Home သတင်း လက်နက်ကိုင်အဖွဲ့အစည်းဖြစ်‌သော်လည်း ဒီမိုက‌ရေစီစနစ်အရသွား‌နေသည်ဟု KNU ခရိုင်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌ‌ပြော

လက်နက်ကိုင်အဖွဲ့အစည်းဖြစ်‌သော်လည်း ဒီမိုက‌ရေစီစနစ်အရသွား‌နေသည်ဟု KNU ခရိုင်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌ‌ပြော

2269

‌ဖေ‌ဖော်ဝါရီ ၆ ရက်၊ ၂ဝ၂ဝ ခုနှစ်။ ‌စောမြတ်ဦးသာ

KNU -ကရင်အမျိုးသားအစည်းအရုံးအ‌နေဖြင့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်‌သော်လည်း ဒီမိုက‌ရေစီပုံစံအရ ညီလာခံ ‌ခေါ်ယူကျင်းပပြီး လျှို့ဝှက်ဆန္ဒမဲ‌ပေးစနစ်ဖြင့် ‌ခေါင်း‌ဆောင်များကို ‌ရွေးချယ်တင်‌မြှောက်သည်ဟု ယ‌နေ့ (‌ဖေ‌ဖော်ဝါရီ ၆ရက်) စတင်ကျင်းပသည့် ဒူးပလာယာခရိုင် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥက္ကဋ္ဌ ဖြစ်သူ ပဒို‌စောသမိန်ထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ဥက္ကဋ္ဌ အတွင်း‌ရေးမှူး၊ ဗိုလ်ချုပ်‌တွေကို ကျ‌နော်တို့သ‌ဘောနဲ့ တင်‌မြှောက်‌နေကြတာဆိုပြီး အမြင် အ မျိုးမျိုး‌တွေ ရှိကြတယ်။ ဒီမိုက‌ရေစီပုံစံနဲ့သွား‌နေတာပါ။ ‌နောင်လာ‌နောက်သား‌တွေ သိရှိ‌အောင် ဒီမိုက‌ရေစီကို ဘယ်‌လောက် လိုလားတယ်၊ စု‌ပေါင်း‌ခေါင်း‌ဆောင်မှုကို ဘယ်‌လောက်လိုလားတယ်ဆိုတာ ဒီ‌ရွေး‌ကောက်ပွဲအစဉ်အလာကို ဆက်ပြီးမှ ကျင်းပ တာပါ” ဟု ဒူးပလာယာခရိုင်၏ ၁၆ ကြိမ်‌မြောက်ညီလာခံတွင် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ဥက္ကဋ္ဌ ပဒို‌စောသမိန်ထွန်းက ‌ပြောသည်။

ဒူးပလာယာခရိုင် ခန်းမ‌ဆောင်၌ ယ‌နေ့ ‌ဖေ‌ဖော်ဝါရီ ၆ ရက်မှစတင်ကာ တပတ်ကြာ ကျင်းပသွားမည့်ညီလာခံသို့ နို့တ‌ကော၊ ကျုံဒိုး၊ ‌ကော့ကရိတ်၊ ဝင်း‌ရေးမြို့နယ်တို့မှ ကိုယ်စားလှယ်များနှင့် ‌လေ့လာသူ စုစု‌ပေါင်း ၂ဝဝ နီးပါးတက်‌ရောက်လျက်ရှိသည်။ ညီလာခံတွင် စည်းရုံး‌ရေး၊ သစ်‌တော၊ လယ်ယာ၊ တရား‌ရေးနှင့် ပညာ‌ရေးဌာနအသီးသီးမှ အစီရင်ခံစာများကို အစီရင်ခံ‌ဆွေး ‌နွေးကြပြီး ညီလာခံ၏ ‌နောက်ဆုံးရက်တွင် ခရိုင် ‌ခေါင်း‌ဆောင်များကို ‌ရွေး‌ကောက် တင်‌မြှောက်သွားမည်ဟု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် တာဝန်ရှိသူများထံမှ သိရသည်။

ညီလာခံကို ‌လေ့လာသူအဖြစ် တက်‌ရောက်လာသူ ဘုရားသုံးဆူမြို့မှ ‌စောသိန်းမြိုင်က“မြို့နယ်စာ‌ပေယဉ်‌ကျေးမှုတာဝန်‌ရော၊ ခရိုင်မှာ‌နေ ထိုင်တဲ့ လူတစ်‌ယောက်အ‌နေနဲ့ ‌ရွေး‌ကောက်ပွဲကို ‌လေ့လာခွင့်ရတယ်။ လုပ်နည်းလုပ်ပုံနိုင်ငံ‌ရေးအခင်းအကျင်း‌တွေ ‌တွေ့မြင်သိချင်လို့လာ တက်တာပါ။ လက်ရှိ‌ခေါင်း‌ဆောင်အ‌ဟောင်း‌တွေ ဆက်ပါဖို့လိုမယ်။ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်တဲ့ ကာလအ တွင်း သူတို့ပါဝင် သိခွင့်ရတယ်ဆို‌တော့ လက်လွတ်လို့ မရ‌သေးဘူး။ လူသစ်‌တွေလည်း ပါလာ‌စေချင်တယ်။ ‌ဖေးမတွဲ သွားဖို့ လိုမယ်။ ပြည်တွင်းနိုင်ငံ‌ရေးအ‌ခြေအ‌နေ၊ ပြည်ပနိုင်ငံ‌ရေးအ‌ခြေအ‌နေ၊ အမျိုးသားထဲက ပကတိအ‌ခြေအ‌နေ‌တွေကို နားလည်လက်ခံသိရှိထားတဲ့သူမျိုးဖြစ်‌စေ ချင်တယ်။”ဟု ‌ပြောသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဖွဲ့စည်းပုံအရ ဗဟို၊ ခရိုင်နှင့် မြို့နယ်အဆင့် ညီလာခံကို ၄ နှစ်တစ်ကြိမ်၊ ‌ကျေးရွာအုပ်စုအဆင့်ကို ၂ နှစ်တစ်ကြိမ် ကျင်းပ‌လေ့ရှိသည်။ ခရိုင်အဆင့် ‌ရွေး‌ကောက်ပွဲများ ပြီးလျှင် ဗဟိုအဆင့် ‌ရွေး‌ကောက်ပွဲကို ဆက်လက်ကျင်းပရမည်ဖြစ်သည်။