Home သတင်း ကရင်ပြည်နယ် လွှတ်‌တော်တွင် ‌မေးခွန်း‌မေးမြန်းမှု မရှိ‌သေးသည့် ကိုယ်စားလှယ် ၁ဝ ဦး‌ကျော်ရှိ‌နေ

ကရင်ပြည်နယ် လွှတ်‌တော်တွင် ‌မေးခွန်း‌မေးမြန်းမှု မရှိ‌သေးသည့် ကိုယ်စားလှယ် ၁ဝ ဦး‌ကျော်ရှိ‌နေ

6421

ဇွန်လ ၂၂ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။‌စောမြတ်ဦးသာ

ကရင်ပြည်နယ်လွှတ်‌တော် ဒုတိယအကြိမ်လွှတ်‌တော်အစည်းအ‌ဝေးမှတ်တမ်းများအရပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ၂၃ ဦးတွင် ကြယ်ပွင့်ပြ‌မေးခွန်းနှင့် ကြယ်ပွင့်မပြ‌မေးခွန်း‌မေးမြန်းသူ ၁ဝ ဦးသာရှိပြီးကျန်သည့်ကိုယ်စားလှယ် ၁၃ ဦးမှာအဆိုနှင့် ‌မေးခွန်း‌မေးမြန်းထားမှု မရှိ‌သေး‌ကြောင်းပြည်နယ်လွှတ်‌တော် မှတ်တမ်းများအရသိရသည်။

ကရင်ပြည်နယ်၏ ဒုတိယအကြိမ်‌မြောက် လွှတ်‌တော်ပထမပုံမှန်အစည်းအ‌ဝေးကို၂ဝ၁၆ ခုနှစ် ‌ဖေ‌ဖေါ်ဝါရီလ ၈ ရက်‌နေ့တွင် စတင်ကျင်းပခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် ဇွန်လအထိလွှတ်‌တော်အစည်းအ‌ဝေး ၂၂ ကြိမ် ကျင်းပပြီးစီးသွား‌ကြောင်းပြည်နယ်လွှတ်‌တော် တာဝန်ရှိသူထံမှ သိရသည်။

လွှတ်‌တော်တွင် ‌မေးခွန်းအများဆုံး‌မေးမြန်းထားသူ မြဝတီမဲဆန္ဒနယ် လွှတ်‌တော်ကိုယ်စားလှယ် ဦးသန့်ဇင်‌အောင်က“‌မေးခွန်း‌မေးမြန်းတာအဆိုတင်သွင်းတာ‌တွေကိုအဓိကလုပ်ရမယ့် ကိစ္စ‌ပေါ့‌နော်။ တစ်ချို့ကိုယ်စားလှယ်‌တွေကသူတို့‌ဒေသအတွက် ‌မေးခွန်းမ‌မေးဖြစ်တာ‌တွေ ‌တွေ့ရတယ်။ ‌မေးခွန်း‌မေးလိုက်တဲ့အ‌ပေါ်မှာသက်ဆိုင်ရာအစိုးရအဖွဲ့ကရာနှုန်းပြည့်မဟုတ်ရင်‌တောင် ‌ဒေသဖွံ့ဖြိုး‌ရေးကိစ္စနဲ့ ပတ်သက်ပြီး‌တော်‌တော်များများ‌ဆောင်ရွက်‌ပေးနိုင်ခဲ့တယ်‌ပေါ့‌နော်”ဟုဇွန်လ ၂၁ ရက်‌နေ့က‌ကေအိုင်စီသို့‌ပြောသည်။

ကြယ်ပွင့်ပြ‌မေးခွန်း ၄ဝ၃ ခု၊ ကြယ်ပွင့်မပြ‌မေးခွန်း ၁၇၂ ခုနှင့် အဆို ၃ ခုကိုလွှတ်‌တော်အစည်းအ‌ဝေးထဲတွင် ကိုယ်စားလှယ်များမှ ‌မေးမြန်းအဆိုတင်သွင်းခဲ့ပြီးဥပ‌ဒေအသစ် ၁၂ ခုအတည်ပြုပြဌာန်းနိုင်ခဲ့သည်ဟုပြည်နယ်လွှတ်‌တော်မှတ်တမ်းများမှ သိရသည်။

“လွှတ်‌တော်အမတ်တစ်ချို့က ဝန်ကြီး‌နေရာယူထား‌တော့ ‌မေးခွန်း‌မေးစရာမရှိ‌တော့ဘူး‌ပေါ့‌လေ။ ‌နောက်တစ်ပိုင်းက ပြည်သူလူထုအ‌ရေးကိုစိတ်ဝင်စားမှုအားနည်းတယ်လို့ ‌ပြောလို့ရတယ်။ NLD အရှိန်‌ကြောင့်သာတက်သွားတယ်။ သူတို့ရဲ့အရည်အချင်းအစစ်အမှန်ကမပါလာဘူး‌လေ။ လူထု‌မေးခိုင်းရင်လည်း‌မေးလို့ရှိရင် ငါ့အတွက် အခက်ခဲများဖြစ်မလားစိုးရိမ်မှုရှိတယ်လို့ပဲယူဆမိတယ်။ ပြည်သူ့ကိုယ်စားလှယ်တစ်‌ယောက်အ‌နေနဲ့ အ‌ရွေးခံ‌တော့မယ်ဆိုရင် ပြည်သူ့အကျိုးကို‌ဆောင်ရွက်ဖို့ ရည်မှန်းထားတဲ့လူဖြစ်ဖို့ အ‌ရေးကြီးတယ်”ဟုကရင်‌ရေးရာ‌ကော်မတီအတွင်း‌ရေးမှူး ‌စော‌ကျော်စွာကဇွန်လ ၂၁ ရက်‌နေ့ ‌ကေအိုင်စီသို့‌ပြောသည်။

ကရင်ပြည်နယ်လွှတ်‌တော်တွင် ဒုလွတ်‌တော်ဥက္ကဋ္ဌ‌ဒေါ်နန်းသူဇာဝင်း၊ တပ်မ‌တော်သားလွှတ်‌တော်ကိုယ်စားလှယ် ဗိုလ်ကြီး‌အောင်မြင့်ထွန်းနှင့် အခြားမြို့နယ်ရှိ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်စုစု‌ပေါင်း ၁ဝ ဦးက‌မေးခွန်း‌ပေါင်း ၅၇၅ ခု၊ အဆို ၃ ခု‌မေးမြန်းခဲ့ကြသည်ဟုလွှတ်‌တော်မှတ်တမ်းများအရသိရသည်။

ဒုတိယအကြိမ်‌မြောက် ကရင်ပြည်နယ်လွှတ်‌တော်၏၄နှစ်‌ကျော်ကာလအတွင်းလွှတ်‌တော်ပုံမှန်အစည်းအ‌ဝေး၁၄ ကြိမ်၊ အထူးအစည်းအ‌ဝေး ၂ ကြိမ်၊ အ‌ရေး‌ပေါ်အစည်းအ‌ဝေး ၆ ကြိမ် ကျင်းပခဲ့ပြီးဟု ပြည်နယ်လွှတ်‌တော် တာဝန်ရှိသူထံမှ သိရသည်။