Home ထိပ်တန်းသတင်း ၉ဝပြည့်နှစ် ‌ရွေး‌ကောက်ပွဲ ပျက်ပြယ်ခြင်း မရှိ‌ကြောင်း အမ်ပီယူ ထုတ်ပြန်‌ကြေညာ

၉ဝပြည့်နှစ် ‌ရွေး‌ကောက်ပွဲ ပျက်ပြယ်ခြင်း မရှိ‌ကြောင်း အမ်ပီယူ ထုတ်ပြန်‌ကြေညာ

2822
မတ်လ ၁၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

၁၉၉ဝပြည့်နှစ် ‌ရွေး‌ကောက်ပွဲရလဒ်မှာ အလိုအ‌လျောက် ပျက်ပြယ်ခြင်းမရှိ‌ကြောင်းနှင့် နအဖ၏ ပြည်သူ့လွှတ်‌တော် ‌ရွေး‌ကောက်ပွဲ ဥပ‌ဒေ‌ဖော်ပြချက်မှာ တရားမဝင်‌ကြောင်း ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်များအဖွဲ့(အမ်ပီယူ)က ယ‌နေ့တွင် ‌ကြေညာချက်ထုတ် ကာ ‌ပြောဆိုလိုက်သည်။

ယ‌နေ့မနက် ၉းဝဝနာရီတွင် (အမ်ပီယူ)မှ ဦး‌ဆောင်၍ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲနှင့် ပတ်သက်သည့် ‌ဆွေး‌နွေးပွဲတရပ်ကို ထိုင်း-မြန်မာ နယ်စပ် တ‌နေရာ၌ ကျင်းပရာတွင် အမ်ပီယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဦးသိန်းဦးက ယခုလို ‌ပြောဆိုခဲ့သည်။

“အမ်ပီယူဟာ ၁၉၉ဝပြည့်နှစ်က ‌ရွေး‌ကောက်ပွဲမှာ အနိုင်ရထားတဲ့ (mandate) လုပ်ပိုင်ခွင့်အာဏာ‌ပေါ်မှာ အ‌ခြေခံပြီး အဖွဲ့ဝင် (၃၆)‌ယောက်နဲ့ ဖွဲ့ထားတာ ဖြစ်တယ်။ ပြည်တွင်းထဲမှာလည်း ၉ဝပြည့်နှစ်‌ရွေး‌ကောက်ပွဲက ရထားတဲ့ (mandate)ကို သုံးပြီး‌တော့ (စီအာရ်ပီပီ)ကို ဖွဲ့တယ်။ တနည်းအားဖြင့် ‌ပြောရရင် ၉ဝပြည့်နှစ် ‌ရွေး‌ကောက်ပွဲမှာ အနိုင်ရထားတဲ့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံ‌ရေး ပါတီ‌တွေဟာ ဖျက်သိမ်းခံရသည်ဖြစ်‌စေ၊ မခံရသည် ဖြစ်‌စေ ဒီ (mandate)ကို ရထားပြီးသားဖြစ်တယ်။ ကျ‌နော်တို့ဟာ လူထုက ခန့်ထားတဲ့ ပုဂ္ဂိုလ်‌တွေ ဖြစ်တယ်။ လူထုက ‌နောက်တကြိမ် ထပ်ပြီး‌တော့ ကိုယ်စားလှယ်‌ရွေးတဲ့အထိ သက်တမ်းရှိတယ်။ ဥပ‌ဒေ ဆိုတာ လုပ်ချင်တိုင်း၊ ‌ပြောချင်တိုင်း ဥပ‌ဒေဖြစ်တာ မဟုတ်ဘူး။ ကျ‌နော်တို့က နအဖနဲ့ challenge လုပ်ထားပါတယ်။ အဲဒါ‌ကြောင့် မို့လို့ ၁၉၉ဝပြည့်နှစ်၊ ရလဒ်ဟာ အလိုအ‌လျောက် ပျက်ပြယ်ခြင်း မရှိ‌ကြောင်း ‌ကြေညာချက်ထုတ်တယ်ဆိုတာ ကျ‌နော်တို့က သူနဲ့ ကိုယ်နဲ့ ထိပ်တိုက် ရင်ဆိုင်ပြီး‌တော့ ဥပ‌ဒေ‌ရေးရာတိုက်ပွဲကို ကျ‌နော်တို့ ဆင်နွှဲလိုက်တာဖြစ်တယ်”ဟု သူက ‌ပြောသည်။

အမ်ပီယူ၏ ဒု-ဥက္ကဌ ‌ဒေါ်စန်းစန်းကလည်း “နအဖက ၉ဝ ပြည့်နှစ် ‌ရွေး‌ကောက်ပွဲ ရလဒ်ကို ပယ်ဖျက်တာကို ကျမတို့ အမ်ပီယူ အ‌နေနဲ့က‌တော့ လုံးဝ လက်မခံဘူးဆိုတာ အတိအလင်း ‌ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ‌နောက် ကျမတို့ အားလုံး သ‌ဘောတူညီချက်အ‌နေနဲ့ နအဖရဲ့ ၂၀၀၈ခုနှစ် နာဂစ်အ‌ခြေခံဥပ‌ဒေကို လုံးဝ လက်မခံဘူး။ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲကိုလည်း မဝင် ဘူး။ ဆန့်ကျင်တယ်။ ကန့်ကွက်တယ်။ သပိတ်‌မှောက်မယ်လို့ ဆုံးဖြတ်ထားတယ်။ ပြည်တွင်းက (အဲန်အယ်လ်ဒီ)နဲ့ (စီအာရ်ပီပီ) ကိုလည်း ဝန်းရံမယ်။ ‌ထောက်ခံမယ်။ စီအာပီပီက‌နေပြီး‌တော့ ပြည်သူ့လွှတ်‌တော်လုပ်မယ်ဆိုရင်လည်း အားလုံးကို ပြတ်ပြတ်သား သား‌ထောက်ခံမယ်။ ဦးဝင်းတင် ‌ပြောတဲ့အတိုင်း ကိုယ်ရှင် သူ‌သေ တိုက်ရ‌တော့မယ့် အချိန်ပဲ”ဟု ‌ပြောဆိုသည်။

နအဖ စစ်အစိုးရသည် ယခုရက်ပိုင်းအတွင်း နိုင်ငံ‌ရေးပါတီ မှတ်ပုံတင်ခြင်း ဥပ‌ဒေကို ထုတ်ပြန်ခဲ့ပြီး အဲန်အယ်လ်ဒီ အပါအဝင် နိုင်ငံ ‌ရေးပါတီများကို ‌ရွေး‌ကောက်ပွဲဝင်‌ရေး မဝင်‌ရေး ဆုံးဖြတ်ရန် ရက် (၆၀)သာ အချိန်‌ပေးထားသည့်အတွက် တိုင်းရင်းသား ‌တော် လှန်‌ရေးအင်အားစုနှင့် အတိုက်အခံနိုင်ငံ‌ရေး အဖွဲ့အစည်းများအ‌နေဖြင့် ‌ရှေ့ဆက် မည်သို့လုပ်‌ဆောင်ရမည်ကို တညီတညွှတ် တည်း ပူး‌ပေါင်း‌ဆောင်ရွက်ကြရန်လည်း သူမက တိုက်တွန်း‌ပြောဆိုသည်။

၁၉၉ဝပြည့်နှစ် ‌ရွေး‌ကောက်ပွဲသည် ပြည်သူလူထု၏ ဆန္ဒအမှန်ကို ထုတ်‌ဖော်ခဲ့ခြင်းဖြစ်သည့်အတွက် ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ အပါ အဝင် သက်ဆိုင်ရာပုဂ္ဂိုလ်များက ‌ရွေး‌ကောက်ပွဲရလဒ်ကို အသိအမှတ်ပြု အ‌ကောင်အထည်‌ဖော်ရန် တာဝန်ရှိ‌ကြောင်း၊ တရားမျှတ မှု မရှိသည့် ဥပ‌ဒေကို ထုတ်ပြန်လိုက်ခြင်းသည် နိုင်ငံ‌တော်၏‌ကျေးဇူးသစ္စာကို ‌ဖောက်ဖျက်ခြင်းနှင့် ကြီးမား‌သော နိုင်ငံ‌ရေးပြစ်မှုကြီး ကျူးလွန်ခြင်းဖြစ်‌ကြောင်း၊ တရားမျှတသည့် ‌ရွေး‌ကောက်ပွဲရလဒ်ကို အ‌ကောင်ထည်‌ဖော်‌ဆောင်ရွက်ခြင်း မရှိသည့် ကာလပတ်လုံး ‌ရွေး‌ကောက်ပွဲ၏ရလဒ်သည် အလိုအ‌လျောက် မပျက်ပြယ်သည်မှာ နိုင်ငံတကာ အသိအမှတ်ပြုသည့် စံချိန်စံညွှန်းဖြစ်‌ကြောင်း အမ်ပီယူ၏ ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သူ ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) တွဲဖက်အတွင်း‌ရေးမှူး(၂) ‌စော‌ဒေါ့‌လေးမူက “နအဖရဲ့ ‌ရွေး‌ကောက်ပွဲ ဥပ‌ဒေကို‌တော့ ကျ‌နော်တို့ လက်မခံပါဘူး။ ဘာဖြစ်လို့လဲဆို‌တော့ ‌ဒေါ်‌အောင်ဆန်းစုကြည်တို့လို ပုဂ္ဂိုလ်‌တွေ ပါခွင့် မရဘူး။ ကျ‌နော်တို့ လိုချင်တာက အားလုံးပါဝင်နိုင်တဲ့ လွတ်လပ်တဲ့ ‌ရွေး‌ကောက်ပွဲဖြစ်ချင်တယ်။ အခု တိုင်းရင်းသားလူနည်းစု ‌တွေရဲ့ အခွင့်အ‌ရေး‌တွေရှိမှာ မဟုတ်ဘူး။ ကျ‌နော်တို့က ဒီ‌ရွေး‌ကောက်ပွဲကို ဆန့်ကျင်တယ်။ ဒီက‌နေ့ အမ်ပီယူရဲ့ သ‌ဘောထားနဲ့ ပတ်သက်လို့ ကျ‌နော်တို့ ‌ခေါင်း‌ဆောင်‌တွေနဲ့ ပြန်တိုင်ပင်ပြီး ဆုံးဖြတ်သွားမှာပါ”ဟု ဆိုသည်။

ထို‌ဆွေး‌နွေးပွဲ၌ စစ်အုပ်စု၏ ‌ရွေး‌ကောက်ပွဲဆိုင်ရာ ဥပ‌ဒေများနှင့်ပတ်သက်၍ တိုင်းရင်းသားတို့၏ အ‌ခြေခံ အခွင့်အ‌ရေးနှင့် ဒီမိုက ‌ရေစီ အ‌ခြေခံအ‌ဆောက်အအုံများကို မည်သို့မျှ ရရှိနိုင်မည် မဟုတ်‌သော‌ကြောင့် ကန့်ကွက်သည့်အ‌နေဖြင့် အမျိုးသားဒီမိုက‌ရေစီ တပ်‌ပေါင်းစု(မဒတ)ကလည်း ‌ကြေညာချက်တ‌စောင် ထုတ်ပြန်ခဲ့သည်။

ယ‌နေ့ပြုလုပ်သည့် နအဖ၏ ၂၀၁ဝ ပြည့်နှစ် ‌ရွေး‌ကောက်ပွဲဥပ‌ဒေနှင့်ပတ်သက်၍ ‌ဆွေး‌နွေးပွဲသို့ ရဟန်းသံဃာ ၃ပါးနှင့် ‌ကေအဲန်ယူ အပါအဝင် တိုင်းရင်းသား‌တော်လှန်‌ရေး အဖွဲ့အစည်းများ၊ အတိုက်အခံ နိုင်ငံ‌ရေးအဖွဲ့များမှ လူပုဂ္ဂိုလ်‌ပေါင်း ၅၀‌ကျော် တက် ‌ရောက်ခဲ့ကြသည်။

အမ်ပီယူအ‌နေဖြင့် “နအဖ၏ ၂၀၁ဝပြည့်နှစ် ‌ရွေး‌ကောက်ပွဲဥပ‌ဒေနှင့် ပတ်သက်၍ သုံးသပ်‌ဆွေး‌နွေးရှင်းလင်းပွဲ” ပြုလုပ်ခဲ့သလို မတ်လ ၁၂ရက်‌နေ့၊ ဦးဝင်းတင်‌မွေး‌နေ့၌လည်း‌ကောင်း၊ မတ်လ ၁၃ရက်‌နေ့ ရန်ကုန်စက်မှုတက္ကသိုလ် ‌ကျောင်းသား ကိုဖုန်း‌မော် ကျဆုံးသည့်‌နေ့၌လည်း‌ကောင်း နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲများ ပြုလုပ်ခဲ့ကြပြီး ‌ရှေ့ဆက်၍လည်း ပြုလုပ်သွားမည်ဟု သိရသည်။