Home သတင်း ကြာအင်းဆိပ်ကြီးတွင် ‌သွေးလွန်တုပ်‌ကွေး‌ရောဂါ အဖြစ်များပြီး ‌သေဆုံးမှုရှိ‌နေ

ကြာအင်းဆိပ်ကြီးတွင် ‌သွေးလွန်တုပ်‌ကွေး‌ရောဂါ အဖြစ်များပြီး ‌သေဆုံးမှုရှိ‌နေ

3148

ဇွန်လ ၂၂ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခုနှစ် ရာသီတုပ်‌ကွေးနှင့် ‌သွေးလွန်တုပ်‌ကွေး‌ရောဂါ ဖြစ်ပွားမှု ယခင်နှစ်ထက်ပိုများလာပြီး ‌သေဆုံးမှုရှိ‌ကြောင်း မြို့နယ်ကျန်းမာ‌ရေး တာဝန်ရှိသူထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလမှ ယခုဇွန်လအထိ ‌သွေးလွန်တုပ်‌ကွေး‌ရောဂါ အဖြစ်များ‌နေပြီး ‌ကျေးရွာအများစုမှာလည်း ခြင်မှတစ်ဆင့် ကူးစက်လွယ်ကူသည့် ရာသီတုပ်‌ကွေး ဖြစ်ပွားမှုရှိသည့်အတွက် ခြင်ကိုက်ခံရမှုမရှိ‌အောင် ဂရုစိုက်‌နေထိုင်သွားကြရန် လိုအပ် သည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ဆရာဝန် ‌ဒေါက်တာ‌ကျော်ဇင်ထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ လူအ‌ယောက် ၃ဝ ‌ကျော်‌လောက် ‌သွေးလွန်တုပ်‌ကွေး‌ရောဂါဖြစ်တယ်‌ပေါ့‌နော်။ ဒီနှစ်ဖြစ်တာများတယ်။ တစ်ဦး ‌သေဆုံး သွားတယ်။ ရပ်ကွက်‌ကျေးရွာ စာသင်‌ကျောင်း‌တွေမှာ ခြင်‌ပေါက်ဖွားမှုမရှိ‌အောင် ဖုံးသွန်လဲစစ် ပညာ‌ပေးလုပ်ငန်း‌တွေ လုပ်‌ပေး‌နေတယ်။ ‌နေ့ဘက်ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် ခြင်‌ထောင်နဲ့အိပ်ပါ။ အကျင်္ီလက်ရှည်၊ ‌ဘောင်းဘီရှည်၊ နှာ‌ခေါင်းစည်းအပြင် ‌ခြေလက် ‌သေချာ‌ဆေးဖို့ ဂရုစိုက်‌ပေးပါ” ဟု ‌ဒေါက်တာ‌ကျော်ဇင်ထွန်းက ဇွန်လ ၂ဝ ရက်‌နေ့က ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌ကျေးရွာအများစုတွင် ကူးစက်မြန်ဆန်သည့် အဆိုပါ တုပ်‌ကွေး‌ရောဂါသည် မိသားစု အလိုက်ဖြစ်ပွားလျက်ရှိ‌နေပြီး အဖျားတက်ခြင်း၊ ကိုယ်လက်အဆစ်ကိုက်ခဲခြင်း၊ အနီစက်များဖြစ်‌ပေါ်ခြင်းနှင့် ယားယံမှုခံစားရသည်ဟု ‌ဒေသခံများထံမှ သိရသည်။

ဝင်း‌ရော်‌ဒေသခံ ‌နော်တာ‌ဖော့က “ အိမ်မှာ ပထမဆုံး က‌လေးက‌နေ စဖျားတာ။ ပြီး‌တော့ အိမ်ကလူ‌တွေ တစ်‌ယောက်ပြီး တစ်‌ယောက်ထပ်ဖြစ်တယ်။ တစ်ချို့ဆို ကိုယ်လက်အဆစ်နာလို့ လမ်း‌တောင်‌ကောင်း‌ကောင်းမ‌လျှောက်နိုင်ဘူး။ တစ်ကိုယ် လုံး အနီစက်‌တွေဖြစ်ပြီး‌တော့ တအားယားယံမှုဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ရာသီအကူး‌ပြောင်းကာလအတွင်း ခြင်းမှတစ်ဆင့် ဖြစ်ပွားသည့် ‌သွေးလွန်တုပ်‌ကွေး‌ရောဂါသည် ဖျားရက်ကြာလာခြင်း၊ မအီမ သာဖြစ်ခြင်း၊ ‌သွေးလွန်သည့်ပြဿနာဖြစ်ပွားတတ်ပြီး နှာ‌ခေါင်း‌သွေးထွက်ခြင်း ‌ခြေဖျားလက်ဖျား‌အေးလာပြီး သတိလစ် ‌မေ့နိုင်သည့်အတွက် ၎င်း‌ရောဂါလက္ခဏာဖြစ်ပါက သက်ဆိုင်ရာကျန်းမာ‌ရေးဌာနများတွင် အမြန်ဆုံးပြသသင့်သည်ဟု ကျန်းမာ‌ရေးဌာန တာဝန်ရှိသူများက တိုက်တွန်း‌ပြောဆိုထားသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ရန်ကုန်တိုင်း‌ဒေသသကြီးတွင် စတင်ဖြစ်ပွားပြီး လက်ရှိ ရန်ကုန်အပါအဝင် စစ်ကိုင်းတိုင်း ‌ဒေသကြီး တို့တွင် လူ ၆ ဦးအထိ ‌သေဆုံးခဲ့ရသည့် ရာသီတုပ်‌ကွေး H1N1 ‌ရောဂါမှာ ကရင်ပြည်နယ်တွင် ယခုအချိန်ထိ သံသယရှိ လူနာမရှိ ‌သေး‌ကြောင်း ဖားအံပြည်သူ့‌ဆေးရုံကြီးမှ က‌လေးအထူးကု ဆရာဝန်ကြီး ‌ဒေါက်တာ‌ဒေါ်‌ဌေး‌ဌေးဝင်းက ‌ကေအိုင်စီသို့ ‌ပြောဆိုထား သည်။