Home ရွေးကောက်ပွဲသတင်း နိုဝင်ဘာလ ‌ရွေး‌ကောက်ပွဲအတွက် မြဝတီမြို့တွင် ကြိုတင်မဲ‌ပေးခြင်းများ စတင်

နိုဝင်ဘာလ ‌ရွေး‌ကောက်ပွဲအတွက် မြဝတီမြို့တွင် ကြိုတင်မဲ‌ပေးခြင်းများ စတင်

1442

‌အောက်တိုဘာ ၂၉ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌နေ‌နော်

လာမည့် နိုဝင်ဘာလ ၈ ရက်‌နေ့တွင် ကျင်းပမည့် ပါတီစုံအ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲအတွက် မြဝတီခရိုင်အ တွင်းရှိ မဲဆန္ဒရှင်ပြည်သူများက သက်ဆိုင်ရာ ရပ်ကွက်/‌ကျေးရွာ ‌ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်မဲ ‌ပေးခြင်း များကို ယ‌နေ့ (‌အောက်တိုဘာလ ၂၉ ရက်) နံနက်ပိုင်းကစ၍ မဲ‌ပေးလျက်ရှိသည်။

ကြိုတင်မဲ‌ပေးခြင်းကို ယ‌နေ့ ‌အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်‌နေ့အထိ ‌နေ့စဉ် နံနက် ၈ နာရီမှ ည‌နေ ၆ နာရီထိ လက်ခံသွားမည်ဟု အမှတ် ၄ ရပ်ကွက် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးမင်းသူရ က ‌ပြောသည်။

၎င်းက“ဒီ‌နေ့ ‌အောက်တိုဘာလ ၂၉ ရက်‌နေ့မှ နိုဝင်ဘာလ ၅ ရက်‌နေ့ထိ ရပ်ကွက်‌ကော်မရှင်အဖွဲ့ခွဲရုံးမှာ ကြိုတင်မဲ ‌ပေးခြင်းကို လက်ခံ‌ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကြိုတင်မဲ‌ပေးဖို့ ဒီ‌နေ့ နဲ့ မနက်ဖြန် ၂ ရက်မှာ အသက် ၆ဝ နှစ်အထက် သက်ကြီးရွယ်အိုများအတွက် ဦးစား‌ပေး‌ဆောင်ရွက်‌နေတာပါ။” ဟု ‌ပြောသည်။

သက်ကြီးရွယ်အိုများ မဲ‌ပေးမှု ပြီး‌မြောက်ပါက ကျန်ရှိသည့် ရက်များတွင် ‌ရွေး‌ကောက်ပွဲအတွက် မဲရုံအသီးသီး တွင် တာဝန်ထမ်း‌ဆောင်ကြမည့်သူများ၊ မသန်စွမ်းနှင့်ကျန်းမာ‌ရေးမ‌ကောင်းသူများ ‌ရွေး‌ကောက်ပွဲ ရက်မတိုင်မီ မဖြစ်မ‌နေခရီးသွားကြရမည့်သူများ၊ အချုပ်ခန်းအသီးသီးမှ‌နေ၍ အမှုရင်ဆိုင်‌နေရသူများနှင့် Covid-19 ‌ကြောင့် Quarantine Center များနှင့် Stay At Home အသွားအလာကန့်သတ်ထားသူများအ‌နေဖြင့် ကြိုတင်မဲ‌ပေးနိုင် ‌အောင်‌ဆောင်ရွက်ထား‌ကြောင်း သိရသည်။