Home အယ်ဒီတာ့အာဘော် ‌ရွေး‌ကောက်ပွဲအကြို လှိုင်းကြီး‌လေထန်မှုများ

‌ရွေး‌ကောက်ပွဲအကြို လှိုင်းကြီး‌လေထန်မှုများ

1234

လက်ရှိ စစ်အစိုးရက ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ ကျင်းပပြုလုပ်မည့် ‌နေ့ရက်အတိအကျကို ထုတ်‌ဖော်‌ပြောဆိုခြင်း မရှိရ‌သေး‌သော် လည်း ‌ရွေး‌ကောက်ပွဲဥပ‌ဒေ ထွက်ရှိလာသည့် မတ်လ (၈)ရက်‌နေ့‌နောက်ပိုင်း မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းများ၌ နိုင်ငံ‌ရေး ဂယက်လှိုင်းထန်မှု များစွာ ဖြစ်ပွားလာခဲ့သည်။

ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥပ‌ဒေတွင် နိုင်ငံ‌ရေးပါတီများအား ရက်‌ပေါင်း ၆ဝအတွင်း မှတ်ပုံတင်ရန် သတ်မှတ်ထား ခဲ့သည်။ ထိုအ‌တောအတွင်း နိုင်ငံ‌ရေးပါတီအဖြစ် မှတ်ပုံတင်‌လျှောက်ထားသည့် ပါတီသစ် ၂၅ဖွဲ့အနက် ၁၃ဖွဲ့မှာစိစစ်ဆဲဖြစ်ပြီး တည်ဆဲပါတီ ၁ဝပါတီထဲမှ ‌လေးပါတီမှာ သတ်မှတ်ထားသည့်ရက် ၆ဝပြည့်မည့် ‌မေလ ၆ရက်အထိ မတိုင်ခင် ပါတီ မှတ်ပုံပြန် တင်ခဲ့ကြသည်။

ထိုအ‌တောအတွင်း ပြီးခဲ့သည့် သကြင်္န်အကျ‌နေ့ ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့တွင် ဗုံး‌ပေါက်ကွဲမှု၊ အကြတ်ရက်၌ ရန်ကုန် ကန်‌တော်ကြီးရှိ X2O ‌ရေကစားမဏ္ဍပ်တွင် ဗုံး‌ပေါက်ကွဲမှု၊ ကချင်ပြည်နယ် မြစ်ဆုံ‌ရေကာတာစီမံကိန်းမှ ‌ပေါက်ကွဲမှုများနှင့် ‌မေလဆန်းက ကယားပြည်နယ် လွိုင်‌ကော်မြို့ ရဲစခန်းတွင် ဖြစ်ပွားခဲ့သည့် အ‌သေခံဗုံး‌ဖောက်ခွဲမှုများသည် ‌ရွေး‌ကောက်ပွဲအ ကြို လှိုင်းထန်မှုများပင်ဖြစ်သည်။

နိုင်ငံ‌ရေးပါတီများ၏ အခန်းကဏ္ဍနှင့် တဆက်တည်းတွင် နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေး ဖိအားများက အပစ်ရပ်တိုင်း ရင်းသားအဖွဲ့များတွင် ဖိအားဂယက် ရိုက်ခတ်လျှက်ရှိသည်။ မွန်၊ ဝ၊ ကချင်၊ ရှမ်း၊ ကယန်းနှင့် မိုင်းလားအထူး‌ဒေသ(၄)တို့က လက်မခံနိုင်ဘဲ စစ်‌ရေးပြင်ဆင်ထားကြသည်။

ကရင်ပြည်နယ်ရှိ အင်အားအကြီးဆုံး အပစ်ရပ်အဖွဲ့ဖြစ်သည့် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော် (ဒီ‌ကေဘီ‌အေ)အတွင်း၌လည်း နယ်ခြား‌စောင့်တပ်အသွင် ‌ပြောင်း‌ရေးကို လက်ခံသူများ၊ လက်မခံသူများနှင့် ဝိဝါဒ ကွဲ‌နေကြသည်။

ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီကလည်း စစ်တပ်အသွင်သဏ္ဍာန်မျိုး ပါသည့် အဖွဲ့အစည်းအဖြစ် လုံးဝ လက်မခံသည့် ၎င်းတို့၏ သ‌ဘောထားကို ဧပြီလ ၂၂ ရက်‌နေ့က နအဖ ဗိုလ်ချုပ်ရဲမြင့်ထံ စာ‌ရေး အ‌ကြောင်းပြန်ခဲ့သည်။

ယခုလို ရှုတ်‌ထွေးကာလအတွင်း နအဖ စစ်တပ်များက ကရင်ပြည်နယ်စပ်တ‌လျှောက် အင်အားပိုမိုတိုးချဲ့ကာ ဧပြီလကုန်ပိုင်းမှ စ၍ ‌နေရာယူထားကြသည်မှာ နယ်ခြား‌စောင့် လက်မခံသူများအား ရှင်းလင်းရန်နှင့် နယ်ခြား‌စောင့်တပ်အတွက် နယ်‌မြေ‌နေရာ ယူလာမှုများ ဖြစ်နိုင်သည်။

စစ်အုပ်စုသည် ‌ရွေး‌ကောက်ပွဲအတွက် အ‌ခြေခံထားသည့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေ၏ အခန်း(၇)တွင် နိုင်ငံ‌တော်အ တွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မ‌တော်၏ ကွပ်ကဲမှု‌အောက်တွင် ရှိရမည်ဟု ‌ဖော်ပြထားသည်။ ၎င်းအပြင် လက်ရှိ အပစ်ရပ်တိုင်းရင်းသားအဖွဲ့များကို နယ်ခြား‌စောင့်တပ်အဖြစ်လည်း‌ကောင်း၊ ပြည်သူ့စစ်များ အဖြစ်လည်း‌ကောင်း အသွင်‌ပြောင်းကာ တပ်မ‌တော်၏ ကာကွယ်‌ရေးဝန်ကြီးဌာန လက်‌အောက်ခံအဖြစ် ‌ပြောင်းလဲဖွဲ့စည်းခြင်းသည်လည်း တည်ရှိဆဲ အဆိုပါအဖွဲ့များကို ဝါးမြိုလိုက်ခြင်းသာပင်။

ထို့အတွက် အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့များအ‌နေဖြင့် ဒွိဟ‌တွေ‌ဝေမ‌နေဘဲ နယ်ခြား‌စောင့်တပ်ကို လက်မခံသည့် အခြား တိုင်းရင်းသားအဖွဲ့များနည်းတူ စစ်‌ရေးအားဖြင့် အဆင်သင့်ရှိ‌နေမှသာလျှင် မကြာမီ ‌ရောက်ရှိလာ‌တော့မည့် ‌ရွေး‌ကောက်ပွဲ၏ လှိုင်းကြီး‌လေထန်မှုများကို တိုက်ပွဲ‌ခေါ်သံများနှင့် ‌ချေဖျက်သွားနိုင်‌တော့ မည် ဖြစ်ပါ‌ကြောင်း။