Home သတင်း ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အဖွဲ့ဝင်အမည်စာရင်း စစ်အစိုးရ ထုတ်ပြန်‌ကြေညာ

‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အဖွဲ့ဝင်အမည်စာရင်း စစ်အစိုးရ ထုတ်ပြန်‌ကြေညာ

2450
မတ်လ ၁၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

၂၀၁ဝ ခုနှစ်အတွင်း ပါတီစုံဒီမိုက‌ရေစီ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ ‌အောင်မြင်စွာ ကျင်းပနိုင်‌ရေးအတွက်ဟုဆိုကာ ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အဖွဲ့ဝင် (၁၇)ဦး၏ အမည်စာရင်းကို ယ‌နေ့ည‌နေ ၄းဝဝနာရီ၌ နအဖ စစ်အစိုးရပိုင် မြန်မာ့ရုပ်မြင်သံ ကြား (MRTV)တွင် ထုတ်ပြန်‌ကြေညာလိုက်သည်။

ပြည်‌ထောင်စုသမတ မြန်မာနိုင်ငံ‌တော် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပုဒ်မ ၄၄၃နှင့် နိုင်ငံ‌တော် ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး ‌ကောင်စီ၏ ဥပ‌ဒေ အမှတ် ၁/၂၀၁ဝ နှင့် ပြဌာန်းထား‌သော ၂၀၁ဝပြည့်နှစ်၊ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် ဥပ‌ဒေပုဒ်မ ၃ တို့အရ ‌အောက်ပါပုဂ္ဂိုလ်များ ပါဝင်သည့် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ကို ဖွဲ့စည်းလိုက်‌ကြောင်း ‌အောက်ပါ အဖွဲ့ဝင် ပုဂ္ဂိုလ်အမည်များကို ‌ကြေညာလိုက်ခြင်းဖြစ်သည်။

၁။ ဦးသိန်းစိုး(ဥက္ကဌ)
၂။ ဦးအင်‌ဇော်‌နောင် (အဖွဲ့ဝင်)
၃။ ဦးခင်‌မောင်နု (အဖွဲ့ဝင်)
၄။ ဦး‌စောဘလှိုင် (အဖွဲ့ဝင်)
၅။ ‌ဒေါက်တာဘ‌မောင် (အဖွဲ့ဝင်)
၆။ ဦးညွန့်တင် (အဖွဲ့ဝင်)
၇။ ဦး‌မောင်သာလှ (အဖွဲ့ဝင်)
၈။ ‌ဒေါက်တာစိုင်းခမ်းလှိုင် (အဖွဲ့ဝင်)
၉။ ဦး‌အောင်မြင့် (အဖွဲ့ဝင်)
၁၀။ ဦးမြင့်နိုင် (အဖွဲ့ဝင်)
၁၁။ ‌ဒေါက်တာ တင်‌အောင်‌အေး (အဖွဲ့ဝင်)
၁၂။ ‌ဒေါက်တာ ‌ဒေါ်မြင့်ကြည် (အဖွဲ့ဝင်)
၁၃။ ‌ဒေါ်ခင်လှမြင့် (အဖွဲ့ဝင်)
၁၄။ ဦးသာဦး (အဖွဲ့ဝင်)
၁၅။ ‌ဒေါက်တာ‌မောင်ထူး (အဖွဲ့ဝင်)
၁၆။ ဦးသာ‌ဌေး (အဖွဲ့ဝင်)
၁၇။ ဦးဝင်းကြည် (အဖွဲ့ဝင်)တို့ ဖြစ်သည်။

ဤ‌ကြေညာချက်၌ ‌ကော်မရှင်အဖွဲ့ဝင်ပုဂ္ဂိုလ်အမည် ‌ဖော်ပြအပြီး ‌အောက်ဆုံးတွင် “အမိန့်အရ/ ပုံ သီဟသူရ တင်‌အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး အတွင်း‌ရေးမှူး(၁)၊ နိုင်ငံ‌တော် ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ”ဟု ပါရှိသည်။

စစ်အစိုးရသည် မတ်လ (၉)ရက်‌နေ့က အခန်း(၄)ခန်းပါဝင်သည့် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥပ‌ဒေကို ထုတ်ပြန်ကာ ၄ရက်အကြာတွင် ‌ကော်မရှင်အဖွဲ့ဝင် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၊ ပြည်ပနှင့် နိုင်ငံတကာက ‌ရွေး‌ကောက်ပွဲနှင့်ပတ်သက်၍ တရားမျှတမှုမရှိ‌ကြောင်း ‌ဝေဖန်သည့်ကြားမှ ‌ရွေး‌ကောက်ပွဲဥပ‌ဒေများ တခုပြီးတခု ယခုလို ထွက် ‌ပေါ်လာခြင်း ဖြစ်သည်။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲဥပ‌ဒေကို စစ်အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြား (MRTV)၌ မတ်လ ၈ရက်၊ ည‌နေ (၄)နာရီတွင် ‌ကြေညာခဲ့ပြီး ယင်း‌ကြေညာချက်တွင် ‌ရွေး‌ကောက်ပွဲဥပ‌ဒေ၊ ပြည်သူ့လွှတ်‌တော်ဥပ‌ဒေ၊ နိုင်ငံ‌ရေးပါတီဖွဲ့ခွင့်ဥပ‌ဒေ၊ အမျိုးသားလွှတ်‌တော် ဥပ‌ဒေ နှင့် တိုင်း‌ဒေသကြီး လွှတ်‌တော်ဥပ‌ဒေတို့ ပါဝင်ခဲ့သည်။

ယခုဆိုလျှင် စစ်အစိုးရသည် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥပ‌ဒေနှင့် နိုင်ငံ‌ရေးပါတီ မှတ်ပုံတင်ခြင်း ဥပ‌ဒေကို ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။