Home တွေ့ဆုံမေးမြန်းခန်း “လက်ရှိ အ‌ခြေအ‌နေအရ ၂၀၂ဝ မှာ ပြန်နိုင်မယ်”

“လက်ရှိ အ‌ခြေအ‌နေအရ ၂၀၂ဝ မှာ ပြန်နိုင်မယ်”

3091

သံ‌တောင်ကြီးမြို့နယ် ကရင်ပြည်သူ့ပါတီ ဥက္ကဌ ‌စော‌ဒေါ်ပလဲနှင့် ‌တွေ့ဆုံခြင်း

ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် သံ‌တောင်ကြီးမြို့နယ်၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်အဖြစ် အ‌ရွေးခံခဲ့ရဖူးသူ သံ‌တောင်ကြီးမြို့နယ်၊ ကရင်ပြည်သူ့ပါတီ ( KPP) ဥက္ကဌ ‌စော‌ဒေါ်ပလဲနှင့် မြို့နယ်အဆင့် ပါတီလှုပ်ရှား‌ဆောင် ရွက်‌နေမှု၊ ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ရှုံးနိမ့်ရသည့် အ‌ကြောင်းအရင်း၊ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ အလားအလာ စ သည်တို့ကို သံ‌တောင်မြို့နယ်ရှိ ၎င်း၏ ‌နေအိမ်တွင် ‌ကေအိုင်စီက ဇူလိုင်လဆန်းပိုင်းက သွား‌ရောက်‌တွေ့ ဆုံ‌မေးမြန်းခဲ့သည်များအား စာဖတ်သူများအတွက် ပြန်လည်‌ဖော်ပြလိုက်ပါသည်။

‌ကေအိုင်စီ။ ။ သံ‌တောင်ကြီးမြို့နယ်၊ ကရင်ပြည်သူ့ပါတီ စဖွဲ့စည်းခဲ့တဲ့ အ‌ခြေအ‌နေနဲ့၊ ပါတီရဲ့လတ်တ‌လော လှုပ်ရှားမှုကို ‌ပြောပြ‌ပေးပါ။
‌စော‌ဒေါ်ပလဲ။ ။ သံ‌တောင်ကြီးမြို့နယ်၊ ကရင်ပြည်သူ့ပါတီကို စဖွဲ့စည်းတာ ၂၀၁ဝ ဇွန် ၂ဝ ရက်မှာပါ။ မြို့နယ် ဆိုင်းဘုတ်‌ထောင် လိုက်တယ်။ အစက‌တော့ တက်တက်ကြွကြွ ပါဝင်ကြတာ‌ပေါ့။ စဖွဲ့စည်းကတည်းက အခက် ဆုံးက‌တော့ ရံပုံ‌ငွေပဲ၊ ပါတီဝင်‌တွေက ရံပုံ‌ငွေ မထည့်နိုင်ကြဘူး။ စဖွဲ့ကတည်းက အတီးက ဥက္ကဌ၊ ‌စောခရစ္စတို ဖာက အတွင်း‌ရေး မှူးပါ။ စဖွဲ့တုန်းက‌တော့ အားလုံးလည်းတက်တက်ကြွကြွပါဝင်တယ်။ ၂၀၁ဝ မှာ ‌လေး ‌ယောက်စလုံး နိုင်ခဲ့တယ်။
အဲ့ဒီတုန်းက ‌ခေတ်အ‌ခြေအ‌နေအရ ကျ‌နော်တို့‌တွေ လိုက်စည်းရုံးခွင့်‌တောင်မရှိဘူး။ အဲ့တုန်းက စည်းရုံး‌ရေး ဆင်းရင် ၇ ရက်ကြိုတင်ကြတယ်။ ဘယ်အိမ်မှာ ‌ဟောမယ်။ ဘယ်နှစ်‌ယောက်တက်‌ရောက်မယ် ဆိုတာက အစ‌ပေါ့။ ပထမက ပျားစခန်းသွားမယ်‌ပေါ့၊ ခွင့်ပြုမိန့်‌တောင်းလိုက်တယ်။ ကျလာ‌ရော ဒီအစည်းအ‌ဝေးအစ အဆုံးကို အသံဖိုင် ၄၈ နာရီအတွင်း‌ကော်မရှင်ရုံးကို ပို့ရမယ်တဲ့။ ဆို‌တော့ အဲ့တုန်းက ကျ‌နော်တို့ ဖုန်းမှ မကိုင်နိုင်‌သေးတာ။
အသံဖိုင် သိမ်းဖို့ကလည်း မလွယ်၊ ဆို‌တော့ ပြည်နယ်‌ကော်မရှင်ရုံးကို သွား‌တော့ ကိုယ်တိုင်‌မေးကြည့်တယ်။ သူများပါတီ‌တွေကျ‌တော့ ဘာလို့ အဲ့လို မလုပ်ခိုင်းလည်း ဆိုပြီး‌တော့ ‌မေးကြည့် တယ်။ ‌ကော်မရှင်က ပြန်‌ပြော တာ အထက်က ညွှန်ကြားချက်အရပါတဲ့။ အဲ့‌တော့ သ‌ဘော‌ပေါက်ပါပြီး‌ပေါ့၊ ၂၀၁ဝ တုန်းကဘာမှ မစည်းရုံး လိုက်ရ ဘူး။ တစ်ခုပဲ မဲရုံကိုယ်စားလှယ်‌တွေကို‌တော့ လိုက်ရှာရတာ‌ပေါ့။ ဒီမြို့မှာက အသိများ ‌တော့အဆင်‌ပြေပါတယ်။

‌ကေအိုင်စီ။ ။ အခုလက်ရှိ ပါတီစည်းရုံး‌ရေး ဘာ‌တွေလုပ်‌နေလဲ။
‌စော‌ဒေါ်ပလဲ ။ ။ အခု လက်ရှိ မြို့နယ်ပါတီ အ‌နေနဲ့ ဘာမှစည်းရုံး‌ရေး မလုပ်ဘူး။ အ‌တွေ့အကြုံအများကြီး ရသွားပြီး။ မြို့နယ် အဆင့်ကိုလည်း စဖွဲ့ကတည်းက ပြန်ဖွဲ့ရ‌သေးဘူး။ ၂၀၂ဝ ထဲဝင်မှပဲ လုပ်‌တော့မယ်။ အချိန် နည်းနည်းလို ‌သေးတယ်။

‌ကေအိုင်စီ။ ။ ၂၀၁၅ ‌ရွေး‌ကောက်ပွဲ တုန်းက သံ‌တောင်ကြီးမှာ ၃ ‌နေရာ ရှုံးသွားတယ်။ အဲ့ဒီအ‌တွေ့အကြုံ‌လေး ပြန် ‌ပြောပြပါဦး။
၂၀၁၅ တုန်းက တစ်ဖက်ကို အထင်‌သေးသလိုဖြစ်သွားတယ်။ ကိုယ့်ကိုယ်ကို ယုံတယ်ဆိုတာထက် ကိုယ့်ပြည် သူ‌တွေက ကျ‌နော်တို့ရဲ့ ‌ဆောင်ရွက်ချက်‌တွေကို မျက်မြင်အများကြီးရှိတယ်။ သူတို့လည်း သိတယ်။ ဒီ‌တော့ ကိုယ့်အ‌ပေါ် စိတ်ရှိဦးမယ် ထင်ခဲ့တယ်။ ၂၀၁၅ တုန်းက နိုင်ငံ‌ရေးအ‌ခြေအ‌နေကလည်း လူထုက အ‌ပြောင်း အလဲလိုချင်‌နေတယ်‌လေ၊ အဲ့လိုအ‌ခြေအ‌နေ‌လေး ရှိတယ်။ ‌နောက်တချို့က ‌ပြောကြတယ်၊ စစ်အုပ်ချုပ် ‌ရေးလို ချင်တုန်းပဲလားလို့၊ ဘာလို့လည်းဆို‌တော့ အဲ့တုန်းကပါတီဥက္ကဌ ‌စောထွန်း‌အောင်မြင့်က လာပြိုင်တယ်။ သူက ‌ဘောင်းဘီချွတ်ကိုး။

ရှုံးတာကို ပြန်သုံးသပ်ရင် ပထမ နံပတ် ၁ အချက်က ‌စောထွန်း‌အောင်မြင့်ကို ဒီမှာလာပြိုင်ဖို့လက်ခံလိုက်တာ လည်းတစ်ချက်ပါတယ်။ အဲ့တုန်းက သူကလည်း အမျိုးသားလွှတ်‌တော်ကိုဝင်‌ရွေးဖို့ အ‌ခြေအ‌နေဖန်တီး လာတယ်။ အဲ့‌တော့ ကျ‌နော့်‌နေရာမှာ ဝင်‌ရွေး‌ပေါ့၊ ဘာလို့လည်းဆို‌တော့ မြန်မာတစ်နိုင်ငံလုံးမှာ ကရင်နိုင်ဖို့ ဆိုတာ သံ‌တောင် တစ်မြို့နယ်ပဲရှိတယ်။ သံ‌တောင်မှာ ကရင်က ၉ဝ ရာခိုင်နှုန်း‌လောက်ရှိတယ်။ ဖားအံ‌တောင် ကရင်ကတစ်ဝက် ‌လောက်ပဲ ရှိ‌တော့တယ်။ အဲ့‌တော့ ကျ‌နော့် အမျိုးသားလွှတ်‌တော်‌နေရာ ဝင်‌ရွေးဖို့ ဖယ်‌ပေး လိုက်တယ်။

သူဘာလို့ လာတိုးလဲလို့ စဉ်းစားကြည့်‌တော့ တိုင်းရင်းသား‌တွေကို ဒုသမ္မတ‌ပေး‌တော့ အလှည့်နဲ့ဆို ရှမ်းပြီးရင် ကရင်လည်း ဖြစ်နိုင်တယ်‌ပေါ့‌လေ။ ဒီ‌တော့ သူ့ကို လိုက်မိတ်ဆက်‌ပေးတယ်။ ဒီ‌နေရာမှတစ်ဖက်က တစ်ပန်း သာသွားတာက နင်တို့ စစ်ယူနီ‌ဖောင်းချွတ်ကို လိုချင်တုန်းပဲလား ဆိုပြီး‌တော့‌ပေါ့။ နံပါတ်၂ က‌တော့ နယ်ခံ မဟုတ်ဘူး။ ဒီ‌တော့ စစ်ယူနီ‌ဖောင်းချွတ်ထက်စာရင် မထူးပါဘူးဆိုပြီး‌တော့ ဟိုဘက်ကို ‌ပေးသွားတယ်။

‌နောက်တစ်ခုက အတီးတို့ လွှတ်‌တော်ကိုယ်စားလှယ်သက်တမ်း ၅ နှစ်ရှိ‌တော့မယ်၊ တပ်မ‌တော်သိမ်းတဲ့‌မြေ တစ်လက်မမှ မယူ‌ပေးနိုင်ဘူးလို့ ‌ပြောတယ်။ တကယ့်အဖြစ်အပျက်ကို ‌ပြောရမယ်ဆိုရင် ကားလမ်း‌တောင်း တယ်။ ‌လေးလမ်းရတယ်။ ဒါ‌ပေမဲ့ကိုယ့် ‌ကေအဲန်ယူနဲ့ အကြိတ်အနယ် ‌ဆွေး‌နွေးတယ်။ သူတို့‌ပေါ်လစီ မူဝါဒအရ လက် မခံဘူး။ မတတ်နိုင်ဘူး‌လေ။ လမ်းလာမယ်ဆိုပြီး မရ‌တော့ ရွာသား‌တွေက‌မေးတယ်။ ဒီ‌တော့ ‌စော‌ဒေါ် ပလဲကို ‌မေးလို့ ‌ပြောကြတယ်။ ရွာသား‌တွေ ဒီမှာအကုန်လုံးလာ‌ပြောကြတယ်။

‌နောက်တစ်ချက်က ‌သောက်‌ရေခပ်‌ရေအားလျှပ်စစ် စီမံကိန်း ၂ ‌ပေါ့။ အဲ့တုန်းက ပြည်ခိုင်ဖြိုး‌ခေတ်‌ပေါ့၊ လွှတ် ‌တော်မှာ အတီးအကြိတ်အနယ်‌ဆွေး‌နွေးတယ်၊ မလုပ်ပါဘူးလို့ ‌ပြောတယ်။ အတီးက မ‌ကျေနပ်ဘူး။ လွှတ်‌တော် မှာစာနဲ့ ထပ်‌မေးတယ်။ ဘယ်လို အ‌ကြောင်းပြန်လည်းဆို‌တော့ တ‌နေ့‌နေ့၊ တချိန်ချိန်မှာ အ‌ရေးတကြီးလိုအပ်လို့ နိုင်ငံနဲ့ပြည်သူအတွက် လုပ်ရမယ်ဆိုရင်‌တောင်မှ ‌ဒေသခံပြည်သူ‌တွေရဲ့ ဆန္ဒရှိမှသာ လုပ်မဲ့စနစ်ကို ကျင့်သုံး ပါ‌ကြောင်း စာပြန်လာတယ်။ စာကို မိတ္တူကူးပြီး‌တော့ ‌ဘောဂလိဘက်ဖြန့်လိုက်တယ်။

ဘာပြန်ကြားရသလဲဆို‌တော့ နင်တို့ ‌စော‌ဒေါ်ပလဲကို မဲ‌ပေးချင်တုန်းပဲလား။ ‌ရောင်းစားပြီ‌လေ မကြာခင်ကြံ့ဖွံ့ အ စိုးရ လာလုပ်ပြီးဆို ‌ပြောကြပြန်တယ်။ ကိုယ်လည်း မတတ်နိုင်ဘူး၊ ဒီလိုပဲ ‌ဖြေသိမ့်ရတယ်။ အဲ့လိုနဲ့ သံ‌တောင် ကြီးက လူတစ်‌ယောက်လာတယ်။ အခက်အခဲရှိလို့ ပိုက်ဆံ ဆယ်သိန်း ခဏ‌ချေးပါတဲ့။ သူ့ကို စိတ်မ‌ကောင်းစွာ နဲ့ မရှိဘူးလို့ ‌ပြောလိုက်တယ်။ သူဘာပြန်‌ပြောလဲဆို‌တော့ ဆရာကလည်းကွာ ‌သောက်‌ရေခပ်ဆည် ‌ရောင်းစား လိုက်တာ ဒီ‌လောက် သိန်း‌ထောင်ချီရပြီး‌တော့တဲ့။ အဲ့လို‌တွေ ဘာမှမဆိုင် အ‌ပြောခံရတယ်။

‌နောက် တ‌လောက ‌ကေပီပီ အသုံးမကျလို့ ‌သောက်‌ရေခပ်ဆည်သူများလာလုပ်တယ်တဲ့ ‌ပြောပြန်တယ်။ ‌ဘောဂလိဘက်က လူတစ်‌ယောက်လည်း လာ‌ပြောတယ်။ ကြံ့ဖွံ့အစိုးရတုန်းကလည်း မလုပ်ဘူး‌ပြောပြီး ဒီလို ‌တွေဖြစ်လာတယ်။ အခုလည်း ဖြစ်ပြန်တယ်ဆို‌တော့ မင်းတို့ဘာသာမင်းတို့ရှင်း‌တော့လို့ပဲ ‌ပြောလိုက်တယ်။

၂၀၁၅ မှာ ပြန်ကြည့်ရင် အတီးပြိုင်တဲ့ ပြည်သူ့လွှတ်‌တော်‌နေရာက ‌ဂေဘားဘက်မှာနိုင်တယ်။ ‌နောက်‌ဂေဘား ‌နေရာမှာ ‌ကေပီပီက နိုင်‌သေး‌တော့ ကရင်ပါတီအ‌ပေါ်မှာ သစ္စာရှိတာ ‌ဂေဘား‌တွေပဲလို့ ‌ပြောရမယ်။ ဆို‌တော့ တို့ ရှုံးခဲ့တာအ‌ပေါ်မှာ ‌ပြောသလို အဲ့တာ‌တွေပါတယ်။

‌ကေအိုင်စီ။ ။ အဲ့ဒီ‌တော့ ၂၀၂ဝ အတွက် ‌မျှော်မှန်းချက်ကိုလည်း ‌ပြောပြပါဦး။
‌စော‌ဒေါ်ပလဲ ။ ။ ‌မျှော်မှန်းချက်ကို ‌ပြောရမယ်ဆိုုရင်‌တော့ လက်ရှိ အ‌ခြေအ‌နေအရ ၂၀၂ဝ မှာ ပြန်နိုင်မယ်။ ဒါ‌ပေမဲ့ အ‌တွေ့အကြုံအရ ‌ပြောရရင် ‌ဒေသခံမဟုတ်ရင် မရနိုင်ဘူး။ ‌နောက်‌ဘောင်းဘီချွတ်ဆိုရင်လည်း မရနိုင်ဘူး။ တချို့‌တွေလာ‌ပြော ကြတယ်။ အတီးကို ပြန်‌ရွေးပါတဲ့။ ရှင်းရှင်း‌ပြောရရင် မလုပ်ချင်‌တော့ဘူး။ မျိုးဆက်သစ်‌တွေကိုလည်း ‌မွေးထုတ်ဖို့ရှိတယ်။ ပြည်‌ထောင်စုအဆင့်လွှတ်‌တော်ဆိုတာက ‌တော်ရုံ အရည်အချင်းနဲ့ မရဘူး။ ပါတီက အစိုးရဖွဲ့နိုင်တဲ့အင်အားလည်း မရှိဘူး။ ခံယူထားတာက‌တော့ ကိုယ့်အမျိုးသား‌တွေအတွက် ကိုယ့်‌ဒေသအတွက် ‌ပြောဆိုနိုင်တဲ့‌နေရာ တစ်ခုရှိ‌နေဖို့ပဲ။

‌ကေအိုင်စီ ။ ။ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက တခြား ကရင်ပါတီ‌တွေလည်း ဒီမှာလာပြိုင်တာ‌တွေ့ရတယ်။ လာမဲ့ ၂၀၂ဝ အတွက်‌ရော၊ ကရင်ပါတီ အချင်းချင်းချိတ်ဆက်ထားတာ ညှိနှိုင်းထားတာ ဘာ‌တွေစသဖြင့် ဘာ‌တွေလုပ်သင့်လဲ။
အတီးရဲ့ အမြင်ကို ‌ပြောပြမယ်။ အခု‌တော်‌တော်များများက ‌ကေပီပီကို မ‌ကောင်းမြင်တယ်။ အတီးသိတယ်။ တ ကယ်တမ်းကျ‌တော့ ‌ကေပီပီ မ‌ထောင်ခင်မှာ ကရင်ပြည်နယ်မှာ သွားညှိနှိုင်း‌သေးတယ်။ ပြည်နယ်ပြင်ပမှာ မင်း တို့လုပ်၊ ငါတို့ ပြည်နယ်အတွင်း လုပ်မယ်ဆိုပြီး ဖြစ်လာတာ။ ‌နောက်‌တော့ ဖလုံ-စ‌ဝေါ်ကို ‌ထောင်လိုက်တယ်။ ၂၀၁ဝ တုန်းက ကရင်သုံးပါတီ‌ပေါ့၊ အဲ့ဒီမှာ ပြည်‌ထောင်စု လွှတ်‌တော်မှာ ကရင်ပါတီ‌တွေက ကိုယ်စားလှယ် ၈ ဦးရှိတယ်။ အခု ပြည်‌ထောင်စုလွှတ်‌တော်မှာ ကရင်ပါတီ‌တွေက ကိုယ်စားပြုတစ်‌ယောက်မှ မရှိတာ‌တော့ စိတ် မ‌ကောင်းဖြစ်မိတယ်။

တကယ်‌တော့ မတူဘူး။ ပြည်ခိုင်ဖြိုးက ကရင်နဲ့ ကရင်ပါတီ‌တွေမတူဘူး။ NLD က ကရင်နဲ့ ကရင်ပါတီ‌တွေလုံးဝ မတူပါ။

‌ကေအိုင်စီ။ ။ ဘာ‌တွေ မတူတာလဲ။
‌စော‌ဒေါ်ပလဲ။ ။ ‌ပြော‌ရေးဆိုခွင့် မတူဘူး။ ‌ပြောရမယ်ဆိုရင် လွှတ်‌တော်မှာ ဘာတင်တင် တိုက်ရိုက်တင်ခွင့် မရှိဘူး။ ပြည်ခိုင်ဖြိုးက မ‌ပြောဘူး။ ၂ နှစ်ပြည့်မှ အတီးတို့ သိရတယ်။ သူတို့လည်း စိစစ်တယ်။ NLD ပါတီက ‌တော့ ထုတ်‌ပြောတာ ‌တွေ့တယ်။ ကရင်ပါတီ‌တွေကျ‌တော့ ကိုယ့်ဘာသာကိုယ် အဆို‌တွေ ‌မေးခွန်း‌တွေတင်လို့ ရတယ်။ ကိုယ့်‌ဒေသက အပစ်ရပ်ပြီး ကာလဆို‌တော့ ပညာတတ်နည်းတယ်။ ‌ကျောင်း‌တွေမှာလည်း ဥပမာဆို မူလတန်း‌ကျောင်းက အတန်း ၅ တန်းရှိ‌ပေမဲ့ ‌ကျောင်းဆရာမက ၃ ‌ယောက်၊ တစ်ချို့ ‌ကျောင်းဆို ၁ ‌ယောက်ပဲ ရှိတယ်။ ဒီ‌တော့ ‌ဒေသအ‌ခြေအ‌နေအရ ပညာ‌ရေးမကန့်သတ်ဖို့ ၁ဝ တန်းကျ‌တွေလည်း ခန့်‌ပေးဖို့‌ပြောတယ်။ ‌နောက် ၂၅ နှစ် မ‌ကျော်ရဆိုတာကို ၃ဝထိလည်း လက်ခံ‌ပေးဖို့‌ပြော‌တော့ အဲ့တုန်းက သမ္မတရုံးဝန်ကြီးက စာနဲ့ ‌ဖြေတယ်လာမဲ့နှစ်မှာ လုပ်‌ပေးမယ်‌ပေါ့။ ဒီလို‌လေး‌တွေရှိခဲ့တယ်။

‌ကေအိုင်စီ။ ။ ကရင်ပါတီ‌တွေ ၂၀၂ဝ မှာ ချိတ်ဆက်မှု၊ ညှိနှိုင်းမှု စသဖြင့်ဘာ‌တွေလုပ်သင့်လဲ ဆိုတာလည်း အမြင်ကို ‌ပြောပြ‌ပေးပါ။
‌စော‌ဒေါ်ပလဲ။ ။ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲပြီး‌တော့ ၂၀၁၂ ‌လောက်ကတည်းက တစ်ပါတီထဲ ပြန်‌ပေါင်းမယ် ‌ပြောခဲ့တယ်။ ဒါ‌ပေမဲ့ ဖလုံ-စ‌ဝေါ်က လက်မခံဘူး။ အဲ့ဒီအတည်းက စလုပ်ခဲ့တာ။ ကဲ မ‌ပေါင်းရင် မထူး‌တော့ဘူး၊ ၂၀၁၅ ‌ရွေး‌ကောက်ပွဲ နီးလာပြီး မဟာမိတ်လုပ်ကြရ‌အောင် အဲ့အချိန်မှာ ဖလုံ-စ‌ဝေါ်ထဲက‌နေ တစ်ပါတီခွဲ ထွက်သွားတယ်။ မဟာမိတ်လည်း မလုပ်ပြန်ဘူး။

ဒီဘက်မှာလည်း မန်းသိန်း‌ရွှေက KNP ပါတီ ‌ထောင်လိုက်တယ်။ ထပ်များလာပြန်‌ရော၊ ပြိုင်ပွဲလည်းဝင်‌ရော ‌ကေ ပီပီပဲ ဘဲဥကွဲတယ်။ ရှုံးတာနဲ့ ဖားအံက အဖွဲ့‌တွေ နံပါတ် ၁ ပဲ ‌ပေါင်းမယ်တဲ့၊ ညှိရင်းညှိရင်းနဲ့ ဟိုးဘက်က ‌လေး ပါတီ ‌ပေါင်းသွားတယ်။ ဒါ‌ပေမဲ့ ဘဝင်မကျတာက ‌ပေါင်းရင် ပါတီဖျက်သိမ်း‌ပေးရမယ်။ အခုက ဖလုံ-စ‌ဝေါ်က ပါ တီ မဖျက်‌ပေးဘူး။

အတီးရဲ့ စိတ်ထဲအတိုင်း‌ပြောရရင် အရမ်း‌ပေါင်းချင်တယ်။ ဒါ‌ပေမဲ့ အ‌တွေးအ‌ခေါ်‌တွေက ဘယ်လိုမှ မတူ‌တော့ ‌ပေါင်းလို့ မရဘူး‌ပေါ့၊ ကျ‌နော့်ကိုလည်း လာ‌ခေါ်ကြပါတယ်။ ကိုယ့် KPP က ‌ပေါင်းမယ်ဆို ‌ပေါင်းမှာ‌ပေါ့၊ သူတို့ မ‌ပေါင်းနိုင်‌တော့ ကိုယ်ကပါတီကထွက်ပြီး‌တော့ သွားမ‌ပေါင်းနိုင်ဘူး။ ဒါက သစ္စာမရှိတာဘဲ။ ကျ‌နော်တို့ ထွက် သွားလို့ ဒါက တစ်ပါတီထဲ ဖြစ်သွားမှာမှ မဟုတ်ဘဲ။ အတီးအ‌နေနဲ့‌တော့ ‌ကေပီပီအ‌နေနဲ့ပဲ ရပ်တည်သွားမယ်။