Home သတင်း စစ်‌ပြေးဒုက္ခသည်များ ‌နေရပ်ပြန်‌ရေး ထိုင်းအကြီးအကဲ လာ‌ရောက်‌ပြောဆို

စစ်‌ပြေးဒုက္ခသည်များ ‌နေရပ်ပြန်‌ရေး ထိုင်းအကြီးအကဲ လာ‌ရောက်‌ပြောဆို

1971
ဇန်နဝါရီလ ၂၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ်ရှိ နိုဘိုးရွာ ဒုက္ခသည်စခန်းတွင် အ‌ခြေချ‌နေထိုင်‌သော စစ်‌ပြေး ကရင်ဒုက္ခသည် များကို ‌နေရပ်သို့ပြန်ရန် ဇန်နဝါရီလ ၂ဝရက်‌နေ့က အမှတ်(၃) တိုင်းမှူးကိုယ်တိုင် လာ‌ရောက်ဖိအား‌ပေး‌ပြောဆိုခဲ့သည်ဟု နို ဘိုးစခန်းတာဝန်ရှိသူတဦးက ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းက “အမှတ်(၃)တိုင်းမှူး နိုင်ထနွန်ဆာ့အဖိလာ့ယူထီက သူ့လူ‌တွေနဲ့ မ‌နေ့က ဒီကို ‌လေယာဉ်ပျံနှစ်စီးနဲ့ လာတယ်။ တာ့ခ်ခ ရိုင်ထဲမှာ ဒုက္ခသည်စခန်း‌တွေ ထပ်မတိုးချဲ့‌တော့ဘူးတဲ့။ ‌နောက် ဟိုဘက်ကမ်းမှာ တိုက်ပွဲ‌တွေ မရှိ‌တော့ဘူး။ ဒါ‌ကြောင့် ဒီစခန်း မှာရှိတဲ့သူ‌တွေ အကုန်ပြန်ရမယ်လို့ လာ‌ပြောသွားတယ်”ဟု ဇန်နဝါရီ ၂၁ရက်‌နေ့က ‌ပြောဆိုသည်။

‌နေရပ်ပြန်‌ရေးကိစ္စနှင့် ပတ်သက်၍ နိုဘိုးစခန်းကို လုံခြုံ‌ရေးတာဝန်ယူ‌ပေးရ‌သော ထိုင်းနယ်စပ် လုံခြုံ‌ရေးတပ် ထာ့ဟန်ဖန်းအဖွဲ့ ‌ခေါင်း‌ဆောင် ဖုကွန်နို့ပတွန်နှင့် ဖုကွန်ဖရီးချားနှစ်ဦးတို့သည် ဒုက္ခသည်များကို အပြင်းထန်ဆုံး ဖိအား‌ပေးသူများဖြစ်ပြီး ၎င်းတို့ လုံခြုံ‌ရေးအဖွဲ့ထဲမှ ကရင်စကား‌ပြောတတ်သူများကို အသုံးချကာ ယခုနှစ်ဆန်းပိုင်းမှစ၍ နိုဘိုးစခန်းရှိ ဒုက္ခသည်များအား ‌နေ ရပ်သို့ပြန်ရန် တအိမ်တက် တအိမ်ဆင်း လိုက်လံ‌ပြောဆိုခိုင်းခဲ့သည်ဟု သိရသည်။

“ဒီနှစ်‌ယောက်က‌တော့ ‌တော်‌တော်ဆိုးတယ်။ သူတို့က ကျ‌နော်တို့ ပြန်ချင်တယ်ဆိုပြီး အထက်ကိုတင်ပြ‌တော့ တိုင်းမှူးက ဆင်းလာတာပဲ။ ကျ‌နော်တို့ကိုလည်း တိုင်းမှူးက ‌မေးရင် ပြန်ချင်တယ်လို့ ‌ပြောရမယ်တဲ့။ ကျ‌နော်တို့က ‌ကြောက်‌တော့ ဟုတ် တယ်လို့ပဲ ‌ပြော‌ပေးရတာ‌ပေါ့။ ကျ‌နော်တို့ ဒီမှာ မတတ်သာလို့ ‌နေရတာပါ။ ကျ‌နော်တို့နယ်‌မြေ အ‌ခြေအ‌နေ‌ကောင်းလာရင် ‌တော့ ပြန်ခိုင်းစရာ‌တောင် မလိုပါဘူး”ဟု သူက ‌ပြောသည်။

ယင်းသို့ အာဏာပိုင်များ၏ ဖိအား‌ပေးမှု‌ကြောင့် ပြီးခဲ့သည့်အပတ်က နိုဘိုးစခန်းမှ အိမ်‌ထောင်စုတစု ၎င်းတို့၏ ‌နေရပ်သို့ပြန်ရာ လမ်းခုလတ်တွင် ထိုမိသားစုထဲမှ ကိုယ်ဝန်‌ဆောင်အမျိုးသမီးတဦး မိုင်းနင်းမိခဲ့သည့်အ‌ပေါ် ‌ကြောက်လန့်မိ‌ကြောင်း နိုဘိုးစခန်း တွင် ‌နေထိုင်သူ ‌စောမူးက‌ပေါ်က ယခုလို ‌ပြောသည်။

၂၀၀၉ခုနှစ်က နိုဘိုးရွာသို့ ‌ရောက်ရှိလာသည် ဒုက္ခသည်များ(ပုံ-‌ကေအိုင်စီ)
၂၀၀၉ခုနှစ်က နိုဘိုးရွာသို့ ‌ရောက်ရှိလာသည် ဒုက္ခသည်များ(ပုံ-‌ကေအိုင်စီ)

“သူတို့က ဖားအံခရိုင်၊ ပိုင်ကျုံ(တာကရယ်)မြို့နယ်၊ ဝါ့က‌လေ့ကလားရွာကို ပြန်တာ။ လမ်းမှာ ဗုံးထိ‌တော့ အခု ‌သေလားရှင် လား ကျ‌နော်တို့ မသိဘူး။ ဒါကိုကြားရ‌တော့ ‌ကြောက်တယ်။ မပြန်ရဲဘူး။ လမ်းမှာ ဗုံး‌တွေအများကြီး ရှိ‌နေအုံးမှာပဲ”ဟု သူက ‌ပြောသည်။

ထိုင်းအာဏာပိုင်များ၏ ပိုမိုဖိအား‌ပေးလာမှုကို ‌ဖြေရှင်း‌ပေးရန် စခန်းတာဝန်ရှိသူများက ကရင်ဒုက္ခသည်များ‌ကော်မတီ (‌ကေ အာရ်စီ)ကို တင်ပြထား‌သော်လည်း လက်ရှိအချိန်တွင် ‌ကေအာရ်စီသည် ‌ရွေး‌ကောက်ပွဲနှင့် တိုက်ဆိုင်‌နေသဖြင့် မည်သည့်အ ‌ကြောင်းမှ ပြန်ကြားမှုမရှိ‌သေး‌ကြောင်း သိရသည်။

အဆိုပါဒုက္ခသည်များ ပြန်လည်‌နေရာချထား‌ရေးအတွက် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ ‌အေ) တပ်မဟာ(၉၉၉)မှ တပ်ရင်း(၇)မှူး ဒုဗိုလ်မှူးကြီး ‌စောလိုက်သိမ့် ဦး‌ဆောင်‌သောအဖွဲ့သည် ယခုလ ၂၅ရက်‌နေ့တွင် ထိုင်းအာဏာပိုင်များနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးရန်ရှိသည်ဟုလည်း စခန်းတာဝန်ရှိသူများက ‌ပြောဆိုသည်။

အဆိုပါဒုက္ခသည်များသည် ၂၀၀၉ခုနှစ်၊ ဇွန်လက ‌ကေအဲန်ယူ တပ်မဟာ (၇)နယ်‌မြေကို နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းတပ် တို့ ထိုးစစ်ဆင်ရာမှ ထိုင်းဘက်ခြမ်းသို့ ထွက်‌ပြေးလာသည့် ကရင်ရွာသူရွာသား ၄,၀၀ဝခန့်ဖြစ်ပြီး ထိုင်းအာဏာပိုင်များက ထာ့ ‌ဆောင်ယန်းမြို့နယ်ရှိ အူးသူးထာ့၊ နိုဘိုး၊ မဲ့တရီနှင့် သ‌လေ့ထာ့ စသည့်‌နေရာများတွင် ယာယီခိုလှုံခွင့်‌ပေးထားပြီး နိုဘိုးစခန်း တွင် လက်ရှိအချိန်၌ ဒုက္ခသည်ဦး‌ရေ ၁,၀၀ဝနီးပါးရှိ‌ကြောင်း သိရသည်။