Home တွေ့ဆုံမေးမြန်းခန်း မြဝတီ ဖလူး ပစ်ခတ်မှုအ‌ခြေအ‌နေအ‌ပေါ် ခွဲထွက် DKBA စစ်ဦးစီးချုပ် ‌ပြောဆိုချက်

မြဝတီ ဖလူး ပစ်ခတ်မှုအ‌ခြေအ‌နေအ‌ပေါ် ခွဲထွက် DKBA စစ်ဦးစီးချုပ် ‌ပြောဆိုချက်

24621

ကရင်ပြည်နယ်၊ မြဝတီမြို့‌တောင်ဘက် ဖလူးရွာတွင် လတ်တ‌လော ဖြစ်ပွား‌နေသည့် ခွဲထွက် DKBA နှင့် စစ်‌ကောင်စီ၊ BGF ပူး‌ပေါင်းတပ်ဖွဲ့အကြား ပစ်ခတ်မှုအ‌ပေါ် DKBA မှ ဗိုလ်ချုပ်‌စော‌ကျော်သက် ‌ပြောဆိုချက်

မနက် ၁၂ နာရီ ၄၇မိနစ်ကတည်းက စပြီး ‌တောက်‌လျှောက်ပစ်‌နေကြတာ။ စစ်‌ကောင်စီကို သတ်မှတ်‌နေရာကို မလာဖို့ ကျ‌နော်တို့ ‌ပြောတယ်။ မလာနဲ့လို့ ‌ပြောတာကို လာတဲ့အတွက် ပစ်ရတာပဲ။ အခုက ကျ‌နော်တို့က One command နဲ့ ကျန်တဲ့ တခြား လက်နက်ကိုင်‌တွေနဲ့ပါ‌ပေါင်းပြီး ပစ်‌နေကြတာဖြစ်တယ်။ G-z ‌လေး‌တွေလည်း ပါတယ်။

အရပ်သား‌တွေ‌တော့ တိမ်း‌ရှောင်ခိုင်းရတာ‌ပေါ့။ မ‌ရှောင်ခိုင်းဘူးဆိုရင် သူပစ် ကိုယ်ပစ်က ပြည်သူကို ထိခိုက် နိုင်တယ်‌လေ။ အခုအချိန်ထိ‌တော့ ဘယ်‌လောက် တိမ်း‌ရှောင်‌နေရပြီးလဲဆိုတာ အ‌ရေအတွက် အတိအကျ မသိနိုင်‌သေး ဘူး။ အခုက ထိုင်းဘက်ခြမ်းကို ‌ပြေး‌နေရတာ‌ပေါ့။

အခုက စစ်‌ကောင်စီတစ်ဖွဲ့ထဲမကဘူး။ BGF လည်းပါတယ်။ အခုက မလာနဲ့လို့ ‌ပြောတာကို လာတဲ့အတွက် ပစ်ကြတာပဲ။ မလာရင်‌တော့ ပစ်စရာအ‌ကြောင်းကို မရှိတာ။ ‌နောက်ပြီး ဟိုတစ်‌နေ့က ဖမ်းလိုက်တဲ့ ရဲ‌တွေကိုလည်း ဒီ‌နေ့ ပြန်လွှတ်ခိုင်းလိုက်ပြီ။ ရဲ‌တွေကို‌တော့ သွားရှုပ်တာမျိုး မလုပ်ဘူး။

အများပြည်သူ‌တွေ စစ်‌ကောင်စီကို လက်မခံသလို ကျ‌နော်တို့အ‌နေနဲ့လည်း စစ်‌ကောင်စီကို လက်မခံဘူး။ အဲ့လို ပြည်သူ‌တွေနဲ့ ရပ်တည်တဲ့အတွက် အခုလို တိုက်ပွဲဖြစ်ရတာပါပဲ။ ‌နောက်ပြီး စစ်အာဏာရှင်ကို ကျ‌နော်တို့မှ မဟုတ်ဘူး။ ကမာ္ဘတစ်ဝှမ်း လုံးကလည်း လက်မခံတဲ့အတွက် ဒီအာဏာရှင်ကို လူထု‌ကော၊ တခြားလက်နက်ကိုင်အဖွဲ့ ‌တွေအားလုံးစု‌ပေါင်းပြီး အမြစ်ပြတ်‌ချေမှုန်းဖို့လိုတယ်။

‌နောက်ပြီး ကိုယ့်ကရင်အမျိုးသားအချင်းချင်းမှာလည်း ပြန်လည်စည်းရုံးပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုရှိရှိ လက်တွဲလုပ်‌ဆောင်ကြမယ်ဆိုရင် ဒီ အာဏာလုယူထားတဲ့ စစ်‌ကောင်စီတပ်‌တွေအ‌နေနဲ့ မလွဲမ‌သွေ ကျဆုံးမှာပဲ။ စစ် ‌ကောင်စီအ‌နေနဲ့ ဆက်ပြီး အာဏာရယူထားအုံးမယ်၊ နယ်‌မြေတိုးချဲ့‌နေအုံးမယ်ဆိုရင် တိုက်ပွဲက ဒီထက်မက ပိုပြင်းထန် လာဖို့ပဲ ရှိမယ်။