Home သတင်း စ‌ကောကရင် သင်ရိုးသစ် ဆရာဖြစ်သင်တန်း ဖွင့်လှစ်

စ‌ကောကရင် သင်ရိုးသစ် ဆရာဖြစ်သင်တန်း ဖွင့်လှစ်

2960

ဧပြီ ၈ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

အစိုးရ အ‌ခြေခံပညာ‌ကျောင်းများတွင် လာမည့် ပညာသင်နှစ်တွင် သင်ကြားမည့် စ‌ကောကရင် ပထမတန်း သင်ရိုးသစ် ဆရာဖြစ်သင်တန်းကို ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ပိုးကရင် ကျမ်းစာ‌ကျောင်းဝင်းရှိ ငါးထပ်‌ဆောင် ခန်းမ၌ ယ‌နေ့(ဧပြီ ၈ ရက်)တွင် စတင်ဖွင့်လှစ် သင်ကြား‌နေသည်ဟု သင်တန်းတာဝန်ခံများက ‌ပြောသည်။

အဆိုပါ သင်တန်းသို့ ကရင်၊ မွန် ပြည်နယ်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနသင်္ာရီ တိုင်း‌ဒေသကြီးတို့မှ အ‌ခြေခံ ပညာ‌ကျောင်းများတွင် ကရင်စာ သင်ကြား‌နေသည့် ဆရာ၊ ဆရာမ ၄၃ ဦးတက်‌ရောက်လျက်ရှိပြီး သင်တန်းကို ဧပြီ ၈ ရက်မှ ၁၉ ရက်‌နေ့ထိ ၁၂ ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်သည်။

သင်တန်းတာဝန်ခံ ဆရာမ‌နော်နီးထာက “ အခုက စ‌ကောကရင် ပထမတန်း သင်ရိုးသစ်ကို ဆရာဖြစ် သင်တန်း (TOT-1) အ‌နေနဲ့ ဖွင့်လှစ်တာပါ။ ဒီမှာလာတက်တဲ့ ဆရာ၊ ဆရာမ‌တွေက တိုင်းနဲ့ ပြည်နယ်အသီးသီးက ဖြစ် တယ်။ သူတို့ ‌ဒေသမှာ ဒီသင်ရိုးနဲ့ ပတ်သက်ပြီးဆင့်ပွား သင်တန်း‌တွေ ပြန်‌ပေးရမှာ ဖြစ်တယ်။ ဒီအတွက် ကျမနဲ့ အတူ ဒီက ဆရာ၊ ဆရာမ‌တွေက သင်ရိုးနဲ့ ပတ်သက်ပြီး တတ်သိနားလည် ကျွမ်းကျင်‌အောင် သင်‌ပေးသွားမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို စ‌ကောကရင် သင်ရိုးသစ် ဆရာဖြစ်သင်တန်း တက်‌ရောက်ပြီးပါက လာမည့် ဧပြီ ၂၁ ရက်‌နေ့တွင် ခရိုင် အဆင့် ဆင့်ပွားသင်တန်းကို တိုက်ကြီးမြို့နယ်၊ ဥက္ကံရွာမ၌ ပြန်လည် ဖွင်လှစ် သင်ကြားသွားရန် ရှိသည်ဟု တိုက်ကြီးမြို့နယ် ကရင်စာသင်ဆရာမတစ်ဦးဖြစ်သူ ‌နော်ဆဲဆဲထူးက ‌ပြောသည်။

အဆိုပါ စ‌ကောကရင် ပထမတန်း သင်ရိုးသစ်ကို ကရင်စာသင်ရိုးဖြစ်‌မြောက်‌ရေး‌ကော်မတီနှင့် ပြုစု‌ရေးဆွဲ‌ရေး အဖွဲ့က အစိုးရ အ‌ခြေခံပညာ‌ကျောင်းများတွင် တ‌ပြေးညီသင်ကြားနိုင်‌ရေးအတွက် ‌ရေးဆွဲခဲ့ခြင်းဖြစ်ကာ မတ် ၂၅ ရက်‌နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် ကရင်စာသင်ရိုးအစည်းအ‌ဝေးတွင် သင်ရိုးသစ်ကို အတည်ပြု ခဲ့သည်။

ကရင်စာသင်ရိုး ဖြစ်‌မြောက်‌ရေး‌ကော်မတီနှင့် ပြုစု‌ရေးဆွဲ‌ရေးအဖွဲ့ကို ပြည်နယ်နှင့် တိုင်း‌ဒေသကြီး ငါးခုရှိ ကရင် စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများမှ ကိုယ်စားလှယ်များ၊ နယ်ပယ်စုံ ကရင်စာ‌ပေကျွမ်းကျင် ပညာရှင်များပါဝင် သည့် ရန်ကုန်မြို့တွင် ၂၀၁၈၊ ဇူလိုင် ၂၇ ရက်မှ ၂၈ ရက်‌နေ့ ထိ ပြုလုပ်ခဲ့‌သော ကရင်စာ‌ပေသင်ရိုး အလုပ်ရုံ ‌ဆွေး‌နွေးပွဲ အပြီးတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။