Home သတင်း ကျုံဒိုး ကရင်မီးပုံပွဲ အခမ်းအနား လာမည့် ၁၆ ရက်‌နေ့တွင် ဖွင့်လှစ်ကျင်းပမည်

ကျုံဒိုး ကရင်မီးပုံပွဲ အခမ်းအနား လာမည့် ၁၆ ရက်‌နေ့တွင် ဖွင့်လှစ်ကျင်းပမည်

3681
၂ဝ၁၇ခုနှစ်က မီးပုံပွဲ‌တော် ဖွင့်ပွဲအခမ်းအနား ( Photo_KIC)

‌ဖေ‌ဖော်ဝါရီ ၁၄ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ်၊ ကျုံးဒိုမြို့နယ်ခွဲ၊ ကျုံဒိုးမြို့ ရှိ ဓမ္မသုခဘုန်းကြီး‌ကျောင်းဝင်း၌ ကျင်းပမည့် မြို့ နယ်လုံးဆိုင်ရာ ၁၉၃ ကြိမ်‌မြောက် ကရင်ရိုးရာ မီးပုံပွဲ‌တော်ကြီး၏ ဖွင့်ပွဲအခမ်းအနားကို ‌ဖေ‌ဖော်ဝါရီ ၁၆ ရက်(စ‌နေ) ‌နေ့ ညတွင် ပြုလုပ်သွားမည်ဖြစ်‌ကြောင်း ပွဲကျင်းပ‌ရေး‌ကော်မတီ ဥက္ကဌ ‌စော‌လောရှည်က ‌ကေအိုင်စီသို့ ‌ပြော သည်။

၎င်းက “ဒီပွဲက ဘိုးဘွားအ‌မွေအနှစ်ပါ။ ဟိုး ‌ရှေး‌ခေတ်ကတည်းက ပြုလုပ်လာတဲ့ ဒီမီးပုံပွဲက ရိုးရာ၊ ယဉ်‌ကျေးမှုနဲ့ ဘာသာ‌ရေးကို ‌ပေါင်းစပ်ပြီး လုပ်တဲ့ပွဲ‌ပေါ့။ ကရင့်ရိုးရာယဉ်‌ကျေးမှု‌တွေ ဆက်လက် တိုးတက်ဖို့အတွက် ရည်ရွယ် ပြုလုပ်တာလည်း ပါပါတယ်” ဟု ယ‌နေ့(‌ဖေ‌ဖော်ဝါရီ ၁၄ ရက်) ‌ပြောသည်။

စည်ကားသိုက်မြိုက်စွာ ကျင်းပလာ‌သော ရိုးရာမီးပွဲပုံ‌တော်တွင် ယာဉ်‌ကြောပိတ်ဆို့မှုများနှစ်စဉ် ဖြစ်‌ပေါ်ခဲ့ပြီး ယခုနှစ်တွင် ထိုသို့ မဖြစ်‌ပေါ်‌အောင် စနစ်တကျ စီမံထားခြင်း‌ကြောင့် စိတ်‌အေးချမ်းသာစွာဖြင့် ပွဲ‌တော်သို့ လာ‌ရောက်ရန် ဖိတ်‌ခေါ်‌ကြောင်းလည်း ‌စော‌လောရှည်က ထပ်မံ‌ပြောဆိုသည်။

မီးပုံပွဲကျင်းပရာတွင် အနယ်နယ်အရပ်ရပ်မှ ရွာ‌ပေါင်း ၁၀ဝ ‌ကျော်မှ မီးခုံတိုင်အဖြစ် ဝါးကိုမယူဘဲ သစ်များ ကိုသာယူပြီး နနွင်း၊ နှမ်းဆီများနှင့် သုတ်လိမ်း၍ ရှို့မည့်‌နေရာများတွင် စု‌ပေါင်းစိုက်ထူကာ တပို့တွဲ လပြည့် (‌ဖေ‌ဖော်ဝါရီ ၁၈ ရက်ည၊ ၁၉ ရက်နံနက် ၄ နာရီ)အချိန်တွင် စု‌ပေါင်းမီးရှို့ခြင်းဖြစ်သည်။

‌ဖျော်‌ဖြေ‌ရေးအစီအစဉ်များအဖြစ် ‌ဖေ‌ဖော်ဝါရီ ၁၄ ရက် (ယ‌နေ့ည) မှစတင်ကာ ကရင်ဇာတ်သဘင်မှ ကပြသွား မည်ဖြစ်ပြီး ပွဲ‌တော်အခမ်းအနားဖြစ်သည့် ‌ဖေ‌ဖော်ဝါရီ ၁၆ ရက်မှ ၁၉ ရက်အတွင်း ဒုံးအကပြိုင်ပွဲ၊ ရိုးရာလက်‌ဝှေ့ပွဲ၊ ဇာတ်သဘင်၊ ဒုံးအက‌ဖျော်‌ဖြေခြင်းနှင့် ‌ခေတ်‌ပေါ် ‌တေးဂီတ‌ဖျော်‌ဖြေပွဲများလည်း ထည့်သွင်း ပြုလုပ်သွားမည်ဟု ပွဲကျင်းပ‌ရေး‌ကော်မတီ တာဝန်ရှိသူများက ‌ပြောသည်။

ကျုံဒိုးမီးပုံပွဲ၏ ကရင်အယူအဆမှာ ကရင်စကားဖြင့် (ဍွဲအုဂ်ဒါန်.– ဒွဲ့‌အောင်ဒ‌ယောင်) ‌သေဆုံး‌သောသူ အလှူဒါန ပြုလုပ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုကာ မ‌ကောင်းသည့်အရာမှန်သမျှ ကျွတ်လွတ်‌စေချင်၍ အ‌မွှေးနံ့သာ များဖြင့် လာ‌ရောက် ဆု‌တောင်းပြီး မီးရှို့လိုက်ခြင်းဖြစ်သည်ဟုလည်း ပွဲဦး‌ဆောင်သူများထံမှ သိရသည်။