Home တွေ့ဆုံမေးမြန်းခန်း ကရင့်အာဇာနည်‌နေ့ ကျင်းပမှု‌ကြောင့် တရားစွဲဆိုခံရသူ KWU ဥက္ကဌ ‌နော်အုန်းလှနှင့် ‌မေးမြန်းခြင်း

ကရင့်အာဇာနည်‌နေ့ ကျင်းပမှု‌ကြောင့် တရားစွဲဆိုခံရသူ KWU ဥက္ကဌ ‌နော်အုန်းလှနှင့် ‌မေးမြန်းခြင်း

3244


“နိုင်ငံသားအခွင့်အ‌ရေးနဲ့ သွားတာဖြစ်တဲ့အတွက် ဘာမှချိုး‌ဖောက်တာမရှိပါဘူး။ ဒါကိုမှ တရားစွဲမယ်ဆိုရင် ရင်ဆိုင်ပြီး ‌တော့မှ ‌ဖြေရှင်းသွားမယ်။”


ပြီးခဲ့သည့် ဩဂုတ်လ ၁၂ရက်‌နေ့၊ ရန်ကုန်မြို့ ဗန္ဒုလပန်းခြံတွင် ကရင်အမျိုးသား အာဇာနည်‌ခေါင်း‌ဆောင်များကို ဂုဏ်ပြုသည့် ကရင်အမျိုးသားအာဇာနည်‌နေ့ကို ခွင့်ပြုချက်မရဘဲ ကျင်းပခဲ့သည်ဟုဆိုကာ ဦး‌ဆောင်ကျင်းပသူ ကရင်အမျိုးသမီးအစည်းအရုံး-KWU ဥက္ကဌ ‌နော်အုန်းလှအပါအဝင် ကရင်လူငယ်နှစ်ဦးကို ‌ကျောက်တံတားမြို့နယ် ရဲစခန်းမှ ငြိမ်းချမ်းစွာ စု‌ဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပ‌ဒေ (ငြိမ်းစုစီ)ပုဒ်မဖြင့် တရားစွဲဆိုခံ ထားရမှုများဖြစ်‌ပေါ်ခဲ့သည်။

လက်ရှိ တရားစွဲဆိုခံရမှု အ‌ခြေအ‌နေ နှင့်ပတ်သက်၍ KWU ဥက္ကဌ ‌နော်အုန်းလှအား ‌ကေအိုင်စီ-ကရင်သတင်းဌာနမှ ဆက်သွယ်‌မေးမြန်းထားသည်များကို ‌ဖော်ပြလိုက်ပါသည်။

‌မေး ။လတ်တ‌လော တရားစွဲဆိုခံရမှု အ‌ခြေအ‌နေကို ‌ပြောပြပါ။
‌ဖြေ။ အာဇာနည်‌နေ့အခမ်းအနား ပြီးပြီးချင်းမှာ ဖုန်းနဲ့လှမ်း‌ခေါ်တဲ့အခါမှ ကျမက မလာအားဘူးလို့‌ပြောလိုက်တယ် ။ ၁၆ရက်‌နေ့ညက ဖုန်းနဲ့ပြန်လှမ်း‌ခေါ်တယ်။ အာဇာနည်‌နေ့နဲ့ပတ်သက်ပြီး မြို့နယ်မှူး တရားစွဲထားပါတယ်။ လာရှင်းပါ အ‌ကြောင်းကြားလာတယ် ။ လက်ရှိအချိန်မှာ ၃ ‌ယောက်တရားစွဲထားတယ်။ ဘာမှ‌တော့ ဖြစ်လာမှာမဟုတ်ဘူး။ ဘာ‌ကြောင့်လဲဆို‌တော့ ကျမတို့က အာဇာနည်‌နေ့ ကျင်းပလာခဲ့တာ ၆၉ နှစ်‌မြောက်ရှိပြီး အဲဒီအ‌ပေါ်မှာ ကျမတို့ကို လာပြီး ဖိအား‌ပေးတဲ့အ‌နေအထားပဲ၊ ကျမတို့က ဘာနဲ့အားရှိသွားလဲဆိုရင် ကျမတို့ KNUက‌နေပြီးစာထုတ်လိုက်တယ်။ ကရင်ရှိတဲ့‌နေရာမှာ ကရင်အာဇာနည်‌နေ့ကျင်းပပါ တိုက်တွန်းထားတာရှိတဲ့အခါကျ‌တော့ ကျမတို့လုပ်ခဲ့တယ် ။
ကရင်အာဇာနည်‌နေ့ကို လုပ်လာခဲ့ကြတာ နှစ်‌ပေါင်းများစွာရှိခဲ့ပြီး ငြိမ်းချမ်း‌ရေးအရ ကျမတို့ကို ဒီလိုလုပ်တဲ့အတွက် ငြိမ်းချမ်း‌ရေး ထိခိုက်နိုင်တယ်။ ဘာ‌ကြောင့်လဲဆို‌တော့ အစိုးရသည် လက်ရှိသွား‌နေတဲ့ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်တဲ့အချိန်မှာ ငြိမ်းချမ်း‌ရေးကို အဓိကကျတယ်။ ဒါကို တိုင်းရင်းသား‌တွေရဲ့ ရိုးရာဓ‌လေ့ ယဉ်‌ကျေးမှု ‌နေ့ထူး‌နေ့မြတ်‌တွေမှာ အ‌လေးမထားဘူးဆိုရင်‌တော့ ကျမတို့ ‌ရှေ့ဆက်သွားမယ့် ယုံကြည်မှု‌တွေက ပိုပြီး‌တော့ အလှမ်း‌ဝေးနိုင်‌သေးတာ‌ပေါ့‌နော်။ ဒီလိုပိတ်ပင်တဲ့အတွက် လူမျိုးတစ်မျိုးရဲ့ အာဇာနည်သူရဲ‌ကောင်းဆိုတာ ကိုယ့်ဘာ သာကိုယ်ဘဲ သတ်မှတ်ကြတယ်။ သူများလူမျိုးက လာသတ်မှတ်‌ပေးဖို့မရပါဘူး။ ဒါကျမတို့ ရိုးရာယဉ်‌ကျေးမှု အ‌မွေအနှစ် ထိန်းသိမ်းရမယ့် ကျမတို့ တာဝန်‌တွေဖြစ်တယ်။ သူများလာပြီး သတ်မှတ်မှ လက်ခံမှာမဟုတ်ဘူး။
ကျမတို့ ကရင်အာဇာနည်သတ်မှတ်တာ ကျမတို့ ကရင်လူမျိုး‌တွေက သတ်မှတ်တာပါ။ ကျမတို့ ကရင်အာဇာနည်‌နေ့ကို မလုပ်ပါနဲ့လို့‌ပြောတာ ဗမာဖြစ်‌နေတယ်။ ကရင်အာဇာနည်‌နေ့ ကျင်းပတာက ကျမတို့ သ‌ဘောနဲ့ကျင်းပတာမဟုတ်ပါဘူး။ အားလုံးဆုံးဖြတ်ချက်ချပြီး‌တော့မှ ကျင်းပတာဖြစ်တယ်။ အရင်က ‌တော်လှန်‌ရေးနယ်‌မြေမှာ လုပ်လာခဲ့တယ်။ ‌နောက်မှ ဒီဘက်မှာ အကြီးအ‌သေးလုပ်လာခဲ့ကြတယ်။ ဒါ‌ပေမယ့် အခုချိန်မှာမှ ပြဿနာ ဖြစ်လာခဲ့တဲ့အတွက် စိတ်မ‌ကောင်းပါဘူး။ ဒီမိုက‌ရေစီအစိုးရ ဖြစ်တဲ့အတွက် ဒီလိုမျိုးလုပ်တာ‌တော့ ဝမ်းနည်းဖွယ်ရာ‌တွေ့ရပါတယ်။

‌မေး ။ ။ ရဲစခန်းမှာ မသွားရင် ဖမ်းဝရမ်း ထုတ်မယ်လို့ သတင်းထွက်‌ပေါ်လာတာနဲ့ပတ်သက်ပြီး အ‌ခြေအ‌နေကို ‌ပြောပြပါအုံး။
‌ဖြေ။ ကျမက ‌ပြောထားတယ်။ ဒီ ၂၁ ရက်‌နေ့မှ အားမယ်။ သူတို့ဆီမှာ မလာနိုင်‌သေးဘူး။ အဲဒီအခါမှာ သူတို့က မရ ဘူး‌ပြော‌တော့ ကျမကလည်း မလာဘူးလို့ ပြန်‌ပြောလိုက်တယ်။ မီဒီယာ‌တွေ ကျမကို‌မေး‌တော့ အဲလိုပဲ‌ဖြေတယ်။ ပြီးမှ သူတို့ကို မီဒီယာ‌တွေပြန်‌မေး‌တော့ ကျမမလာဘူးဆိုရင် သူတို့ဝရမ်းထုတ်မယ်လို့ သူတို့ထုတ်‌ပြော‌တော့ မီဒီယာက သူတို့‌ပြောတဲ့ဟာကို အဲလိုပြန်‌ရေးတာ။
တကယ်တမ်းကျ‌တော့ အထူးသဖြင့် ကျမဆီကို ဘာမှစာလာပို့တာ၊ အ‌ကြောင်းကြားတာ မရှိ‌သေးပါဘူး။ တရားဝင် စာထုတ်တာမရှိ‌သေးပါဘူးလို့ ‌ပြောချင်ပါတယ်။ ကျမက သူတို့ဆီကို သွားမယ်ဆိုတာ အစက စီစဉ်စားထားပြီး နှစ်ဦး နှစ်ဖက် ညှိနှှိုင်းပြီးလာခဲ့မှာ‌ပေ့ါ။ အဲအခါကျ‌တော့ မြဝတီရုံးချိန်းရှိတယ်။ ပြီးမှလာခဲ့မှာ‌ပေါ့ ‌ပြော‌တော့မရဘူး။ မရရင် လာဘူး‌ပေါ့ ဘာဖြစ်လဲ။ တို့ဘက်က အဖမ်းခံရလည်း ဘာအပြစ်မှကျူးလွန်တာ မဟုတ်ဘူး။ အခုဘာမှ‌တော့ မ‌ပြောလာ‌သေးဘူး ။ ကျမတို့က နိုင်ငံ‌တော်ကို ပုန်ကန်တာလည်းမဟုတ်ဘူး။ ကရင်တစ်မျိုးသားလုံးရဲ့ အာဇာနည်‌နေ့ကို ကျင်းပတာပဲဖြစ်တယ်လို့ ‌ပြောချင်ပါတယ်။

‌မေး။ အဲဒီမှာ ဦး‌ဆောင်တာ‌တွေက အများကြီးရှိတာ‌ပေါ့‌နော်။ ဘာ‌ကြောင့် အန်တီအပါအဝင် လူငယ်နှစ်‌ယောက်ကိုပဲ တရားစွဲတာလဲလို့ ထင်ပါသလဲ။
‌ဖြေ။ အဲဒီ‌နေ့မှာ ‌စောအဲလ်ဘတ်ချိုက ကရင်အာဇာနည်‌နေ့ သမိုင်းနဲ့ပတ်သက်ပြီး အဲဒီမှာရှင်းလင်း‌ပြောပြသွားတာရှိတယ်။ စသိန်း‌ဇော်မင်းကဆိုရင် အာဇာနည်‌နေ့အတွက် အမိန့်‌ပေးလို့ တရားစွဲတာ၊ သူတို့က အာဇာနည်‌နေ့လို့ မသုံးခိုင်းဘူး။ သုံးတဲ့လူကို သူတို့ကတရားစွဲတယ်လို့ ‌ပြောလို့ရတယ်။ ပြီး‌တော့ အဲဒါနဲ့ပတ်သက်ပြီး ကရင်အဖွဲ့အစည်း ‌တော်‌တော် များများက စာ‌တွေထုတ်တာရှိ‌တော့ အခုချိန်ထိ ကျမတို့ကို လာ‌ခေါ်တာမရှိ‌သေးပါဘူး။ ကျမတို့ ခံယူထားတာက ကျမ တို့က ဘာပြစ်မှုမှမကျူးလွန်ထားပါဘူးလို့ ‌ပြောချင်ပါတယ်။

‌မေး။ တရားစွဲထားတာရှိတဲ့အ‌ပေါ် အန်တီဘက်က ဘာဆက်လုပ်ဖို့အစီအစဉ်ရှိလဲ။
‌ဖြေ။ ။ သူတို့ဘက်က ဆက်လုပ်ချင်တာလုပ်၊ ကျမက ဘာအပြစ်မှမလုပ်ထား‌တော့ မသွားဘူး။ ကျမတို့ညှိနှှိုင်း ခဲ့တဲ့အချိန်တုန်းက ‌ပြောထားပြီးသား၊ ဒီညှိနှှိုင်းမှုက အ‌ကြောင်းပြန်‌ပေး၊ သူတို့က အာဇာနည်‌နေ့ မသုံးပါနဲ့လို့ပဲ‌ပြောတယ်။ မသုံးရ‌အောင် ကျမတို့က အာဇာနည်‌နေ့ကျင်းပတာ ဖြစ်တဲ့အတွက် အာဇာနည်‌နေ့လို့ပဲ သုံးတယ်။ ၂၁ရက်‌နေ့မှ အားတယ်လို့‌ပြောထားတယ်။ သူတို့က မလက်ခံဘူးဆို‌တော့ ကျမလည်းမသွားဘူး‌ပေါ့။
တိုင်းရင်းသားလူမျိုး‌ပေါင်းစုံ ‌နေထိုင်တဲ့တိုင်းပြည်မှာ လူမျိုးစုတစ်စုချင်းစီရဲ့ သတ်မှတ်ချက်‌တွေက ရန်ကုန်တိုင်းအစိုးရ အဖွဲ့က ဒါလုပ်ပါ၊ ဟိုဟာလုပ်ပါ ဆိုတာကို ဒီလိုရဲတပ်ဖွဲ့ကပဲ ‌ပြောစရာအ‌ကြောင်းတစ်ခုမှမရှိပါဘူး ။ ဒီတရားစွဲတာနဲ့ပတ် သက်ပြီး ကျမကိုယ်တိုင်က ဘာမှ‌ပြောမှာမဟုတ်ဘူး။ တကယ်လို့ ကျမကို မတရားဖမ်းဆီး‌တော့မှအ‌ရေးယူမယ်ဆိုရင် အဲဒါကသူတို့ကိစ္စ ဘာအပြစ်မှ မကျူးလွန်တဲ့အတွက် ‌လော‌လောဆယ် သွားအဖမ်းမခံနိုင်ပါဘူးလို့ ‌ပြောချင်တယ်။ ကျမ ဥပ‌ဒေမချိုး‌ဖောက်ဘူး။ နိုင်ငံသားအခွင့်အ‌ရေးနဲ့ သွားတာဖြစ်တဲ့အတွက် ဘာမှချိုး‌ဖောက်တာမရှိပါဘူး။ ဒါကိုမှ တရားစွဲမယ်ဆိုရင် ရင်ဆိုင်ပြီး‌တော့မှ ‌ဖြေရှင်းသွားမယ်။ ဒါက ကရင်လူထု‌တွေကို လာပြီး ဖိနှိပ်တဲ့လုပ်ငန်းဖြစ်တဲ့တွက် ဘာမှငုံ့ခံစရာ မ‌ကြောင်းမရှိပါဘူး။
ကျမတို့ရှင်းလင်းပါ့မယ်။ ရှင်းလင်းတဲ့အခါမှာ အ‌ကြောင်းအကျိုးညီညွတ်စွာရှင်းလင်းပါ့မယ်။ ဒါက ‌ရှေ့ဆက်သွားမယ့် ခရီးလမ်းက ဒီလိုစဉ်းစားထားတယ်။ အာဇာနည်‌နေ့မှာလည်း ကျမ‌ပြောခဲ့ပါတယ်။ ကျမတို့ကို အစိုးရအဖွဲ့က ဒီလိုမျိုး အာဇာနည်‌နေ့ကိစ္စကို လက်မခံတဲ့အတွက် ကျမကို အ‌ကြောင်းစုံတရားစွဲနိုင်တယ်လို့ ‌ပြောခဲ့ပါတယ်။ စွဲတဲ့အခါမှာ ကျမတို့ကို ဝန်းရံ‌ပေးပါ။ ဒါက ကရင်တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် တစ်‌ယောက်ထဲလုပ်လို့မရပါဘူး။ ကျမတို့ ဦး‌ဆောင်လုပ်‌ပေး‌နေပါတယ်။ ဒါ‌ပေမယ့် ကျမတို့‌နောက်ကို‌တော့ ဝန်းရံ‌ပေးပါ။ ကျမတို့ ကရင်ပဲမဟုတ်ပါဘူး။ တစ်ခြားတိုင်းရင်းသား‌တွေ‌ရော နိုင်ငံ‌ရေးအင်အားစု‌တွေပါ ဝန်းရံ‌ပေးပါ။ ဘာ‌ကြောင့်လဲအခါကျ‌တော့ ဒီမတရားမှု‌တွေကို‌တော့ အားလုံးဝန်းရံပြီး ကူညီ‌ပေးမှရမယ်လို့ ‌ပြောချင်ပါတယ်။