Home သတင်း နိုင်ငံ‌တော်အတိုင်ပင်ခံ ‌တွေ့ဆုံပွဲပြုလုပ်ပြီး ၂ ပတ်ခန့်အကြာ မြဝတီတွင် ငါးဂိမ်း‌လောင်းကစားရုံ (၁)ရုံအား ဝင်‌ရောက်ဖမ်းဆီး

နိုင်ငံ‌တော်အတိုင်ပင်ခံ ‌တွေ့ဆုံပွဲပြုလုပ်ပြီး ၂ ပတ်ခန့်အကြာ မြဝတီတွင် ငါးဂိမ်း‌လောင်းကစားရုံ (၁)ရုံအား ဝင်‌ရောက်ဖမ်းဆီး

2948
Photo: Nay Naw

မတ်လ ၇ ရက်၊ ၂၀၂ဝခုနှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့၌ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ပြည်သူလူထု‌တွေ့ဆုံပွဲ ပြုလုပ် ခဲ့ပြီး‌နောက် ၂ ပတ်ခန့်အကြာ မြဝတီမြို့တွင် ‌လောင်းကစားငါးဂိမ်းရုံ (၁)ရုံအား ယ‌နေ့ (မတ်လ ၇ ရက်) နံနက် (၆)နာရီအချိန်ခန့်က မြဝတီခရိုင်ရဲတပ်ဖွဲ့မှ ဝင်‌ရောက်ဖမ်းဆီးခဲ့‌ကြောင်း သိရသည်။

မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မြစန္ဒီပန်းခြံရင်ပြင်တွင် ပြီးခဲ့သည့် ‌ဖေ‌ဖေါ်ဝါလ ၂၅ရက်‌နေ့နံနက်က ပြုလုပ်ခဲ့‌သော နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့်ပြည်သူလူထု‌တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး‌နောက် ၁၂ ရက်ခန့် အကြာ မြဝတီမြို့နယ် မဲကနယ်‌ကျေးရွာအုပ်စု၊ ‌အေးသုခရွာ၊ ‌ကျောက်‌တောင် အမှတ်(၁)လမ်းတွင် ဖွင့်လှစ်ထား ‌သော ငါးဂိမ်း‌လောင်းကစားရုံအား ပထမဆုံးအကြိမ် မြဝတီခရိုင်ရဲတပ်ဖွဲ့က ဝင်‌ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး သိန်းထွန်း၊ သဃင်္န်း ညီ‌နောင်နယ်‌မြေရဲစခန်းမှ နယ်‌မြေစခန်းမှူး ရဲအုပ်ဝဏ္ဏစံ၊ သဃင်္န်းညီ‌နောင်‌ကျေးရွာ ရာအိမ်မှူး ဦး‌မောင်ဦး၊ ရပ်မိရပ်ဖဦး ‌အောင်‌ကျော်လင်းထွန်းတို့နှင့်အတူ မြဝတီမြို့နယ် မဲကနယ်‌ကျေးရွာအုပ်စု ‌အေးသုခ‌ကျေးရွာ၊ ‌ကျောက်‌တောင် အမှတ်(၁)လမ်း ‌ကျော်‌ကျော်(ခ) ‌ဟောကုန်ဖါး၏ ‌နေအိမ်‌လောင်းကစားငါးဂိမ်းရုံသိုု့ မြဝတီမြို့ နယ်ရဲတပ်ဖွဲ့မှူး၏ ‌လောင်းကစား‌နေအိမ်သို့ ဝင်‌ရောက် ဖမ်းဆီးခွင့် ဝရမ်းအမှတ် (၂/၂၀၂၀) ဖြင့် ဝင်‌ရောက်ရှာ‌ဖွေဖမ်းဆီးခဲ့သည်ဟု သိရသည်။

ထိုသို့ ဖမ်းဆီးရာတွင် ‌ကျော်‌ကျော်(ခ)‌ဟော်ကုန်ဖါးအား ‌နေအိမ်‌လောင်းကစားရုံအတွင်း ငါးဂိမ်း‌လောင်း ကစား စက်(၅)လုံး၊ ငါးဂိမ်း‌လောင်းကစားရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း သစ်သား ထိုင်ခုံ(၁၀)လုံး၊ အင်ပါ တာ(၁)လုံး၊ မီးစက်(၁)လုံး အစရှိသည့် ‌လောင်းကစားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့‌ကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Photo: Nay Naw

အဆိုပါ တရားမဝင် ငါးဂိမ်း‌လောင်းကစား ပြုလုပ်‌နေသူ မြဝတီမြို့၊ အမှတ် (၅)ရပ်ကွက်၊ ကားဝန်း‌ဟောင်းတွင် ‌နေထိုင်သူ ဂိမ်းရုံမန်‌နေဂျာ ‌ကျော်‌ကျော်(ခ)‌ဟော်ကုန်ဖါး ၃၇နှစ်အား သဃင်္န်းညီ‌နောင်နယ်‌မြေရဲ စခန်း၏ (ပ)၂၆/၂၀၂၀၊ ‌လောင်းကစား ဥပ‌ဒေ ပုဒ်မ-၁၇(က)/၁၈(က) ဖြင့် အမှုဖွင့်အ‌ရေးယူထား‌ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း ကာစီနို‌လောင်းကစားရုံများ ၊ ငါးဂိမ်း‌လောင်း ကစား ရုံများ ရုံ‌ပေါင်း(၁၀၀)ခန့် ရှိ‌ကြောင်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လက ရပ်ကွက်‌ကျေးရွာ အုပ်ချုပ်‌ရေး နယ်‌မြေအလိုက် ‌နောက်ဆုံးစာရင်းအရ သိရသည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၂၅ ရက်‌နေ့က မြဝတီမြို့တွင် ကျင်းပ‌သော နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင် ဆန်းစုကြည်နှင့် ပြည်သူ လူထု‌တွေ့ဆုံပွဲတွင် ‌လောင်းကစားနှင့် မူးယစ်‌ဆေးဝါးကိစ္စရပ်များ၊ ‌မြေယာကိစ္စရပ်များ အစရှိသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တိုင်ကြားစာ ၆ဝ ‌ကျော် မြို့‌နေပြည်သူများမှ တင်ပြစာဌာနတွင် ‌ပေးပို့ခဲ့ ကြ‌ကြောင်း သိရသည်။