Home သတင်း ‌ရွေး‌ကောက်ပွဲမတိုင်ခင် ‌ကေပီအက်ဖ်ကို တပ်ရင်းတခုတည်းထားမည်

‌ရွေး‌ကောက်ပွဲမတိုင်ခင် ‌ကေပီအက်ဖ်ကို တပ်ရင်းတခုတည်းထားမည်

1931
ဇန်နဝါရီလ ၁၃ရက်။ ‌နော်ဆာခူ‌ဖော (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ‌ဟောင်သ‌ရော‌ဒေသတွင် အ‌ခြေစိုက်သည့် ကရင်ငြိမ်းချမ်း‌ရေးတပ်ဖွဲ့ (‌ကေပီအက်ဖ်)၏ တပ်ရင်း သုံးရင်းကို ‌ရွေး‌ကောက်ပွဲမတိုင်ခင် တပ်ရင်းတခုတည်းသာ ထားရှိသွားရန် နအဖ တိုင်းမှူးက ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယပတ်က ညွန်ကြားခဲ့‌ကြောင်း သိရသည်။

နအဖ အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းသည် ၎င်းတို့ဌာနချုပ်ရှိရာ မွန်ပြည်နယ်၊ ‌မော်လမြိုင်‌တောင်ဝိုင်း၌ ‌ကေပီအက်ဖ်မှ တာဝန်ရှိသူများအား ‌ခေါ်ယူ‌တွေ့ဆုံခဲ့ကာ ထိုသို့ ညွန်ကြားလိုက်ပြီးဖြစ်သည်ဟု ‌ကေပီအက်ဖ် အဖွဲ့ဝင်တဦးက ယခုလို ‌ပြောသည်။

“တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက ‌ကေပီအက်ဖ် တာဝန်ရှိသူ‌တွေကို ‌မော်လမြိုင် ‌တောင်ဝိုင်းမှာ ‌ခေါ်‌တွေ့ပြီး လက်ရှိ တပ်ရင်းသုံးရင်းကို နယ်ခြား‌စောင့်အဖြစ် တပ်ရင်းတရင်းထဲ ထားဖို့‌ပြောတယ်။ အဲဒီကိစ္စကို ကျ‌နော်တို့ တာဝန်ရှိသူ‌တွေအ‌နေနဲ့က သ‌ဘောမတူဘဲနဲ့လည်း လက်ခံခဲ့ရတယ်”ဟု ဘုရားသုံးဆူ အ‌ခြေစိုက် ‌ကေပီအက်ဖ် တပ်ရင်း(၃)မှ အရာရှိတဦးက ‌ပြောသည်။

သို့‌သော် လက်ရှိအချိန်တွင် ‌ကေပီအက်ဖ် ဥက္ကဌဖြစ်သူ ‌စောသူမူဟဲသည် ဦး‌ခေါင်းအ‌နောက်ခြမ်းတွင် ကင်ဆာ‌ရောဂါ ခံစား‌နေရသဖြင့် ကျန်းမာ‌ရေး အ‌ခြေအ‌နေ ဆိုးရွားလာ‌နေ‌ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရပြီး အဆိုပါတပ်အသစ် ဖွဲ့စည်း‌ရေးကို ဦးစီးလုပ်‌ဆောင် နိုင်ခြင်း မရှိ‌ပေ။

ထို့အတွက် ‌ကေပီအက်ဖ် တပ်ရင်း(၃)မှ ယာယီတပ်ရင်းမှူး ဗိုလ်မန်းလင်းဝင်းနှင့် အဖွဲ့ဝင် ၇ဦးတို့သည် အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ် တည်ရှိရာ ‌မော်လမြိုင်‌တောင်ဝိုင်း၌ နအဖ ‌ခေါင်း‌ဆောင်များနှင့် ‌ဆွေး‌နွေးရန် ယခုလ ၉ရက်‌နေ့က သွား‌ရောက်ခဲ့ပြီး ‌ဆွေး‌နွေးမှုကို လာ မည့် ၁၅ရက်‌နေ့ကျမှသာ ပြုလုပ်သွားမည်ဟု သိရသည်။

နအဖတပ်များသည် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲမတိုင်ခင် ‌ကေပီအက်ဖ်၊ ဒီ‌ကေဘီ‌အေတပ်ဖွဲ့များအား နယ်ခြား‌စောင့်တပ်အဖြစ်ထားရန် တရားဝင် ‌ကြေညာချက် မထုတ်ပြန်ရ‌သေး‌သော်လည်း ဗိုလ်မှူးချုပ်‌စောထင်‌မောင် ဦးစီးသည့် ငြိမ်းချမ်း‌ရေး‌ကောင်စီ အပါအဝင် ကရင် အပစ်ရပ်အဖွဲ့သုံးဖွဲ့၏ တပ်အင်အား၊ ‌ကျေးရွာများရှိ လူဦး‌ရေစာရင်းနှင့် ‌ကျေးရွာ‌မြေပုံအညွန်း မှတ်တမ်းများကို ရယူထားရန် စစ်ဦးစီးမှူး ဗိုလ်မှူးကြီးသန့်ဇင်ဦးအား ညွန်ကြားထားခဲ့သည်။

‌စောသူမူဟဲ ဦးစီးသည့် ‌ကေပီအက်ဖ်တပ်ဖွဲ့သည် ၁၉၉၇ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၂၄ရက်‌နေ့တွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ) တပ်ရင်း (၁၆)မှ ခွဲထွက်ကာ တပ်အင်အား ၂၀၀‌ကျော်ဖြင့် ‌ကော့ကရိတ်မြို့နယ်၊ ကြိတ်‌ကျေးရွာ၌ နအဖ တပ်မ(၄၄)ထံ သွား‌ရောက်ပူး‌ပေါင်းခဲ့သည်။