက်မှာ ရှိတယ်။ အ‌ရောင်းအဝယ် မသွက်တဲ့ ဆိုင်ကယ်မျိုးဆိုရင်‌တော့ လိုင်စင်ခ ဘတ်(၁၀,၀၀၀)‌ကျော် အဲ‌လောက် ရှိတယ်”ဟု ‌ပြောသည်။

မြဝတီ၊ ‌ကော့ကရိတ်နှင့် ဘားအံမြို့တို့တွင် ဆိုင်ကယ်လိုင်စင်လုပ်သူ နည်းပါးပြီး အခြား ပဲခူး၊ မ‌ကွေးတို့မှ လာသည့်ကုန်သည် များသည် ၎င်းတို့ဝယ်ယူ‌သော ဆိုင်ကယ်များကို လုိုင်စင်ပါ တခါတည်းပြုလုပ်ပြီးမှ ယူ‌ဆောင်သွားသည်ဟု မြဝတီမြို့မှ ဆိုင် ကယ်ပွဲစားတဦးက ‌ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြဝတီမြို့တွင် ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်‌ပေး‌နေ‌သော ကုန်းလမ်းပို့‌ဆောင်‌ရေး ညွှန်ကြား ‌ရေးမှူး ဦးစီးဌာန(ကညန)ရုံးသို့ ဆက်သွယ်‌မေးမြန်းရာ ၎င်းတို့အ‌နေဖြင့် ‌ဖြေကြားခွင့်မရှိ‌ကြောင်း ပြန်လည်‌ပြောဆိုခဲ့သည်။

တရားမဝင်ကားများနှင့် ပတ်သက်၍ လိုင်စင်ထုတ်‌ပေးရန် စစ်အစိုးရက တရားမဝင် ‌ကြေညာထားခြင်း မရှိ‌သော်လည်း ဇွန်လ ၈ရက်‌နေ့က ပြည်နယ် ဥက္ကဌနှင့် ‌ထောက်လှမ်း‌ရေး(စရဖ)တို့ကို ကရင်ပြည်နယ်အတွင်းရှိ အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့ များကို ဖားအံမြို့တွင် ‌ခေါ်ယူ‌တွေ့ဆုံခဲ့ပြီး ယခုလတွင် လက်ရှိ အသုံးပြုခွင့်‌ပေးထား‌သော လိုင်စင်မဲ့ကားများကို စာရင်းတင်ရန် သတိ‌ပေး ‌ပြောဆိုခဲ့‌ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်ခြမ်း၊ မဲ‌ဆောက်မြို့မှ မြဝတီမြို့သို့ ခိုးသွင်းလာ‌သော ဆိုင်ကယ်အစီး‌ရေမှာ တရက်လျှင် ပျမ်းမျှအစီး ၅ဝခန့်ရှိပြီး ကားကို ယခင်က တရက်လျှင် အစီး နှစ်ဆယ်၊ သုံးဆယ် ယူသွင်းခဲ့ကြ‌သော်လည်း ယခုလတွင်မူ တရက် နှစ်စီးခန့်သာ ယူ သွင်းသွားနိုင်သည်ဟု မြို့ခံများက ‌ပြောသည်။

အဆိုပါ ဆိုင်ကယ်များကို မြဝတီမြို့နယ်ရှိ ဒီ‌ကေဘီ‌အေ နယ်စပ်ဂိတ်များဖြစ်သည့် (၁၃)ဂိတ်၊ (၁၁)ဂိတ်နှင့် ဒီ‌ကေဘီ‌အေ တပ် မဟာ (၆၆၆)ဂိတ်တို့မှတဆင့် တရားမဝင် ခိုးသွင်းကြပြီး အများအားဖြင့် Yamaha, Wave, Dream စသည့် ဆိုင်ကယ် အမျိုး အစားများဖြစ်သည်ဟု သိရသည်။