Home သတင်း ဒီ‌ကေဘီ‌အေ ပစ်ခတ်မှု‌ကြောင့် ထိုင်းရွာလူကြီးတဦး ‌ဆေးရုံတက်ရ

ဒီ‌ကေဘီ‌အေ ပစ်ခတ်မှု‌ကြောင့် ထိုင်းရွာလူကြီးတဦး ‌ဆေးရုံတက်ရ

1947
ဇန်နဝါရီလ ၁၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ‌ဝေါ်‌လေ‌ဒေသတွင် အ‌ခြေချလှုပ်ရှား‌နေ‌သော ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များ၏ ပစ် ခတ်မှု‌ကြောင့် ထိုင်းရွာလူကြီးတဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ‌ဆေးရုံတက်လိုက်ရသည်ဟု သတင်းရရှိသည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ (၅)လက်‌အောက်ခံ ဒုဗိုလ်မှူးကြီး ‌စောမဲ့လယ်‌ဟေး ဦး‌ဆောင်သည့် (၉၀၇) တပ်ရင်းမှ တပ်ဖွဲ့ ဝင်နှစ်ဦးသည် ယမန်‌နေ့ညက ထိုင်းဘက်ခြမ်းရှိ အူးဖူးထာ့‌ကျေးရွာမှ (ဖူ့‌ချွေ့)‌ခေါ် ရွာလူကြီးဖြစ်သူ ချားချိုင်းအား ၎င်း၏‌နေအိမ်သို့ ဝင်‌ရောက်ပစ်ခတ်ခဲ့သည်ဟု အပစ်ခံရသူ၏ ‌ဆွေမျိုးတဦးက ‌ပြောသည်။

၎င်းက “ည ၈း၄၅မိနစ်မှာ ဒီ‌ကေဘီ‌အေ နှစ်‌ယောက်က ချားချိုင်း‌နေအိမ်ကို ဝင်ပြီး‌တော့ ချာချိုင်းကို ‌သေနတ်နဲ့ နှစ်ချက်ပစ်တယ်။ တချက်က ‌ပေါင်မှာထိတယ်။ ‌နောက်တချက်က ဆီးအိမ်တည့်တည့်ကို ထိတယ်။ လာပစ်တဲ့လူရဲ့ မျက်နှာကို‌တော့ ကျ‌နော်တို့ မမြင်လိုက်ရဘူး။ ချာချိုင်း ပစ်ခံရပြီးပြီးချင်းမှာပဲ ကျ‌နော်တို့ ဖိုးဖ‌ဆေးရုံးကို ပို့တယ်။ ဖို့ဖက ဆရာဝန်‌တွေ မတတ်နိုင်တဲ့အခါကျ‌တော့ မဲ‌ဆောက်‌ဆေးရုံကို ကျ‌နော်တို့တန်းပို့လိုက်တယ်။ အ‌ခြေအ‌နေက ‌တော် ‌တော်ဆိုးတယ်။ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်” ဟု ‌ပြောသည်။

အဆိုပါ အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ ဒီ‌ကေဘီ‌အေဘက်ကို ဆက်သွယ်၍မရ‌သော်လည်း ချားချိုင်းသည် ယခင်က ၎င်း ဒီ‌ကေဘီ‌အေတပ်ဖွဲ့နှင့် စီးပွား‌ရေး လုပ်‌ဖော်ကိုင်ဘက်များဖြစ်ပြီး ယခုဖြစ်ပွားမှုသည် အဓိက အ‌ကြောင်းအရင်း ၂ရပ်ရှိ ‌ကြောင်း အူးဖူးထာ့ ရွာသူကြီး (ဖူ့ယိုင်)တီးဒါက ‌ပြောသည်။

“ဒီ‌ကေဘီ‌အေ သူ့ကိုလာပစ်သွားတဲ့ကိစ္စဟာ ပထမတချက်က ဒီ‌ကေဘီ‌အေ ‌လော့ထယ်(လယ်ထွန်စက်)တစီး ဝယ်တဲ့ အချိန်မှာ သူ့(ချားချိုင်း)နာမည်နဲ့ခံထားပြီး‌တော့ ပိုက်ဆံပြန်မဆပ်ဘူး။ ပိုက်ဆံမဆပ်‌တော့ အဲဒီ‌လော့ထယ်ကို သူသွား ယူလိုက်တယ်။ ‌နောက်တချက်က ‌ကော်သူး‌လေ(‌ကေအဲန်ယူ)‌တွေနဲ့‌ပေါင်းတာကို ဒီ‌ကေဘီ‌အေက သူ့ကို မ‌ကျေနပ်လို့ လာပစ်သွားတာဖြစ်နိုင်တယ်” ဟု ရွာသူကြီးက မှတ်ချက်ချသည်။

လွန်ခဲ့သည့် ၂၀၀၉ခုနှစ် ‌အောက်တိုဘာလတုန်းကလည်း အဆိုပါ ဒီ‌ကေဘီ‌အေ (၉၀၇)တပ်ရင်းက ထိုင်းနိုင်ငံ၊ တာ့ခ်ခ ရိုင်၊ အုန်းဖန်မြို့နယ်အတွင်းရှိ မယ်က‌လောခီး‌ကျေးရွာတွင် ဝင်‌ရောက်ပစ်ခတ်ခဲ့ရာ ရွာသား (၃)ဦး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

‌ကေအဲန်ယူ၊ တပ်မဟာ(၆)နယ်‌မြေရှိ ‌ဝေါ်‌လေ‌ဒေသတွင် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)လက်‌အောက်ခံ (၉၀၁)၊ (၉၀၆)၊ (၉၀၇) တပ်ရင်းများနှင့် နအဖ စစ်တပ် စကခ (၈)လက်‌အောက်ခံ ခမရ (၄၀၉) တပ်ရင်းတို့လှုပ်ရှား‌နေသလို ကရင်အမျိုး သားလွတ်‌မြောက်‌ရေးတပ်မ‌တော်(‌ကေအဲန်အယ်လ်‌အေ) ၂၀၁ တပ်ရင်းတို့လည်း လှုပ်ရှားလျှက်ရှိသည်။