Home သတင်း အုပ်ချုပ်နယ်‌မြေအတွင်း စစ်‌ကောင်စီတပ် ဂိတ်ချစစ်‌ဆေးမှုလုပ်‌ဆောင်သည့်ကိစ္စ လုံးဝလက်မခံနိုင်‌ကြောင်း KNU ‌ပြော

အုပ်ချုပ်နယ်‌မြေအတွင်း စစ်‌ကောင်စီတပ် ဂိတ်ချစစ်‌ဆေးမှုလုပ်‌ဆောင်သည့်ကိစ္စ လုံးဝလက်မခံနိုင်‌ကြောင်း KNU ‌ပြော

3530

‌မေလ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

KNU -ကရင်အမျိုးသားအစည်းအရုံး ‌ညောင်‌လေးပင်ခရိုင် (တပ်မဟာ ၃)၊ ‌ကျောက်ကြီးမြို့နယ် အုပ်ချုပ် ‌ရေးနယ်‌မြေအတွင်း စစ်‌ကောင်စီတပ်မှ ပြည်သူသွားလာသည့် လမ်းမကြီး‌ပေါ်တွင် ဂိတ်ချစစ်‌ဆေးမှု ပြုလုပ်သည့် ကိစ္စနှင့်ပတ်သက်၍ လုံးဝလက်မခံနိုင်‌ကြောင်း KNU ‌ကျောက်ကြီးမြို့နယ်က ‌မေလ ၁၂ ရက်‌နေ့တွင် သ‌ဘော ထားထုတ်ပြန်ကာ ‌ပြောဆိုလိုက်သည်။

KNU ‌ကျောက်ကြီးမြို့နယ်တွင် စစ်‌ကောင်စီတပ်ဘက်မှ ‌ဒေသခံရွာသားများသွားလာသည့် လမ်းမ‌ပေါ်တွင် ဂိတ်ချ ၍သွားလာ ‌နေသည့် ပြည်သူများ၏ ကား၊ ဆိုင်ကယ်များကို ရှာ‌ဖွေစစ်‌ဆေး‌မေးမြန်းမှုများ လုပ်‌ဆောင်‌နေ သည့် အတွက် လုံးဝလက်ခံနိုင်ခြင်းမရှိ‌ကြောင်း KNU ‌ကျောက်ကြီးမြို့နယ် အတွင်း‌ရေးမှူးပဒို‌စောဆာဝါးက ‌ပြောသည်။

၎င်းက “ အရင်က စစ်‌ဆေး‌ရေးဂိတ် ချထားတာမရှိဘူး၊ သူတို့တပ်က ဟိုးအထဲမှာ၊ ပြည်သူလူထု‌တွေလည်း အစက လွတ်လွတ်လပ်လပ်ပဲ သွားလာလို့ရတယ်။ ကျ‌နော်တို့ KNU ဘက်ကလည်း သူတို့ကိုဘာမှမလုပ်ဘူး။ စစ်စခန်း ‌တွေလည်းတည်ငြိမ်တာဘဲ ၊ ဒါ‌ပေမယ့် ဒီလို ‌အေး‌အေးချမ်းချမ်းရှိ‌နေတဲ့အ‌ခြေအ‌နေကို ဒီလိုဂိတ်‌တွေ လာချတဲ့အ‌ပေါ်မှာ‌တော့ အ‌ပြောင်းအလဲ‌တော့ ဖြစ်လာနိုင်တာ‌ပေါ့” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

စစ်‌ကောင်စီတပ် ခလရ (၆၀) တပ်ရင်း လက်‌အောက်ခံဖြစ်သည့် မာလာဦးပြည်သူ့ စစ်စခန်းနှင့် ဆိတ်ကြီးလမ်းဆုံ‌ပေါ်တွင် စစ်‌ဆေး‌ရေးဂိတ်ချပြီး သွားလာ‌နေသည့် ကား၊ ဆိုင်ကယ်များကို စစ်‌ဆေး ‌မေးမြန်းမှုရှိသလို ပဒဲ‌ကော‌ကျေးရွာနှင့် တုံးတံတား‌ကျေးရွာရှိ လမ်းမကြီး‌ပေါ်တွင်လည်း ဂိတ်ချ စစ်‌ဆေးခြင်းများပြုလုပ်‌နေသည်ဟု KNU ‌ကျောက်ကြီးမြို့နယ်၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

၎င်းတို့ အုပ်ချုပ်သည့်နယ်‌မြေတွင် ‌ဆောင်ရွက်‌နေသည့် အုပ်ချုပ်‌ရေးလုပ်ငန်းများကိုလည်း စစ်‌ကောင်စီဘက်မှ ဝင်‌ရောက်‌နှောင့်ယှက်ခြင်းရှိသည့်အပြင် လူထုများကို ‌ခြောက်လှန့် ခြိမ်း‌ခြောက်ခြင်း၊ အကြမ်းဖက် အ‌ရေး ယူခြင်းနှင့် အကြပ်ကိုင်ခြင်းများကို လုပ်‌ဆောင်မှုရှိသည့်အတွက် ယင်းလုပ်‌ဆောင်ချက်များကိုလည်း လုံးဝလက်ခံမည်မဟုတ်‌ကြောင်း ထုတ်ပြန်ချက်တွင် ‌ပြောဆိုထားသည်။

မိမိ‌ဒေသအတွင်း ပဋိပက္ခများ မကြီးပွား‌စေ‌ရေးအတွက် အာဏာသိမ်းစစ်‌ကောင်စီ၏ ယခုလို လုပ်‌ဆောင်ချက်များ ကို လုံးဝလက်ခံနိုင်ခြင်းမရှိသလို ‌ကျောက်ကြီးမြို့နယ်အ‌နေဖြင့် KNU ဗဟိုနှင့် ခရိုင်တို့၏ ဦး‌ဆောင်မှု‌အောက် တွင်ရပ်တည်‌သော အဖွဲ့ ဖြစ်သည့်အတွက် အုပ်ချုပ်‌ရေးကိစ္စနှင့်ပတ်သက်၍ ဗဟိုနှင့် ခရိုင်လမ်းညွှန်မှုအတိုင်း ဆက်လက် ရပ်သည်သွားမည်ဖြစ်‌ကြောင်းလည်း ထုတ်ပြန်ထားသည်။