Home သတင်း ကရင်ပြည်နယ် ဒူးရင်းပင်များ ‌သေ‌ကြေပျက်စီးမှုမှာ မှိုပိုးတစ်မျိုး‌ကြောင့်ဟု စစ်‌ဆေး‌တွေ့ရှိ

ကရင်ပြည်နယ် ဒူးရင်းပင်များ ‌သေ‌ကြေပျက်စီးမှုမှာ မှိုပိုးတစ်မျိုး‌ကြောင့်ဟု စစ်‌ဆေး‌တွေ့ရှိ

2893
‌အောက်တိုဘာ ၁၂ရက်၊ ၂၀၂ဝခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်ရှိ ဒူးရင်းပင်များ ‌သေ‌ကြေပျက်စီးမှုမှာ အပင်‌သေ‌စေသည့် Phytophtora palmlvora မှိုပိုးတစ်မျိုး ‌ကြောင့်ဟု စစ်‌ဆေး‌တွေ့ရှိ‌ကြောင်း စိုက်ပျိုး‌ရေးသု‌တေသနဦးစီးဌာန ဇီဝနည်းပညာမျိုး‌စေ့ဘဏ်နှင့် သီးနှံကာကွယ်‌ရေး ဌာနခွဲ အပင်‌ရောဂါသု‌တေသနစု၊ ‌ရေဆင်း ‌နေပြည်‌တော်၏ ‌ဒေသတာဝန်ခံထံ အ‌ကြောင်းပြန်ကြားချက်အရ သိရသည်။

‌ကော့ကရိတ်မြို့နယ်အတွင်းရှိ အပင်‌သေသည့် ဒူးရင်းခြံမှ ‌ပေးပို့သည့် ဒူးရင်းအ‌ခေါက်များကို အပင်သု‌တေသန ဓာတ်ခွဲ ခန်းတွင် ‌မွေးမြူစစ်‌ဆေးကြည့်ရာ ဒူးရင်းပင်၏ အမြစ်ပုပ်၊ ပင်စည်ပုပ်နှင့် အသီးပုပ်‌ရောဂါ ဖြစ်‌စေသည့် Phytophtora Palmlvora မှိုပိုးတစ်မျိုးကို ‌တွေ့ရှိခဲ့‌ကြောင်း ‌နေပြည်‌တော် အပင်‌ရောဂါသု‌တေသနဌာနစုက ၎င်းတို့ ‌တွေ့ရှိထားသည့် အ‌ဖြေများကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ စက်တင်ဘာလ ၁၇ရက်‌နေ့က အ‌ကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်သည်။

စိုက်ပျိုး‌ရေးဦးစီးဌာန ‌ကော့ကရိတ်ခရိုင်ဦးစီးမှူး ‌နော်သူး‌လေးထီးက “သု‌တေသနဌာနက စစ်‌ဆေး‌တွေ့ရှိမှု အ‌ဖြေထွက် လာပြီးဆို‌တော့ ကျမတို့ဌာနအ‌နေနဲ့လည်း လူထု‌တွေကို ပြန်ချပြရှင်းလင်းဖို့ စဉ်းစားထားတယ်။ ဒါ‌ပေမယ့် ဒီအချိန်မှာ Covid ကာလဖြစ်‌တော့ အဲဒီနယ်‌မြေ‌တွေကို ကျမတို့ဝင်လို့ မရ‌သေးဘူး‌ပေါ့။ လူထု‌တွေဆီသွားပြီး ကိုယ့်ရဲ့ဒူးရင်းပင်ကို ဘယ်လိုပြန်ပြီးပြုစုရမလဲ။ သု‌တေသနဌာနက ‌ပြောတဲ့ အချက်အလက်‌တွေ၊ ကျမတို့ဌာနက သိထားတဲ့အချက်အလက် ‌တွေ မှို‌ရောဂါကို ဘယ်လိုနှိမ်နင်းရမလဲ၊ ဘယ်လိုပြုစုရမလဲဆိုတာကို သွားရှင်းပြဖို့ရှိပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

‌ကော့ကရိတ်ခရိုင်အတွင်း စိုက်ပျိုးသည့် ဒူးရင်းပင်များသည် ‌တော‌တောင်အတွင်း သဘာဝအပင်များအတိုင်း စိုက်ပျိုး ထားခြင်းဖြစ်ရာ အချို့အပင်များမှာ သက်တမ်းရင့်သည့် ပင်အိုများဖြစ်သည့်အပြင် စိုက်ပျိုးသူများအ‌နေဖြင့် အပင်များ ကိုလည်း အာဟာရဓာတ် ပြန်လည်ဖြည့်‌ပေးနိုင်မှု အားနည်းခြင်းများသည် အပင်‌သေရခြင်း၏ အ‌ကြောင်းရင်းအဖြစ် ပါဝင်‌နေ‌ကြောင်း ၎င်းက ဖြည့်စွက် ‌ပြောသည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ ‌ဒေသအချို့မှ ဒူးရင်းခြံများမှာ ယခုနှစ်‌နောင်းပိုင်းတွင် အပင် ‌သေ‌ကြေပျက်စီးမှုများ နှစ်စဉ် ကြုံလာရပြီး အချို့‌နေရာများတွင် ခြံအလိုက် အပင်‌သေခြင်း၊ အသီးပုပ်လာခြင်းနှင့် ကြုံ‌တွေ့‌နေရ‌ကြောင်း အပင် စိုက်‌တောင်သူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော့ကရိတ်မြို့နယ် သမိန်ဒွတ်ရွာ ဒူးရင်းစိုက်‌တောင်သူ ‌စောဝင်းကြည်က “ဒူးရင်းအပင် စ‌သေတာ ၅နှစ်‌လောက်ရှိပြီး။ တစ်နှစ်ကို နည်းနည်းစီ ‌သေတယ်။ ‌သေတာက မိုးတွင်းမှာ‌သေတယ်။ ဒူးရင်းသီး အသီးကွက်လာပြီးဆိုရင် အဲဒီအပင်က ‌သေ‌တော့မယ်လို့ မှတ်ယူလို့ရတယ်။ ကျ‌နော်တို့က ဘိုးဘွားစဉ်ဆက် စိုက်သလိုပဲစိုက်‌တော့ အရမ်းပြုစုတာ‌တွေမရှိဘူး။ အရင်က ဒီလိုပဲစိုက်တယ်။ အခုက ရာသီဥတု ‌ပြောင်းသွားတာလဲ ပါမယ်။”ဟု ဆိုသည်။

ကရင်ပြည်နယ်အတွင်းရှိ ဒူးရင်းစိုက်‌တောင်သူများသည် ရာသီဥတု‌အေးသည့် ‌တော‌တောင်အတွင်းရှိ ၎င်းတို့၏ ဥယျာဉ် ခြံများ၌သာ သာမန် စိုက်ပျိုးထားကြသည့်အပြင် ‌မြေဩဇာများကို အာဟာရဓာတ်ဖြည့်‌ပေးခြင်းများလည်း မရှိ‌ကြောင်း သိရသည်။

စိုက်ပျိုး‌ရေးသု‌တေသန ဦးစီးဌာန၏ အ‌ကြောင်းပြန်ကြားစာထဲတွင် အပင်‌ရောဂါ၏ ကာကွယ်ကုသနည်းဆိုင်ရာ အကြံ ပြုထားသည့် အချက် ၇ချက်တွင် ‌ရောဂါကျအပင်၏ အစိတ်အပိုင်းများကို ဖယ်ရှားခြင်း၊ မီးရှို့ခြင်း၊ အစိုဓာတ်များပါက ပတ်‌မြောင်းတူး၍ ‌ရေထုတ်ခြင်း၊ ‌ရေမဝပ်‌စေရန် ဂရုပြု‌ဆောင်ရွက်ခြင်းအပြင် မှိုသတ်‌ဆေး သုတ်လိမ်းခြင်း၊ မှိုသတ်‌ဆေး ဖြန်းခြင်းများကို အကြိမ်‌ရေသတ်မှတ်ချက်ဖြင့် အသုံးပြု‌ဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်း ဒူးရင်း‌ရောဂါ စစ်‌ဆေး‌တွေ့ရှိချက် အ‌ကြောင်းပြန်ကြားစာတွင် ‌ဖော်ပြထားသည်။