Home သတင်း နယ်စပ် ‌သောင်ရင်းမြစ်ကူး တရားမဝင် လိုင်စင်မဲ့‌မော်‌တော်ယာဉ် ၆၈ စီးနှင့် စက်‌လှေ ၁ စီး သက်ဆိုင်ရာသိမ်းဆည်း

နယ်စပ် ‌သောင်ရင်းမြစ်ကူး တရားမဝင် လိုင်စင်မဲ့‌မော်‌တော်ယာဉ် ၆၈ စီးနှင့် စက်‌လှေ ၁ စီး သက်ဆိုင်ရာသိမ်းဆည်း

5260

ဒီဇင်ဘာ ၁၂ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ထိုင်းနိုင်ငံဘက်ခြမ်းမှ ‌သောင်ရင်းမြစ်မှ တစ်ဆင့် တရားမဝင်ခိုးကူးထားသည့် ‌မော်‌တော်ယာဉ် (၆၈)စီးကို မြဝတီခရိုင်ရဲတပ်ဖွဲ့ နှင့် တပ်မ‌တော် ပူး‌ပေါင်းအဖွဲ့တို့က သိမ်းဆည်းလိုက်‌ကြောင်း သိရသည်။

ယမန်‌နေ့ ဒီဇင်ဘာ ၁၁ ရက်‌နေ့ မွန်းလွဲ၊ (၃) နာရီအချိန်ခန့်တွင် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး
ဒု/ရဲမှူးကြီးပြည့်စုံနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြဝတီ‌ရှေ့တန်းမှူး အမှတ် ၃၁ဝ ‌ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သန်းဝင်းနိုင် ဦး‌ဆောင်သည့် တပ်မ‌တော်သားများနှင့် ဆယ်အိမ် မှူးရာအိမ်မှူးများပါဝင်‌သော ပူး‌ပေါင်းအဖွဲ့သည် မြဝတီမြို့အမှတ် ၅ ရပ်ကွက် ၁၃ ဂိတ်ရှိ ထိုင်း-မြန်မာနယ်ခြား‌သောင်ရင်းမြစ် ကမ်းစပ်မြန်မာဘက်ခြမ်းတွင် ရပ်တန့်ထားသည့် အလျား ၃ဝ ‌တောင်၊ အနံ ၁၂ ‌တောင် ၊ ‌ဇောက် ၂ ‌တောင်ခန့်ရှိ သံကိုယ်ထည် ‌လှေတစ်စီးအား ကနဦး သိမ်းဆည်းခဲ့သည်ဟု ရဲတပ်ဖွဲ့သတင်းရ သိရသည်။

ထို့‌နောက် မြဝတီမြို့အမှတ် ၅ ရပ်ကွက် မြတ်လင်း‌အေးမြိုင်လမ်းရှိ ခြံပိုင်ရှင်ဦးသန်းဝင်း ၏ ခြံအတွင်း၌ ဆက်လက်စစ်‌ဆေးရာ Hijet ကား (၁၉)စီး နှင့် light truck အမျိုးအစားကား (၂) စီး အပါအဝင် အခြားကား (၂) စီး စုစု‌ပေါင်း (၂၃)စီးအား လည်း‌ကောင်း၊ ယင်းမြတ်လင်း ‌အေး မြိုင်လမ်းရှိ ဦး‌သောင်းတင်ခြံတွင် Hijet အဖြူ‌ရောင်( ၉) စီးနှင့်အခြားအမျိုးအစားကား (၅) စီး စုစု‌ပေါင်း(၁၄) စီးအားလည်း‌ကောင်း၊ အမှတ် ၅ ရပ်ကွက် ချစ်ကြည်‌ရေးလမ်းရှိ မင်းပြည့်စုံ ကုမ္ပဏီဝင်းအတွင်းရှိ ဂို‌ဒောင်၌ Blugar အမျိုးအစား ‌မော်‌တော်ယာဉ် ၂ စီးနှင့် အခြား အမျိုး အစား ကား ၂၉ စီး စုစု‌ပေါင်း (၃၁) စီးအားလည်း‌ကောင်း အဆိုပါ ပူး‌ပေါင်းအဖွဲ့က ထပ်မံ သိမ်းဆည်းခဲ့သည်။

ထိုသိမ်းဆည်းရမိသည့် ‌သောင်ရင်းမြစ် ဖြတ်‌ကျော်ပြီး တရားမဝင် ခိုးကူးထား‌သော ‌မော်‌တော် ယာဉ်(၆၈)စီးနှင့် စက်‌လှေ(၁) စီးနှင့် ပတ်သက်၍ အဆင့်ဆင့်စစ်‌ဆေးမှုများ ‌ဆောင်ရွက်ကာ ဥပ‌ဒေနှင့်အညီအ‌ရေးယူသွားမည်ဟု မြဝတီမြို့မရဲစခန်းက ဆိုသည်။