Home သတင်း လှိုင်းဘွဲမြို့တွင် ကိုဗစ်ကာကွယ်‌ဆေး ပထမဆုံးအကြိမ် ထိုးနှံ

လှိုင်းဘွဲမြို့တွင် ကိုဗစ်ကာကွယ်‌ဆေး ပထမဆုံးအကြိမ် ထိုးနှံ

1000

ဧပြီ ၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့တွင် ကိုဗစ်‌ရောဂါကာကွယ်‌ဆေးကို စစ်‌ကောင်စီ တပ်မိသားစုဝင်များနှင့် ရွာသူရွာသားများအား လှိုင်းဘွဲမြို့ ‌အောင်ဆန်းခန်းမ၌ ဧပြီလ ၄ ရက်‌နေ့မှစ၍ ပထမဆုံးအကြိမ် စတင်ထိုးနှံလျက်ရှိသည်ဟု သိရသည်။

ကိုဗစ်ကာကွယ်‌ဆေးထိုးနှံပြီးသူ တစ်ဦးက “ အရင်ဆုံးသူတို့က ‌သွေး‌ပေါင်ချိန်တိုင်းတယ်။ ပြီး‌တော့ ၃ မိနစ်‌လောက်နားပြီးမှ ကာကွယ်‌ဆေးထိုး‌ပေးတယ်။ ‌ဆေးထိုးပြီး‌တော့ ပုံမှန်အတိုင်းပဲ တခြားဘာမှ မဖြစ်ဘူး။ ”ဟု ယ‌နေ့ ဧပြီ ၆ ရက်‌နေ့တွင် ‌ကေအိုင်စီ သို့ ‌ပြောသည်။

လှိုင်းဘွဲမြို့တွင် ဧပြီ ၄ ရက်‌နေ့မှစ၍ ယ‌နေ့ ဧပြီ ၆ ရက်‌နေ့အထိ ကာကွယ်‌ဆေးထိုးနှံပြီးသူ ၃၀ဝ ဦး‌ကျော်ရှိပြီဟု တာဝန်ရှိသူများထံမှ သိရသည်။

ကိုးဗစ်ကာကွယ်‌ဆေးကို ၂ ကြိမ် ထိုးရမှာဖြစ်ပြီး ဒုတိယအကြိမ်ကို လာမယ့် ‌မေလတွင်ထိုးနှံမည်ဖြစ်‌ကြောင် းသိရသည်။