Home တွေ့ဆုံမေးမြန်းခန်း KNU ဖားအံခရိုင် ကိုဗစ်‌ကော်မတီ၏တာဝန်ခံ ‌စော‌ဂျောနှင့် ‌မေးမြန်းချက်

KNU ဖားအံခရိုင် ကိုဗစ်‌ကော်မတီ၏တာဝန်ခံ ‌စော‌ဂျောနှင့် ‌မေးမြန်းချက်

1609
Photo: KDHW

KNU- ကရင်အမျိုးသားအစည်းအရုံးဖားအံခရိုင်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်းကူးစက်မှုနှင့်ပတ်သက်ပြီး ခရိုင်၏ ကိုဗစ်‌ကော်မတီ၏တာဝန်ခံ ‌စော‌ဂျောနှင့် ‌မေးမြန်းထားသည်များကို ‌ဖော်ပြလိုက်ပါသည်။

‌မေး – လတ်တ‌လော KNU ဖားအံခရိုင် အုပ်ချုပ်နယ်‌မြေထဲမှာ ကိုဗစ်တတိယလှိုင်း ကူးစက်မှုအ‌ခြေအ‌နေ ဘယ်လို ရှိလဲ။
ကူးစက်မှုအ‌ခြေအ‌နေက‌တော့ ကျ‌နော်တို့လူ‌တွေရဲ့ရတဲ့ သတင်းအချက်အလက်အရ ပိုင်ကျုံနဲ့ နဘူးမှာ အဲ့ဒီမှာ ထိစပ်နယ်‌မြေမှာကျ‌တော့ ပိုး‌တွေ့တဲ့လူနာရှိလာပြီးလို့‌တော့ ကျ‌နော်တို့ ကြားရတယ်။ ပိုး‌တွေ့တဲ့ လူနာ‌တွေက ကြားတာ‌တော့ ‌လေးဆယ်‌ကျော်‌လောက် ရှိတယ်။

‌မေး – ကိုဗစ်တတိယလှိုင်းကို KNU ဖားအံခရိုင် အုပ်ချုပ်နယ်‌မြေမှာ ဘယ်အချိန်‌လောက်က စတင်ဖြစ်ပွား ‌တွေ့ရှိတာလဲ။
လွန်ခဲ့တဲ့ ၆ လပိုင်းမှာ ကျ‌တော့ ကျ‌နော်တို့ဆီမှာ မ‌တွေ့ရ‌သေးဘူး။ ဒီတလအတွင်းမှာ တချို့မြို့နဲ့ နီးတဲ့‌နေရာ‌တွေမှာ ပြန်ပြီး‌တော့ ‌တွေ့ရတဲ့အ‌နေအထားက ဒီ ၆ လပိုင်းအကုန် ၇ လပိုင်းအစမှာ ကျ‌နော်တို့ပြန်‌တွေ့ရတယ်။

‌မေး – KNU ဖားအံခရိုင် အုပ်ချုပ်နယ်‌မြေအတွင်းမှာ ကိုဗစ်ဆိုင်ရာ ပညာ‌ပေးအစီအစဉ်နဲ့ ကာကွယ်တားဆီး‌ရေး အစီအစဉ်‌တွေကို ဘယ်လိုလုပ်‌ဆောင်‌နေလဲ။
ကာကွယ်တဲ့အ‌နေနဲ့ကျ‌တော့ ဒီသက်ဆိုင်ရာ ရပ်ရွာ၊ ရွာလူကြီး ‌ကျေးနယ်ကို‌ခေါ်ပြီး‌တော့ အဓိက လူဝင်၊ လူထွက် ‌စောင့်ကြည့်မှု‌ပေါ့၊ ဒီတတိယလှိုင်းမှာ ဒီမြို့နယ်ခွဲတို့ကို ‌မေးကြည့်‌တော့ အရင်တုန်းကလို စစ်‌ဆေး‌ရေးဂိတ် ထားပြီး‌တော့ မလုပ်နိုင်‌တော့ဘူး။ ဘာ‌ကြောင့်လဲဆို‌တော့ လူအင်အားအရ ‌သော်လည်း‌ကောင်း၊ ‌မြေပြင်အ‌နေ အထားအရ ‌သော်လည်း‌ကောင်း၊ လုံခြုံ‌ရေးအရ‌သော်လည်း‌ကောင်း သူတို့အဲ့ဒါကို မလုပ်နိုင်‌တော့ဘူး။ ဒါ‌ပေမယ့် သက်ဆိုင်တဲ့ ဒီ‌ကျေးရွာ လူကြီးက‌နေတဆင့် လူအဝင်အထွက်ကို သူတို့‌စောင့်ကြည့်ဖို့ ‌ပြောထားပြီးသားပဲ ဖြစ်တယ်။ ဒီလိုအပ်တဲ့ ပစ္စည်း‌တွေကျ‌တော့ ကျ‌နော်တို့ ပို့‌ပေးတာ‌ပေါ့။ ပိုစတာတို့ လက်‌ဆေးဆပ်ပြာရည်တို့ ပို့‌ပေးတယ်။

‌တွေ့တဲ့လူနာကျ‌တော့ lock down ချတာ‌ပေါ့။ အပြင်မထွက်ရတာတို့ အပြင်ကလူက အတွင်းထဲကို မဝင်ဖို့ လုပ်ထားတယ်။ ကျ‌နော်တို့ အရင်တုန်းကလို လမ်းမကြီးက‌တော့ ပိတ်လို့မရဘူး‌လေ။ ဒါက အဓိက ရွာထဲမှာဝင်မယ့်လမ်းကျ‌တော့ အထူးသဖြင့် သူစိမ်း(ဧည့်သည်)‌တွေ ဘာ‌တွေလာရင်‌ပေးမဝင်ဘူး။ အဲ့ဒါ‌တွေ အဓိကလုပ်ထားတယ်။

Photo: KDHW

‌မေး – ဖားအံခရိုင် အထူးသဖြင့် နယ်စပ်‌ဒေသဘက်ဘက်ခြမ်းမှာ ပိုး‌တွေ့လူနာ အ‌ခြေအ‌နေ‌ကော ဘယ်လိုရှိပါသလဲ။ ကိုဗစ်ပိုး‌တွေ့ရှိတဲ့ လူနာ‌တွေကို ‌ဆေးကုသ‌ပေးမှုအ‌ခြေအ‌နေက ဘယ်လိုရှိသလဲ။
ကျ‌နော်တို့ ဒီ‌ဒေသခံမှာကျ‌တော့ မ‌တွေ့ဘူး။ ဒါ‌ပေမယ့် နိုင်ငံ‌ရေးအရ ခိုလှုံလာတဲ့ လူ‌တွေထဲမှာ ‌တွေ့တာရှိတယ်။ ‌လော‌လောဆယ်အ‌နေအထား တချို့ကျ‌တော့ဖြစ်ပြီးသားဟာကို လာပြီး‌တော့ ပြန်စစ်ရင်လည်း ‌ပေါ်တဲ့လူရှိတယ်။ ဆို‌တော့ အဲ့ဒါက အသစ်ပဲဆိုရင် ၄ ‌ယောက်‌လောက် ကျ‌နော်တို့‌တွေ့ရတယ်။ ‌ဆေးဝါးနဲ့ ပတ်သက်ပြီး‌တော့ ကျ‌နော်တို့ ‌ထွေ‌ထွေထူးထူး‌တော့ လုပ်‌ပေးတာလို့မရ‌သေးဘူး။ ဒီမြို့နယ်အဆင့်‌ပေါ့‌နော်။ ကျ‌နော်တို့ ဌာနချုပ်မှာ ကျ‌တော့ ကျ‌နော်တို့ ဗဟိုနဲ့‌ပေါင်းပြီး‌တော့ စီစဉ်ထားတာ ရှိတယ်။ ဒါ‌ပေမယ့် ‌ဆေးကုသရမယ့်အ‌နေအထား‌တော့ တစ်‌ယောက်မှ မ‌တွေ့ရ‌သေးဘူး။ အခုပိုး‌တွေ့တဲ့ လူနာထဲမှာ။ ကျန်းမာ‌ရေး‌ကောင်းပါတယ်။ ပြီး‌တော့ ဘာလက္ခဏာမှလည်း မ‌ပေါ်ဘူး။

ကျ‌နော်တို့အခု ‌တွေ့ရှိတဲ့လူနာ‌တွေက ‌လော‌လောဆယ် ကျ‌နော်တို့ဆီမှာရှိတဲ့ ‌ဆေးရုံ၊ ‌ဆေးခန်းမှာ‌တော့ ‌ရောက်မလာဘူး။ စစ်‌ကောင်စီ ‌ဆေးရုံ၊ ‌ဆေးခန်းမှာပဲ သူတို့စစ်တာ ‌ပေါ်တာရှိတယ်။ အဲ့လိုပဲ။ အဲ့ဒါ ဒီ‌ရော‌နှော ဧရိယာမှာ‌ပေါ့‌နော်။ ကျ‌နော်သိရသ‌လောက်‌တော့ သူတို့ကို သီးသန့်သူများစီစဉ်ထားတဲ့အ‌ဆောင်မှာပဲ သွားထားတယ်လို့ သိရတယ်။

‌မေး – KNU ဖားအံခရိုင် နယ်‌မြေအတွင်းမှာ ကိုဗစ်ကူးစက်ခံရပြီး ပြန်လည်‌ကောင်းမွန်လာသူ အ‌ရေ အတွက် ဘယ်‌လောက်ရှိလဲ။
ကျ‌နော်တို့‌တွေ့တဲ့လူ‌တွေထဲမှာကျ‌တော့ တ‌ယောက်မှ ဆိုးဆိုးရွားရွား‌တော့ ဘာမှမဖြစ်ဘူး။ ‌ဆေးဝါးကုသရမယ့် အတိုင်းအတာထိလည်း မရှိ‌သေးဘူး။ အ‌ကောင်းပကတိပဲရှိတယ်။ ဒီ ၄ ‌ယောက်ထဲမှာ‌ပေါ့ ကျန်းကျန်းမာမာပါပဲ။ ဘာလက္ခဏာမှ မပြဘူး။ ဒါ‌ပေမယ့် ဆွက်ဘ်(swab) ကိုယူကြည့်ပြီး‌တော့ ‌ပေါ်‌တော့ သူတို့ကို သီးသန့်ထား ထားတယ်။ ကျ‌နော်တို့ သတ်မှတ်ထားတဲ့ရက်ကို သီးသန့်ထားပြီးမှ ပြန်ထုတ်တာလည်း ရှိတယ်။ အဲ့ဒီ‌လေး ‌ယောက်စလုံးကျ‌တော့ ဘာမဖြစ်ဘူး။

‌မေး – အကယ်၍ လိုအပ်လာလို့ ‌ဆေးကုသမှု ခံယူမယ်ဆိုရင် ‌ဆေးဝါးလိုအပ်ချက်နဲ့ ကျန်းမာ‌ရေးဝန်ထမ်း လုံ‌လောက်မှုက ဘယ်လိုအ‌ခြေအ‌နေမှာရှိလဲ။
အကယ်၍များ လူနာများလာခဲ့‌သော် ကျ‌နော်တို့လိုအပ်မှု‌တော့ ရှိ‌နေတာ‌ပေါ့။ ဒါ‌ပေမယ့် အဲ့ဒီအပိုင်းကျ‌တော့ ကျ‌နော်တို့ ဗဟိုက‌နေ သူတို့ စီစဉ်ထားတာရှိပြီးသား‌လေ။ ဒီကိုဗစ်စစ်မယ့်စက် မြို့နယ်တစ်ခုမှာ တစ်လုံးထား ထားဖို့ စီစဉ်ထားတယ်။ ဒါ‌ပေမယ့် ‌လော‌လောဆယ်‌တော့ မရ‌သေးဘူး။ ဘယ်‌တော့ရမလဲဆိုတာ‌တော့ ကျ‌နော်လည်း မ‌ပြောတတ်ဘူး၊ ဗဟိုက‌နေ ‌မေးကြည့်မှပဲ သိမယ် ထင်တယ်။ ‌လော‌လောဆယ် ကျ‌နော်တို့ဆီမှာ ဗဟိုနဲ့ ခရိုင်မှာ တွဲပြီး‌တော့ လုပ်ရတာ ဒီကုသမှုနဲ့ပတ်သက်ပြီး ကျ‌နော်တို့ စီစဉ်ထားတာရှိတယ်။ တစ်‌နေရာပဲရှိတယ်။ ကျ‌နော်တို့ ဌာနချုပ်မှာ‌ပေါ့‌နော်။ ကျန်တဲ့အပိုင်းကျ‌တော့ ကာကွယ်မှုအ‌နေနဲ့ပဲ လုပ်ထားလို့ရ‌သေးတယ်။

Photo: KDHW

‌မေး – လက်ရှိ ကိုဗစ်တတိယလှိုင်း ကူးစက်မှုအ‌ခြေအ‌နေနဲ့ပတ်သက်ပြီး အုပ်ချုပ်နယ်‌မြေအတွင်းမှာရှိတဲ့ ပြည်သူလူထု‌တွေကို ဘာများ တိုက်တွန်းချင်ပါသလဲ။
လူတိုင်းမှာ အားလုံးတာဝန်ရှိတယ်‌ပေါ့။ ကျ‌နော်‌ပြောချင်တာက ဒီကိုယ့်ရဲ့ကာကွယ်မှု ကိုယ်က‌နေတဆင့် သူများ ကို မကူး‌အောင် ဒါက လူတိုင်းမှာတာဝန်ရှိတယ်လို့ ကျ‌နော်တိုက်တွန်းချင်တယ်။ ပြီး‌တော့ အခု ဒုတိယလှိုင်းနဲ့ တတိယလှိုင်းစပ်ကြား ကာကွယ်မှုနဲ့ပတ်သက်ပြီး‌တော့ ကျ‌နော်ကြည့်တာ ကိုဗစ်ကာကွယ်မှု နဲ့ပတ်သက်ပြီး နည်းနည်း‌လေး အားမရတာရှိတယ်။ တချို့ကျ‌တော့ mask တို့ မတပ်ဘဲနဲ့ ခရီးသွားတာတို့။ ဆိုလိုချင်တာက ဒါက ကိုယ့်ရဲ့တစ်ဦးတစ်‌ယောက်‌သော်လည်း‌ကောင်း မိသားစု‌သော်လည်း‌ကောင်း အပြင်ထွက်ရင် mask တပ်ဖို့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ ‌ပြောချင်တယ်‌ပေါ့‌နော်။

‌နောက်တစ်ခုကျ‌တော့ ပြီးခဲ့တဲ့ ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ စစ်‌ဆေး‌ရေးဂိတ် ၁၃ ‌နေရာ ထား ထားတာ ရှိတယ်။ ဒီမြို့နယ် ခရိုင်တစ်ခုလုံးအတိုင်းအတာ အ‌နေနဲ့။ အခု‌လော‌လောဆယ် ကျ‌နော်တို့ အ‌နေအထားအရ ပြန်ကြည့်ရင် အဲ့ဒီ ဒုတိယလှိုင်းတုန်းက အ‌ခြေအ‌နေက နည်းနည်း‌လေးထိန်းချုပ်လို့ရတဲ့ အ‌နေအထားမှာ ကျ‌နော်တို့ ရပ်ထားတဲ့ စစ်‌ဆေး‌ရေးဂိတ်‌တွေကို အခု တတိယလှိုင်းမှာ ပြန်ပြီးဖွင့်ဖို့ ပြန်စီစဉ်‌ဆွေး‌နွေးတုန်း ပဲ‌ပေါ့‌နော်။ ဂိတ် ၁၃ ‌နေရာ‌တော့ ပြန်ဖွင့်မှာ မဟုတ်ဘူး၊ ဘာ‌ကြောင့်လဲဆို‌တော့ တချို့‌နေရာ‌တွေ လုံခြုံ‌ရေးအပိုင်းနဲ့ ပတ်သက်ပြီး‌တော့ ပြန်ပြီး‌တော့ ‌နေရာပြန်လည်စိစစ်ရမယ့် ‌နေရာ‌တွေ ရှိတယ်။ အခု ‌လေး‌နေရာ၊ ငါး‌နေရာ‌လောက်‌တော့ ပြန်ဖွင့်ဖို့ စီစဉ်ထားတယ်။ ကျ‌နော်တို့ ပြန်ဖွင့်လို့ရမယ့် အ‌နေအထားမှာပဲ ကျ‌နော်တို့ ပြန်ဖွင့်မယ်။ ဒါ‌ပေမယ့် ဒီမြို့နယ် ကျန်းမာ‌ရေးအဖွဲ့နဲ့ ပြန်ပြီး‌တော့ ‌ဆွေး‌နွေးရမယ်။ သူတို့ ဘယ်နှစ်‌နေရာ‌လောက် ဖွင့်ဖို့စီစဉ်ထားလဲ။ အဲ့ဒါတစ်ချက် ပြန်‌ဆွေး‌နွေးရမယ်။