Home ရွေးကောက်ပွဲသတင်း ဖား‌ဆောင်းတွင် ကရင်အမျိုးသားပါတီ အင်အားရာချီ လှည့်လည် မဲဆွယ်

ဖား‌ဆောင်းတွင် ကရင်အမျိုးသားပါတီ အင်အားရာချီ လှည့်လည် မဲဆွယ်

3321
Photo: KNP

စက်တင်ဘာ ၂၆၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ကယားပြည်နယ်၊ ဖား‌ဆောင်းမြို့တွင် ကရင်အမျိုးသားပါတီက ဖား‌ဆောင်း-‌မော်ချီး လမ်းတ‌လျှောက် အင်းအား ရာချီလှည့်လည် မဲဆွယ်ပွဲကို စက်တင်ဘာ ၂၆ ရက်‌နေ့၊ နံနက်ပိုင်းတွင် ပြုလုပ်လျှက်ရှိ‌ကြောင်း ကရင်အမျိုးသားပါ တီ ဖား‌ဆောင်းမြို့နယ်၊ ပြည်နယ်အမှတ်-၁ ကိုယ်စားလှယ်‌လောင်း ‌စော‌ထော‌နေမူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ဒီ‌နေ့မနက်ပိုင်းမှာ ဝတ်ပြုဆု‌တောင်းပြီး‌တော့ ဖား‌ဆောင်းက‌နေ ‌မော်ချီးကို ကျ‌နော်တို့ ကား‌တွေ၊ ဆိုင်ကယ်‌တွေနဲ့ တက်လာတယ်။ လမ်းက ကရင်များတဲ့ ရွာ‌တွေမှာ ‌ဟော‌ပြောတယ်။ ‌ဟော‌ပြောတယ်ဆိုတာက အသံသွင်းထားတဲ့ အ‌ခွေ‌တွေကို ဖွင့်ပြတာ။ ‌မော်ချီး‌ရောက်‌တော့ မိုးအရမ်းရွာတယ်။ ကျ‌နော်အခု ပြန်ဆင်းလာပြီ” ဟု ‌ပြောသည်။

Photo: KNP

ကရင်အမျိုးသားပါတီ၏ ယ‌နေ့မဲဆွယ်ပွဲတွင် ကား ၁၇ စီး၊ ဆိုင်ကယ် အစီး ၃ဝ နှင့် လူအင်အား ၂၀ဝ ‌ကျော်ပါဝင်ကာ ပါတီလက်ကမ်းစာ‌စောင်များ‌ဝေငှခြင်း၊ ပါတီ တီရှပ်များ‌ဝေငှခြင်းများလုပ်‌ဆောင်ကာ ‌ဒေသခံ ကရင် ပြည်သူများကလည်း ကြိုဆိုမှုများ ပြုလုပ်ခဲ့သည်ဟု မဲဆွယ်ပွဲတွင် ပါဝင်ခဲ့သူများက ‌ပြောသည်။

ကရင်အမျိုးသားပါတီ အ‌နေဖြင့် ကယားပြည်နယ် (ကရင်နီပြည်) ဖား‌ဆောင်းမြို့နယ်တွင် ပြည်သူ့လွှတ်‌တော် မဲဆန္ဒနယ်တွင် ‌စောဆာကဘရူရှီး၊ အမျိုးသားလွှတ်‌တော်တွင် ဦး‌ကျော်စိုး (ခ) ဘိုဘို‌ရွှေနှင့် ပြည်နယ် လွှတ်‌တော် အမှတ် -၁ တွင် ‌စော‌ထော‌နေမူးတို့ အသီးသီးဝင်ပြိုင်သွားမည်ဖြစ်သည်။

Photo: KNP

ကယားပြည်နယ်တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ်တို့ စက်တင်ဘာ ၂၅ ရက်‌နေ့တွင် အင်အားရာချီကာ လွိုင်‌ကော်နှင့် ဒီ‌မော့ဆိုမြို့နယ်တို့ တွင် မဲဆွယ်မှုအသီးသီး ပြုလုပ်ခဲ့‌ကြောင်း သိရသည်။