Home သတင်း အရက်၊ မူးယစ်‌ဆေးဖြတ်‌ပေးရာတွင် လူသိများသည့် ခွန်နဝါ ဆရာ‌တော်ထံ လာ‌ရောက်‌ဆေးဖြတ်သူ များပြား‌နေ

အရက်၊ မူးယစ်‌ဆေးဖြတ်‌ပေးရာတွင် လူသိများသည့် ခွန်နဝါ ဆရာ‌တော်ထံ လာ‌ရောက်‌ဆေးဖြတ်သူ များပြား‌နေ

4072
အနန်းကွင်းတိုက်နယ် ခွန်နဝါ (‌မောထီး)‌ကျေးရွာ ဆရာ‌တော်ဦးကုဏ္ဍလ (Photo_KIC)

နိုဝင်ဘာလ ၂၃ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အရက်၊ မူးယစ်‌ဆေး ဖြတ်‌ပေးရာတွင် လူသိများလာသည့် အနန်းကွင်းတိုက်နယ် ခွန်နဝါ (‌မောထီး)‌ကျေးရွာ ဆရာ‌တော်ဦးကုဏ္ဍလထံ၌ မူးယစ်‌ဆေးလာ‌ရောက်ဖြတ်သူူ တစ်‌နေ့ထက် တစ်‌နေ့များပြားလျက်ရှိသည်ဟု သိရသည်။

၂၀၁၈ ခုနှစ်မှစ၍အရက်၊ မူးယစ်‌ဆေး လာ‌ရောက်ဖြတ်သူများကို ဆရာ‌တော်မှ သစ္စာ‌ရေမန်းတိုက် ကုသ‌ပေးပြီး အနည်းဆုံး ၅ နှစ်မှ ရာသက်ပန်အထိ ဆက်လက်သုံးစွဲမှုမရှိ‌အောင် သစ္စာ‌ရေ‌သောက်ဆို‌စေပြီး ‌ကျောင်း‌တော်အတွင်း ‌နေ့စဉ် လူ ၅ဝ ‌ကျော် လာ‌ရောက်ဖြတ်‌လေ့ရှိသည်ဟု ဆရာ‌တော်ဦးကုဏ္ဍလက နိုဝင်ဘာ ၂၁ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ မိန့်ကြားသည်။

“ ခွန်နဝါရွာမှာ မူးယစ်၊ ‌သေရည်အရက်‌သောက်တာ များလာ‌တော့ ဇာတိ‌မြေမှာ ‌ကောင်း‌စေချင်လို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်တယ်။ အဓိဋ္ဌာန်‌ပေးတယ်။ သစ္စာနဲ့ လုပ်တဲ့အခါကျ‌တော့ ‌ဒေသအသီးသီးကပါ လာဖြတ်သူများလာတယ်။ ‌ဆေး အရက် ဖြတ်ပြီး သူတို့အသိတရား‌တွေ အရှက်တရား‌တွေသိလာ‌တော့ လူ‌နေမှုအဆင့်အတန်း ရပ်ရွာ နိုင်ငံအတွက် ‌ကောင်းကျိုး ‌တွေ‌ပေး‌စေလာတယ်” ဟု ဆရာ‌တော် ဦးကုဏ္ဍလက မိန့်ကြားသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း‌ဒေသကြီးနှင့် နယ်စပ်‌ဒေသရှိ ‌သေ့‌ဘောဘို၊ ‌ရွှေကုက္ကို၊ ‌ဝေါ‌လေ‌ကျေးရွာများမှ အိမ်‌ထောင်ရှင်များနှင့် သက်ကြီးသူအများစုက အရက်၊ မူးယစ်‌ဆေး လာ‌ရောက်ဖြတ်ကြပြီး ၂ဝ၁၈ ခုနှစ်မှစ၍ တစ်နှစ်အတွင်း လူ ၁,ဝဝဝ နီးပါး လာ‌ရောက်‌ဆေးဖြတ်ကြပြီဟု ဆရာ‌တော်က ‌ပြောသည်။

“‌ကော့ကရိတ်မြို့နယ်‌တော့ အရက်၊ မူးယစ်‌ဆေး လာဖြတ်သူအများကြီးပဲ။ အခုသစ္စာ‌ရေမန်းလာယူတာ‌ပေါ့။ မြင်း‌ဆေး (စိတ်ကြွ‌ဆေး) အရက်သုံးဆွဲတာ ဖြတ်‌ပေးတယ်။ အခုရာသက်ပန်ပဲ မ‌သောက်‌တော့ဘူး။ ရွာပြန်‌ရောက်ရင်လည်း မ‌သောက် ဘူး။ ပြန်‌သောက်ရင် သစ္စာ‌ဖောက်သလိုဖြစ်မယ်။ မ‌သောက်ရဲ‌တော့ဘူး” ဟု ‌ကော့ကရိတ်မြို့‌နေ ‌စောအလှက ‌ပြောသည်။

ဆရာ‌တော်ဦးဂုဏ်သလ သီတင်းသုံး‌နေသည့် ခွန်နဝါ(‌မောထီး)‌ကျေးရွာ‌ကျောင်းတိုက် (Photo-kic)

ကြာအင်းဆိပ်ကြီးမြို့နယ် ‌တောင်စွန်းရွာ‌နေ ‌စောမင်းသက်ဦးကလည်း “ ကျ‌နော်အရင်ကဆို အရက်မနက်တစ်လုံး၊ ‌နေ့လယ် တစ်လုံး၊ ည‌နေတစ်လုံး အလွန်အကျွံ‌သောက်တယ်။ မိသားစုနဲ့လည်း အဆင်မ‌ပြေ‌တော့ဘူး။ ဆရာ‌တော်ဆီမှာ အဓိဋ္ဌာန်ဝင် သစ္စာ‌ရေ‌သောက်ပြီးကတည်းက ‌သောက်ချင်စိတ်မရှိ‌တော့ဘူး။ ‌နောက်ဆို တစ်သက်လုံးဖြတ်သွားမယ်။ အရက်၊ မူးယစ်‌ဆေး ဘာ‌ကောင်းကျိုးမှမ‌ပေးဘူးဆိုတာ လူငယ်‌တွေကို ‌ပြောချင်တယ်” ဟု ‌ပြောသည်။

သက်‌တော် ၅၃ နှစ်၊ ဝါ‌တော် ၃၄ ဝါရှိပြီးဖြစ်သည့် ကရင်တိုင်းရင်းသား ဆရာ‌တော်ဦးကုဏ္ဍလသည် ငယ်စဉ်က ‌မော်လမြိုင်၊ သထုံ၊ ရန်ကုန်မြို့တွင် နှစ်‌ပေါင်း ၂ဝ ‌ကျော် ပရိယတ္တိ၊ တရားစာ‌ပေများကို ‌လေ့လာသင်ယူခဲ့သည်။ မိမိဖွားမြင်ရာ‌ဒေသအတွင်း အရက်၊ မူးယစ်‌ဆေး သုံးစွဲမှုများပြားလာသည့်အတွက် ဇာတိ‌မြေသို့ပြန်လာကာ သာသနာပြုလုပ်ငန်းများနှင့် အရက်၊ မူးယစ်‌ဆေး လာ‌ရောက်ဖြတ်သူများကိုပါ လမ်းညွှန်ဖြတ်‌ပေးနိုင်ခဲ့သည့်အတွက် လူသိများလာသည့် ဆရာ‌တော်တစ်ပါးဖြစ်သည်။

ဆရာ‌တော်ဦးကုဏ္ဍလ သီတင်းသုံး‌နေသည့် ခွန်နဝါ(‌မောထီး)‌ကျေးရွာ‌ကျောင်းတိုက်တွင် လက်ရှိတွင် စာသင်သား သံဃာနှင့် မယ်သီလရှင်အပါး ၂ဝ ‌ကျော်ကိုလည်း သီတင်းသုံး‌စေ‌တော်မူလျက်ရှိ‌ကြောင်း သိရသည်။