Home သတင်း ကရင်ပြည်နယ်တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုမည့်သူ ထပ်တိုးလာ

ကရင်ပြည်နယ်တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုမည့်သူ ထပ်တိုးလာ

2539

‌ဖေ‌ဖော်ဝါရီ ၅ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

၂၀၁၈-၁၉ ပညာသင်နှစ်အတွက် ကရင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုမည့်သူ ‌ကျောင်း သူ၊ ‌ကျောင်းသားဦး‌ရေ ၂၀,၇၂၁ ဦးအထိရှိပြီး ယခင်နှစ်ထက် ‌ဖြေဆိုသူ ဦး‌ရေတိုးလာသည်ဟု ကရင်ပြည်နယ် ပညာ‌ရေးမှူးရုံးမှ ဒုတိယညွှန်ကြား‌ရေးမှူး (စီမံကိန်းနှင့် စာရင်းအင်း) ဦး‌ငွေစိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ်စာရင်းအရ ဝင်‌ရောက်‌ဖြေဆိုမည့်သူ ဦး‌ရေ နှစ်‌သောင်း‌ကျော်ရှိသည့်အပြင် လှှိုင်းဘွဲမြို့နယ်နှင့် ဖားအံ မြို့နယ်တို့တွင် စာစစ်ဌာန ၄ ခုထပ်တိုးလာသည့်အတွက် ယခုလို တက္ကသိုလ်ဝင် စာ‌မေးပွဲကို ဝင်‌ရောက်‌ဖြေဆိုသူ ဦး‌ရေ တိုးလာခြင်းဖြစ်သည်ဟု ဒုတိယညွှန်ကြား‌ရေးမှူး ‌ပြောသည်။

“ပြီးခဲ့တဲ့ နှစ်ထက် နှှိုင်းယှဉ်ရင် ‌ဖြေဆိုမယ့် စာရင်းဦး‌ရေက တစ်‌ထောင်‌ကျော်ထိ ထပ်တိုးလာတယ်။ များလာ တယ်လို့ ‌ပြောလို့ရတယ်။ ဒါ‌ပေမယ့် ဘယ်‌လောက်လာ‌ဖြေမလဲ‌တော့ ‌ဖြေတဲ့အချိန်မှသိမယ်။ အားလုံးနီးပါး ‌ဖြေ ဆိုမယ်လို့လည်း ‌မျှော်လင့်တယ်။ ဒီနှစ်က‌တော့ ကြိုတင်‌ကြေညာထားပြီးတဲ့အတိုင်းပဲ အ‌တွေးအ‌ခေါ်ပိုင်းဆိုင်ရာ ‌တွေကို ဦးစား‌ပေးမယ့်‌မေးခွန်း‌တွေ‌မေးမယ်လို့ သိရတယ်”ဟု ဦး‌ငွေစိုးက ယ‌နေ့ ‌ပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲသည် လာမည့် မတ် ၆ ရက်‌နေ့တွင် စတင်‌ဖြေဆိုကာ မတ်လ ၁၅ ရက်‌နေ့တွင် ပြီးဆုံးမည်ဟု သိရသည်။
ကရင်ပြည်နယ်အတွင်း ယခုနှစ်အတွက် စာစစ်ဌာနစုစု‌ပေါင်း ၄၆ ခုရှိပြီး ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း ၃ ‌ကျောင်းမှလည်း ယခုနှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုမည့်သူ ၁၄၉ ဦးရှိသည်ဟု ပြည်နယ်ပညာ‌ရေးမှူးရုံး၏ စာရင်းအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာ‌မေးပွဲ ‌ဖြေဆိုမည့်သူ စာရင်း စုစု‌ပေါင်း ၁၉,၀၅၅ ဦးရှိ ‌သော်လည်း အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ၁၇,၅၉၃ ဦးအထိသာ ‌ဖြေဆိုခဲ့ကြပြီး ကရင်ပြည်နယ်အ‌နေဖြင့် ‌အောင်ချက် ၂၉.၄၅ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။