Home သတင်း အစိုးရတပ်နှင့် မွန်ပြည်သစ်တပ်တို့ ပစ်ခတ်မှု ဖြစ်ပွားခြင်း‌ကြောင့် ဘုရားသုံးဆူ နယ်စပ်ဂိတ် ပိတ်ထား

အစိုးရတပ်နှင့် မွန်ပြည်သစ်တပ်တို့ ပစ်ခတ်မှု ဖြစ်ပွားခြင်း‌ကြောင့် ဘုရားသုံးဆူ နယ်စပ်ဂိတ် ပိတ်ထား

3635
ပစ်ခတ်မှု‌ကြောင့် နယ်စပ်ဂိတ်ပိတ်ထားရ (Photo_KIC)

နိုဝင်ဘာ ၂၇ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

အစိုးရတပ်နှင့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့‌တောင်ဘက် ထိုင်း-မြန်မာ နယ်စပ် ‌ဒေသအ‌ခေါ် ဂျပန်‌ရေတွင်းအနီး၌ နိုဝင်ဘာ ၂၇ ရက်မနက်ပိုင်းတွင် ပစ်ခတ်မှု ဖြစ်ပွားခြင်း‌ကြောင်း ဘုရားသုံးဆူ နယ်စပ်ဂိတ်နှင့် စာသင်‌ကျောင်းများ အားလုံး ပိတ်ထားရသည်ဟု ဘုရားသုံးဆူမြို့ခံများက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘုရားသုံးဆူမြို့‌နေ ဦးခိုင်ဝင်းက “ဂျပန်‌ရေတွင်းအနီးမှာ ခုထိပစ်‌နေတုန်းပဲ။ နယ်စပ်လမ်း ပိတ်ထားတယ်၊ မ‌ပေးသွား‌တော့ဘူး။ လက်နက် အကြီးအ‌သေးပစ်ကြတာ ခုကြား‌နေရတယ်။ မြို့‌ပေါ်မှာ ဆိုင်ကယ်‌တောင် တစ်စီးမှ မသွားလာ‌တော့ဘူး” ဟု နိုဝင်ဘာ ၂၇ ရက်၊ နံနက်ပိုင်းတွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်ဖက်ပစ်ခတ်မှု‌ကြောင့် မြန်မာ-ထိုင်းနယ်ခြား‌ရေးရာ ဘာသာပြန်‌ဆောင်ရွက်‌ပေး‌နေသူ ကိုခင်‌မောင်ဝင်း၏ မျက်ခုံး‌စောင်းတွင် ‌သေနတ်ကျည်ထိမှန်ကာ ထိုင်းနိုင်ငံ ကန်ဘူရီ‌ဆေးရုံးသို့ ပို့‌ဆောင်ထားရပြီး ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး လမ်းမကြီး တစ် ‌လျှောက် ခရီးသွားပြည်သူများ သွားလာမှုယာယီပြတ်‌တောက်သွားသည်ဟု ဘုရားသုံးဆူမြို့သို့ ယာဉ်လိုင်း‌ပြေးဆွဲသူများ က‌ပြောသည်။

ပစ်ခတ်မှု ဖြစ်ရခြင်းသည် ထိုင်းနိုင်ငံဘက်က အ‌ဆောက်အဦး ကျူး‌ကျော် ‌ဆောက်ထားသည်ဟုဆိုကာ အစိုးရတပ်မ‌တော် ဘက်မှ သွား‌ရောက်စစ်‌ဆေး‌နေစဉ် မွန်ပြည်သစ်ပါတီဘက်မှ ပစ်ခတ်ခြင်းဖြစ်သည်ဟု ဘုရားသုံးဆူမြို့ အစိုးရ တာဝန်ရှိသူထံမှ သိရသည်။
ယခုဖြစ်စဉ်အ‌ပေါ် အတည်ပြုနိုင်ရန် မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူများကို ‌ကေအိုင်စီက ဖုန်းဖြင့်ဆက်သွယ်‌သော်လည်း ဆက်သွယ်၍မရ‌သေးခြင်း‌ကြောင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိ ဖြစ်‌နေသည်။

“ ဂျပန်‌ရေတွင်းမှာ ခုထိမွန်နဲ့ပစ်‌နေတုန်းပဲ။ မွန်က အရင်ပစ်တယ်။ နယ်‌မြေ ရှင်းလင်း‌နေတုန်းပဲ။ ထိခိုက်မှုရှိတယ်” ဟု အစိုးရ နယ်ခြား‌စောင့်တပ်ဘက်မှ အမည်မ‌ဖော်လိုသည့် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက ‌ကေအိုင်စီသို့ ပစ်ခတ်မှု အ‌ခြေအ‌နေကို ‌ပြောသည်။

မွန်ပြည်သစ်ပါတီအ‌နေဖြင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် တပ်မ‌တော်နှင့် ပဋိပက္ခဖြစ်ခဲ့ပြီး ဒဒိန်၊ ‌တောင်က‌လေး၊ ထီဖိုးနိုင်း၊ အဘစ်နှင့် အခြားနယ်‌မြေခံဂိတ်များ လက်လွတ်ဆုံးရှုံးခဲ့ရဖူးသည်။ ယခ ုNLD အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ် စဲ‌ရေး NCA လက်မှတ်‌ရေးထိုးခဲ့ပြီး‌နောက် ခွဲထွက် DKBA ကရင်အဖွဲ့၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တို့နှင့် မကြာခဏ ထိ‌တွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။