Home သတင်း ‌နော်အုန်းလှနှင့် ပြစ်ဒဏ်ချခံရသူများကို ခြွင်းချက်မရှိ အမြန်ဆုံးလွတ်‌ပေးရန် KGWN ‌တောင်းဆို

‌နော်အုန်းလှနှင့် ပြစ်ဒဏ်ချခံရသူများကို ခြွင်းချက်မရှိ အမြန်ဆုံးလွတ်‌ပေးရန် KGWN ‌တောင်းဆို

2524

‌ဖေ‌ဖော်ဝါရီ ၂ဝ ရက်၊ ၂၀၂၀။ စအိုင်ဆူး

မြဝတီမြို့နယ် ‌ရွှေမြစန္ဒီအိမ်ရာ စီမံကိန်း အငြင်းပွားမှုဖြင့် ‌ဖေ‌ဖော်ဝါရီလ (၁၇)ရက်‌နေ့က ဖမ်းဆီးပြစ်ဒဏ်ချမှတ် ခံခဲ့ရသည့် တက်ကြွလှုပ်ရှားသူ ‌နော်အုန်းလှ အပါအဝင် ဆန္ဒ‌ဖော်ထုတ်မှုဦး‌ဆောင်သူ (၃)ဦးကို ခြွင်းချက်မရှိ အမြန်ဆုံးလွတ်‌ပေးရန် လူထုအ‌ခြေပြု ကရင်အမျိုးသမီးများကွန်ယက်-KGWN က ယ‌နေ့ ‌ဖေ‌ဖော်ဝါရီ ၂ဝရက် ‌နေ့စွဲဖြင့် ထုတ်ပြန်ချက် ထုတ်ကာ ‌တောင်းဆိုလိုက်သည်။

၎င်းတို့၏ ဖမ်းဆီးပြစ်ဒဏ်ချခံရမှုသည် နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်‌ဖော်‌ပြောဆိုခွင့်အ‌ပေါ် ဖိနှိပ်ခြင်းမျိုး သာဖြစ်ပြီး ၎င်းတို့ကို ခြွင်းချက်မရှိ လွတ်‌ပေးရန် လိုအပ်‌ကြောင်း KGWN ၏ ‌ပြောခွင့်ရ ‌နော်ထူးထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဒါက လွတ်လပ်စွာ ထုတ်‌ဖော်‌ပြောဆိုနိုင်ခွင့်‌လေ။ သူတို့အ‌နေနဲ့ ခွင့်ပြုချက် သွားမ‌တောင်းတာမဟုတ် ဘူး။ သွား‌တောင်းတယ်။ သွား‌တောင်းရဲ့သားနဲ့ ခွင့်ပြုချက်မ‌ပေးတာ လူကြီးလမ်း‌ကြောင်းရှိတယ်ဆိုပြီး‌တော့ ပိတ်တာ‌ပေါ့။ အစိုးရရဲ့ ဒီလုပ်ရပ်က နိုင်ငံသား‌တွေရဲ့ လွတ်လပ်စွာ ထုတ်‌ဖော်‌ပြောဆိုခွင့်ကို ဖိနှိပ်တယ်လို့ပဲ မြင်တယ်။” ဟု ‌ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ‌ရွှေမြစန္ဒီအိမ်ရာစီမံကိန်း အငြင်းပွားမှု၌ စီမံကိန်း မဖျက်သိမ်း‌ရေးအတွက် ‌ဒေ သခံ‌ခေါင်း‌ဆောင်များဦး‌ဆောင်၍ ဆန္ဒ‌ဖော်ထုတ်ခဲ့ရာတွင် ‌ဒေသခံများက ‌နော်အုန်းလှအား အကူအညီ ‌တောင်း ခံခဲ့ရာ သွား‌ရောက်ဝန်းရံခဲ့ရာမှ ငြိမ်းချမ်းစွာ စု‌ဝေးခြင်းနှင့် စီတန်းလှည့်လည်ခွင့် ဥပ‌ဒေ ပုဒ်မ(၁၉/၂၀)ဖြင့် ‌နော်အုန်းလှကို ဖမ်းဆီး တရားစွဲဆို၍ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

အလားတူ စီမံကိန်း မဖျက်သိမ်း‌ရေးအတွက် ဦး‌ဆောင်ဆန္ဒ‌ဖော်ထုတ်ခဲ့သူ ဦး‌မောင်ဦး၊ ဦးငယ်(ခ) ဦးဆန်းလှိုင် နှင့် ‌ဒေါ်စန္ဒာမြင့်တို့ကိုပါ မြဝတီမြို့နယ်ရဲမှူး ‌ကျော်သူရည်မှ ငြိမ်းစုစီ ဥပ‌ဒေ ပုဒ်မ(၁၉/၂၀)ဖြင့် ၂၀၁၉ ဧပြီလ ၂၃ ရက်‌နေ့က တရားလိုပြု တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ရုံးချိန်း ၂၄ ချိန်ပြီး‌နောက် မြဝတီမြို့နယ် တရားရုံးမှ ‌နော်အုန်းလှ အပါအဝင် ၎င်း ၃ ဦးတို့ကို ‌ထောင်ဒဏ်တစ်လစီ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

‌နော်အုန်းလှ၏ ဖမ်းဆီးခံရမှုအ‌ပေါ် ဝမ်းနည်းခြင်းထက် ဒီမိုက‌ရေစီအမည်ခံ တိုင်းပြည်တွင် အရပ်သားအစိုးရ၏ မတရားမှုဖြစ်ပွားခြင်းကို မျက်ကွယ်ပြုထားမှုအ‌ပေါ် ပိုမို စိတ်ပျက်မိ‌ကြောင်းနှင့် ကရင်ပြည်သူများအ‌နေဖြင့် ပိုမို ထိုက်တန်သည့်အရာကို ရရှိသင့်ပြီး အဆိုပါအတွက်ကိုလည်း ဆက်လက်‌တောင်းဆိုသွား မည်ဖြစ်‌ကြောင်း လည်း KGWN ၏ ထုတ်ပြန်ချက်၌ ဆိုသည်။

အ‌ခြေခံအဆင့် အမျိုးသမီးထုများ၏ စည်းလုံးညီညွတ်စွာ အသံ‌ပေါ်ထွက်လာ‌ရေး ရည်ရွယ်မြှင့်တင်သည့် အ‌နေဖြင့် လူထုအ‌ခြေပြု ကရင်အမျိုးသမီးများ ကွန်ယက်-KGWN ကို ၂၀၁၈ခုနှစ်တွင်းကျင်းပခဲ့သည့် တတိယ အကြိမ်‌မြောက် ကရင်အမျိုးသမီး ညီလာခံတွင် စတင်ဖွဲ့စည်းခဲ့သည်။