Home သတင်း ဂျိုင်း(‌ကော့ကရိတ်) မြစ်ကူး တံတားသစ်ကို ၂၀၂၁ ခုနှစ် အတွင်းအပြီး တည်‌ဆောက်မည်

ဂျိုင်း(‌ကော့ကရိတ်) မြစ်ကူး တံတားသစ်ကို ၂၀၂၁ ခုနှစ် အတွင်းအပြီး တည်‌ဆောက်မည်

3776

‌အောက်တိုဘာ ၃၁၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

ဂျိုင်း(‌ကော့ကရိတ်) မြစ်ကူးတံတားသစ်ကို ဂျပန်အစိုးရ ဖွံ့ဖြိုး‌ရေး အကူအညီ ‌ချေး‌ငွေ (ODA Loan) နှင့် JiCA အစီအစဉ်ဖြင့် ၂၀၂၁ ခုနှစ်အတွင်း အပြီးတည်‌ဆောက်သွားမည်ဟု ‌အောက်တိုဘာ ၃၁ ရက်‌နေ့တွင် စီမံကိန်း ဧရိယာတွင် ပြုလုပ်သည့် တံတားသစ် ပန္နက်အခမ်းအနား၌ ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဦးဟန်‌ဇော်က ‌ပြောသည်။

၎င်းက ” ယခုတည်‌ဆောက်မည့် ဂျိုင်း(‌ကော့ကရိတ်)တံတားကို JiCA နဲ့ ဂျန်ပန်အစိုးရ၏ (ODA)‌ချေး‌ငွေ စီမံ ကိန်း တစ်ခုလုံးအတွက် ဂျပန်ယမ်း ၆.၈ ဘီလီယံကို ဂျပန်‌ဆောက်လုပ်‌ရေးကုမ္ပဏီများဖြစ်တဲ့ Hazama Ando Corporation နဲ့ P.S Mitsubishi Co.Ltd တို့က ပူး‌ပေါင်းတည်‌ဆောက်သွားမှာပါ။ ၄ လမ်းသွား ကြိုးတင် အားဖြည့် ကွန်ကရိတံတားအမျိုးအစား ဖြစ်ပါတယ်။ ယာဉ်တစီးခြင်းအတွက် တံတားခံနိုင်ဝန်က တန် ၆ဝ ဖြစ် တယ်” ဟု ‌ပြောသည်။

ထို့အပြင် JiCA နှင့် ဂျပန်အစိုးရ၏(ODA)‌ချေး‌ငွေဖြင့် အ‌ရှေ့အ‌နောက်စီးပွား‌ရေးစကြင်္န်လမ်း ‌မော်လမြိုင်-‌ကော့ကရိတ် လမ်းပိုင်းတွင် ဂျိုင်း(‌ကော့ကရိတ်တံတား)၊ ဂျိုင်း(ဇာသပြင်တံတား)နှင့် အတ္တရံ(‌မော်လမြိုင်) တံတားတို့ကို တည်‌ဆောက်သွားမည်ဖြစ်ဟု ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန ထံမှသိရသည်။

အဆိုပါလမ်းပိုင်းကို အဆင့်မြှင့်တင်ခြင်းအားဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ လာအို၊ ဗီယက်နမ် အစ ရှိ‌သော အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှု ပိုမို‌ကောင်းမွန်လာမည်ဖြစ်သလို ယာဉ်အစီး‌ရေသွားလာမှု များပြားလာခြင်းကို အဆင်‌ပြေ‌စေရန် အဓိကရည်ရွယ်၍ အဆင့်မြှင့်တင်ရခြင်း ဖြစ်သည်ဟု ပြည်‌ထောင်စု ဝန်ကြီး ဦးဟန်‌ဇော်က ဆက်‌ပြောသည်။

ဂျိုင်း(‌ကော့ကရိတ်)တံတားသစ်စီမံကိန်းကို ၂၀၁၉ ခုနှစ် ‌မေလ ၃ ရက်‌နေ့ကတည်းက စတင်ခဲ့ပြီး ယ‌နေ့ ‌အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းက ပန္နက်တင်အခမ်းအနားကျင်းပခဲ့သည်။ အခမ်းအနားသို့ ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦးဟန်‌ဇော်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်၊ ပြည်နယ်လွှတ်‌တော်ဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လွှတ်‌တော်ကိုယ်စားလှယ်များ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr.Ichiro MARUYAMA နှင့် JiCA Myanmar Office မှ Mr.Masayuki KARASAWA တို့ တတ်‌ရောက်ခဲ့သည်။

‌ကော့ကရိတ်.‌မော်လမြိုင် လမ်းပိုင်း‌ပေါ်ရှိ မြစ်ကူးတံတားများ ဖြစ်ကြ‌သော ဂျိုင်း(‌ကော့ကရိတ်တံတား)၊ ဂျိုင်း (ဇာသပြင်)တံတား နှင့် အတ္ထရံ(‌မော်မြိုင်တံတား)တို့ကို JiCA အစီအစဉ်ဖြင့် ဂျပန်နိုင်ငံအစိုးရ၏ (ODA)‌ချေး‌ငွေ ဂျပန်ယန်း‌ငွေ သန်း‌ပေါင်း ၃၃,၀၀ဝ ခန့် အသုံးပြုတည်‌ဆောက်သွားမည်ဟု ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန တံတား ဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးသိန်းမြင့်မွန်က ယ‌နေ့ပြုလုပ်‌သော ဂျိုင်း(‌ကော့ကရိတ်)တံတားသစ် ပန္ဒက်တင်အခမ်းအနားအပြီး မီဒီယာသို့ ‌ပြောသည်။

အဆိုပါ ဂျိုင်း(‌ကော့ကရိတ်)တံတားသစ်ကြီးကို ယခင်တံတား‌ဟောင်းနှင့် သစ်‌တောက်ငှက်ကုမ္ပဏီပိုင် ပွန်တွန်း တံတားကြားတွင် ဂျိုင်းမြစ်ကိုဖြတ်၍ တည်‌ဆောက်သွားမည် ဖြစ်သည်။ ယခင်တံတား‌ဟောင်းမှာ ၁၉၉၇ ခုနှစ် ကတည်းက တည်‌ဆောက်ခဲ့ရာ နှစ်‌ပေါင်း၂ဝ ကြာ သက်တမ်းရှိပြီဖြစ်သည့်အတွက် ယခုအခါ တံတားကြံ့ခိုင်မှု နှင့် ခံနိုင်ဝန်နည်းလာ၍ တံတား‌ပေါ်တွင် ခရီးသည်တင်ယာဉ်များသာ ဖြတ်သန်းသွားလာခွင့်ပြုထားသည်။

ကုန်တင်ယာဉ်များကိုမူ ပွန်တွန်းတံတား နှစ်ခု‌ပေါ်မှသာ ဖြတ်သန်းသွားလာခွင့် ပြုခဲ့ပြီး ယခင်နှစ် ‌ရေကြီးမှု ဖြစ်ပွားစဉ် ပွန်တွန်းတံတားများ‌ပေါ်တွင် ကုန်တင်ယာဉ်များ ဖြတ်သန်းမရဖြစ်ခဲ့ရာ ရက်သတ္တပတ် ၃ ပတ် နီးပါးကြာ ယာဉ်‌ကြောပိတ်ဆို့မှုများ ဖြစ်‌ပေါ်ကာ ခရီးသွားပြည်သူများ အခက်အခဲများစွာ ကြုံ‌တွေ့ရသည်ဟု ‌ဒေသခံများ ထံမှ သိရသည်။