Home သတင်း DKBA တပ်ဖွဲ့ဝင်အင်အား ၄ဝ ‌ကျော် BGF နှင့် ပူး‌ပေါင်းရန် သ‌ဘောတူ

DKBA တပ်ဖွဲ့ဝင်အင်အား ၄ဝ ‌ကျော် BGF နှင့် ပူး‌ပေါင်းရန် သ‌ဘောတူ

4477

ဇွန်လ ၂၂ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မိဇိုင်း‌တောင်‌ပေါ် ဘုရားရှိ တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ခွဲထွက် DKBA) အဖွဲ့ဝင်အင်အား ၄ဝ ‌ကျော်သည် နယ်ခြား‌စောင့်တပ်-BGFနှင့် အစိုးရ တပ်မ‌တော်တို့နှင့် ပူး‌ပေါင်း သွားရန် ယ‌နေ့ (ဇွန် ၂၂ရက်)တွင် သ‌ဘောတူညီလိုက်သည်ဟု BGF နှင့်နီးစပ်သည့် သတင်းရပ်ကွက်အရ သိရသည်။

မိဇိုင်း‌တောင်‌ပေါ်ဘုရား ဆရာ‌တော် ဦးစန္ဒာဝရနှင့် အစိုးရ တပ်မ‌တော်၊ BGF တာဝန်ရှိသူတို့အကြား ယ‌နေ့ နံနက် အ‌စောပိုင်းက နှစ်ဘက် ‌တွေ့ဆုံ‌ဆွေး‌နွေးညှိနှိုင်းမှုများ ပြုလုပ်ကြပြီး‌နောက် ယခုလို သ‌ဘောတူညီမှုရရှိ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နံနက်ဖြန် (ဇွန်လ ၂၃ရက်‌နေ့)တွင် မြိုင်ကြီးငူအထူး‌ဒေသ BGF အမှတ် ၁ဝ၁၁ အ‌ခြေစိုက်စခန်း၌ တရားဝင် ပူး‌ပေါင်းပွဲအခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး DKBA တပ်ဖွဲ့ဝင်အင်အား ၄၅ဦးနှင့် လက်နက် ၂၉ လက်ပါရှိမည်ဟု ကနဦးသတင်းအရ သိရသည်။

ခွဲထွက် DKBA စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ‌စော‌ကျော်သက်ကမူ ယင်းတပ်ဖွဲ့ဝင်များသည် ၎င်းတို့ တိုက်ရိုက် စီမံကွပ်ကဲမှု‌အောက်တွင် ရပ်တည်‌နေသူများ မဟုတ်ဘဲ မိဇိုင်း‌တောင်‌ပေါ်ဘုရား ဆရာ‌တော် ဦးစန္ဒာဝရ၏ စီမံညွှန် ကြားမှု‌အောက်တွင် ရပ်တည်‌နေ‌သော အဖွဲ့တစ်ဖွဲ့ဖြစ်သည်ဟု ‌ပြောသည်။

ဗိုလ်ချုပ်ကြီး ‌စော‌ကျော်သက်က “မ‌နေ့ကတည်းက ဗိုလ်ဘိဦး‌ဆောင်တဲ့ ကျ‌နော်တို့တပ်ဖွဲ့‌တွေက အဲဒီ‌နေရာက‌နေ ထွက်ခွာသွားပါပြီ။ ပစ်ခတ်မှု‌တွေလည်း ဆက်ဖြစ်တာ မရှိ‌တော့ပါဘူး။ အဲဒီလူ‌တွေက ဦးစန္ဒာဝရရဲ့ တပ်ဖွဲ့‌တွေ ဖြစ်ပါတယ်။ KNU က‌နေ စခွဲထွက်တုန်းက နာယက တစ်ဦးမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ထား‌ပေးထား တာရှိတယ်‌လေ။ ဒါ့‌ကြောင့် သူတို့‌တွေက နာယက‌တွေရဲ့ လက်ကျန်အဖွဲ့ပါ။ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ BGF နှင့် အစိုးရတပ်မ‌တော် တာဝန်ရှိသူများကို ‌ကေအိုင်စီအ‌နေဖြင့် ဆက်သွယ်‌မေးမြန်း၍ မရရှိ‌ပေ။

မိဇိုင်း‌တောင်ဘုရားအနီးတဝိုက်တွင် ယမန်‌နေ့(ဇွန်လ ၂၁ ရက်) နံနက် ၈ နာရီမှစတင်ကာ အစိုးရတပ်မ‌တော်၊ BGF နယ်ခြား‌စောင့်တပ်ပူး‌ပေါင်းအဖွဲ့နှင့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA တပ်ဖွဲ့ဝင်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး‌နောက် ယခုလို ပူး‌ပေါင်းရန် သ‌ဘောတူညီမှု ရရှိလာခြင်းဖြစ်သည်။ ပစ်ခတ်မှုများ‌ကြောင့် ‌ဘေးလွတ်ရာ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည့် ‌တောင်‌ခြေအနီးတဝိုက်‌ကျေးရွာများမှ ‌ဒေသခံများမှာ ယခုအချိန်ထိ ‌နေရပ်မပြန်နိုင်ကြ‌သေး‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

မိဇိုင်း‌တောင်သည် အစိုးရ အုပ်ချုပ်မှုအရ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းဖြစ်ပြီး KNU-ကရင်အမျိုး သားအစည်းအရုံး၏ သထုံခရိုင် (တပ်မဟာ ၁၊ တပ်ရင်း ၁) နယ်‌မြေဖြစ်သည်ဟု သိရသည်။

DKBA ခွဲထွက်အဖွဲ့သည် ဗိုလ်ချုပ်ကြီး ‌စောလားပွယ်(ခ) ဗိုလ်နှုတ်ခမ်း‌မွှေး ဦး‌ဆောင်သည့် ဒီမိုက‌ရေစီအကျိုးပြု ကရင် တပ်မ‌တော်(DKBA)မှ ထုတ်ပယ်ခြင်းခံရသူ တပ်မှူးနှင့် တပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားပြီး လက်ရှိ စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်ကြီး ‌စော‌ကျော်သက်ဖြစ်သည်။