Home သတင်း စစ်တပ်မှ ‌ပေါ်တာ‌ခေါ်ရာတွင် အမျိုးသမီးများကို ပိုအသုံးပြုလာ

စစ်တပ်မှ ‌ပေါ်တာ‌ခေါ်ရာတွင် အမျိုးသမီးများကို ပိုအသုံးပြုလာ

2078
ဇန်နဝါရီလ ၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်တွင် အ‌ခြေချလှုပ်ရှား‌နေ‌သော နအဖစစ်တပ်များသည် ယခုနှစ်ဆန်းပိုင်းတွင် တပ်ရိက္ခာ ပို့‌ဆောင်‌ရေးအတွက် ‌ပေါ်တာ‌ခေါ်ရာ တွင် အမျိုးသမီးများကို ပိုမိုအသုံးပြုလာသည်ဟု နယ်စပ်သတင်းများအရ သိရသည်။

ယခုနှစ် ဇန်နဝါရီလ ၁ရက်‌နေ့က ကရင်ပြည်နယ် ‌မြောက်ပိုင်း ‌တောင်ငူခရိုင်တွင် အ‌ခြေချလှုပ်ရှား‌နေ‌သော နအဖစစ်တပ် (စစ်ကွပ်ကဲ‌ရေးဌာန ချုပ်) စကခ(၇)တပ်ဖွဲ့သည် ၎င်းတို့တပ်ရိက္ခာပို့‌ဆောင်ရန်အတွက် ထန်းတပင်မြို့နယ်က က‌လောမီးဒဲရွာသား (၃၀)ဦး‌ပေါ်တာဆွဲခဲ့ရာတွင် အမျိုး သမီး (၂၀)ဦး ပါဝင်သည့်အပြင် အဆိုပါ နအဖစစ်တပ်သည် ဇန်နဝါရီလ ၄ရက်‌နေ့နှင့် ၅ရက်‌နေ့တွင်လည်း က‌လောမီးဒဲရွာသား (၁၄၀)ဦးကို ထပ်မံ ‌ပေါ်တာဆွဲရာ ထိုအထဲတွင် ရွာသူအမျိုးသမီး (၆၀)ဦး ပါဝင်ခဲ့သည်ဟု ထန်းတပင်မြို့နယ်မှ လာသည့်သတင်းအရ သိရသည်။

ထို့အပြင် လွန်ခဲ့သည့် ရက်အနည်းငယ်ကလည်း ကရင်ပြည်နယ်‌တောင်ပိုင်း ဘိတ်ထားဝယ်ခရိုင်ရှိ နအဖစစ်တပ် (စစ်ကွပ်ကဲ‌ရေးဌာနချုပ်) စက ခ(၂၀)က ‌ရှေ့တန်းစစ်မျက်နှာ၌ စစ်ရိက္ခာ သယ်‌ဆောင်ရန် ‌ဒေသခံကရင်ရွာသားများကို ‌ပေါ်တာဆွဲရာတွင်လည်း အမျိုးသမီးငယ်‌လေးများ ပါဝင် ‌ကြောင်း သိရသည်။

နအဖစစ်တပ်များသည် တပ်ရိက္ခာပို့‌ဆောင်ရာ၌ ကရင်ပြည်သူများကို ‌ပေါ်တာဆွဲရာတွင် ကရင်အမျိုးသမီးများကို ယခင်ကထက် ပိုမို‌ခေါ်‌ဆောင် အသုံးပြု‌နေသည့်အ‌ပေါ် ကရင်အမျိုးသမီးအစည်းအရုံး(‌ကေဒဗလျူအို)၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး နန်းဒါးအဲကလယ်က ရှုတ်ချ‌ပြောဆိုသည်။

သူမက “အရင်တုန်းက အမျိုးသမီး‌တွေကို ‌ပေါ်တာ‌ခေါ်တယ်ဆို‌ပေမယ့် အနည်းအကျဉ်း‌လောက်ပဲ‌ခေါ်တယ်။ အခုပို‌ခေါ်လာတဲ့အ‌ပေါ်မှာ နအဖ စစ်အစိုးရဟာ သူတို့ သ‌ဘောတူ လက်မှတ်‌ရေးထိုးထားတဲ့ စီ‌ဒေါစာချုပ်နဲ့ အခု ဖြစ်ပျက်‌နေတဲ့ အ‌ခြေအ‌နေကို ကြည့်မယ်ဆိုရင် လုံးဝ ဆန့်ကျင် ‌နေပါတယ်။ အမှန်ဆိုရင် သူတို့ သ‌ဘောတူထားတဲ့ စီ‌ဒေါစာချုပ်အရ လိုက်နာကျင့်သုံးသင့်ပါတယ်။ အခုဟာက မလိုက်နာတာထက် ပိုဆိုးလာ တာတဲ့အ‌ပေါ်မှာ ကျမတို့ လုံးဝ ရှုတ်ချတယ်။ ဘာဖြစ်လို့လဲဆို‌တော့ တိုင်းရင်းသားနယ်‌မြေက တိုင်းရင်းသူ‌တွေကို အရင်ကထက် ဖိနှိပ်ချင်တဲ့ သ‌ဘောပဲ”ဟု ယ‌နေ့ ‌ပြောသည်။

အလားတူပင် နအဖစစ်အစိုးရ လုပ်ရပ်နှင့်ပတ်သက်ပြီး အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ အကြံ‌ပေးအဖွဲ့ဝင် နန်းဆိုင်‌နှောင်းက ယခုလို ‌ထောက်ပြသည်။ “နအဖစစ်အစိုးရဟာ နိုင်ငံတကာမှာ ဘယ်လို‌ပြောထားလဲဆို‌တော့ မြန်မာနိုင်ငံက အမျိုးသမီး‌တွေဟာ မ‌မွေးခင်ကတည်းက လူ့အခွင့်အ‌ရေး‌တွေကို ခံစားခဲ့ရပြီးလို့ ‌ပြောတယ်။ အဲဒါကို ပြန်ပြီး‌တော့ ‌ချေပရမယ်ဆို လို့ရှိရင်‌တော့ ဒါဟာ လုံးဝ မဟုတ်မမှန်တာ‌တွေ သူတို့ ‌ပြောတာပဲ။ ဘာဖြစ်လို့လဲဆိုရင် ဒီ‌ပေါ်တာဆွဲတာအပြင် ကိုယ်ဝန်‌ဆောင်အမျိုးသမီး‌တွေကို‌တောင်မှ အစုလိုက်အပြုံလိုက် အဓမ္မ မုဒိမ်းကျင့်ခံရ တာ‌တွေ ရှိတယ်။ သူတို့‌ပြောတဲ့ စကားနဲ့ လုံးဝမ ဟုတ်ဘူး‌လေ။ တကယ့်အဖြစ်အပျက်က အဲဒီအတိုင်းမှမဟုတ်တာ”ဟု ‌ပြောသည်။

နိုင်ငံ‌တော်‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ(နအဖ)က စီ‌ဒေါ နိုင်ငံတကာသ‌ဘောတူစာချုပ်ကို ၁၉၉၇ခုနှစ်တွင် လက်မှတ်‌ရေးထိုးခဲ့ ‌သော်လည်း မြန်မာနိုင်ငံရှိ အမျိုးသမီးများအ‌ပေါ် ကာကွယ်မှုတစုံတရာမှ မရှိသည့်အပြင် အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်ခံရမှုများ ပို၍များ ပြားလာသည်ကို မြန်မာအမျိုးသမီးများ အဖွဲ့အစည်းအသီးသီးက အစီရင်ခံစာများ ‌ရေးသား‌ထောက်ပြခဲ့ကြသည်။