Home သတင်း အချက်ငါးချက်ပါ ‌တောင်းဆိုစာ ကုလလုံခြုံ‌ရေး‌ကောင်စီထံ ‌ပေးပို့မည်ဟု လူမျိုး‌ပေါင်းစုံ သပိတ်‌ကော်မတီ‌ပြော

အချက်ငါးချက်ပါ ‌တောင်းဆိုစာ ကုလလုံခြုံ‌ရေး‌ကောင်စီထံ ‌ပေးပို့မည်ဟု လူမျိုး‌ပေါင်းစုံ သပိတ်‌ကော်မတီ‌ပြော

2010

‌ဖေ‌ဖေါ်ဝါရီ ၂၄ရက်၊ ၂၀၂၁ခုနှစ်။ ‌စောထွန်းလင်း

ကုလသမဂ္ဂ လုံခြုံ‌ရေး‌ကောင်စီ (UNSC) ထံသို့ လူမျိုး‌ပေါင်းစုံ အ‌ထွေ‌ထွေသပိတ်‌ကော်မတီ (General Strike Committee of Nationalities-GSCN) က ‌တောင်းဆိုချက် ငါးချက်ပါ အိတ်ဖွင့်‌ပေးစာတစ်‌စောင် ‌ပေးပို့သွားမည်ဟု ‌ကော်မတီတာဝန်ရှိသူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

လူမျိုး‌ပေါင်းစုံ အ‌ထွေ‌ထွေသပိတ်‌ကော်မတီ၏ ယ‌နေ့ (‌ဖေ‌ဖေါ်ဝါရီ ၂၄) ရက်တွင် ပဉ္စမအကြိမ် စစ်‌ကြောင်းချီ ဆန္ဒထုတ်‌ဖော်ပွဲကို ‌မြေနီကုန်း တံတား‌အောက်တွင်စုရပ်လုပ်၍ စမ်း‌ချောင်းမြို့နယ် ကျွန်း‌တောလမ်း၊ ကမာရွတ်မြို့နယ် နာနတ်‌တော်လမ်းမှတစ်ဆင့် ဗဟိုလမ်း၊ လှည်းတန်းလမ်းဆုံသို့ လူမျိုး‌ပေါင်းစုံ ‌သောင်းချီက ချီတက်ဆန္ဒပြခဲ့သည်။

လှည်းတန်းလမ်းစုံတွင် ‌ဟော‌ပြောပွဲကျင်းပခဲ့ပြီး ‌ကော်မတီအ‌နေဖြင့် ကုလသမဂ္ဂ လုံခြုံ‌ရေး ‌ကောင်စီထံ ‌ပေးပို့မည် အိတ်ဖွင့်‌ပေးစာကို ဖတ်ကြားခဲ့ပြီး အဆိုပါ အိတ်ဖွင့်‌ပေးစာတွင် လက်ရှိ လူမျိုးစု‌ဒေသများတွင် တပ်မ‌တော်၏ ရပ်တန့်‌ပေးရန် ဖိအား‌ပေးခြင်း၊ ပြည်သူလူထု လုံခြုံ‌ရေးကို အ‌ကြောင်းပြုကာ တပ်မ‌တော်မှ စစ်အင်အားပြခြင်း (ဥပမာ- တင့်ကားများ၊ ‌ရေကားများ၊ စစ်လက်နက်များ အသုံးပြုပြီး မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ် ‌ဖော်‌နေသည့် ပြည်သူလူထုများကို ခြိမ်း‌ခြောက်အကြမ်းဖက်ဖြိုခွင်းမှုများ၊ ရပ်တန့်‌ပေးရန် ဖိအား‌ပေးခြင်း) စသည့် အချက်တို့ကို ‌တောင်းဆိုထားသည်။

ထို့အပြင် လူသားချင်းစာနာမှု အ‌ထောက်အပံ့များ ဆက်လက်‌ပေးရန်၊ ‌ဖေ‌ဖော်ဝါရီ ၁ ရက်မှစ၍ လွတ်လပ်စွာ သတင်းရယူခွင့်များ ပိတ်ပင်‌နေခြင်းအ‌ပေါ် ရပ်တန့်သွားရန် ဖိအား‌ပေးခြင်း၊ အ‌နောက်နိုင်ငံများနှင့် အာရှနိုင်ငံများမှ မြန်မာနိုင်ငံတွင် တိုက်ရိုက်ဖြစ်‌စေ၊ သွယ်ဝိုက်၍ ဖြစ်‌စေ၊ စီးပွား‌ရေးလုပ်ငန်းများ လုံးဝမလုပ်‌ဆောင်ရန် ဖိအား‌ပေးခြင်း၊ မြန်မာနိုင်ငံအ‌နေဖြင့် လူမျိုး‌ပေါင်းစုံပါဝင်‌သော စု‌ပေါင်း‌ခေါင်း‌ဆောင်မှုရှိသည့် ကြားဖြတ်အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ရန် ကုလလုံခြုံ‌ရေး‌ကောင်စီအ‌နေဖြင့် တိုက်တွန်းနိုး‌ဆော်ရန် ‌တောင်းဆို‌ကြောင်း ‌ဖော်ပြထားသည်။

လူမျိုး‌ပေါင်းစုံ အ‌ထွေ‌ထွေသပိတ်‌ကော်မတီကို တိုင်းရင်းသားလူမျိုး ၂၇ မျိုးဖြင့် ‌ဖေ‌ဖေါ်ဝါရီ ၁၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ‌ကော်မတီသို့ တခြားလူမျိုးများလည်း လာ‌ရောက်ပူး‌ပေါင်းခဲ့‌ကြောင်း ‌ကော်မတီ ထံမှသိရသည်။

‌ကော်မတီအ‌နေဖြင့် စစ်အာဏာရှင်စနစ် ဖျက်သိမ်း‌ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်း‌ရေး၊ ဖက်ဒရယ်ဒီမိုက‌ရေစီပြည်‌ထောင်စု တည်‌ဆောက်‌ရေး၊ မတရားဖမ်းဆီးခံရသူများလွတ်‌မြောက်‌ရေး စသည့်ဘုံ‌ကြွေး‌ကြော်သံများကိုစွဲကိုင်ကာ သပိတ်‌မှောက်‌နေခြင်းဖြစ်‌ကြောင်း သိရသည်။