Home သတင်း ကရင်စာသင်ရိုးညွှန်းတမ်း တစ်နိုင်ငံလုံး တ‌ပြေးညီ ‌ပေါ်ထွက်လာ‌ရေး စတင် ‌ဆွေး‌နွေး

ကရင်စာသင်ရိုးညွှန်းတမ်း တစ်နိုင်ငံလုံး တ‌ပြေးညီ ‌ပေါ်ထွက်လာ‌ရေး စတင် ‌ဆွေး‌နွေး

2777

ဇူလိုင် ၂၇ရက်၊ ၂၀၁၈ခုနှစ်။ ‌စောထွန်းလင်း

တစ်နိုင်ငံလုံးရှိ အစိုးရ၏ ပညာ‌ရေးဝန်ကြီးဌာန‌အောက်မှ အ‌ခြေခံပညာ‌ကျောင်းများတွင် စ‌ကောကရင်စာ သင်ကြားရာ၌ သင်ရိုး ညွှန်းတမ်း တ‌ပြေးညီ ‌ပေါ်ထွက်လာ‌ရေး ရည်ရွယ်၍ ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ချိတ်ဆက် စီစဉ်‌သော ကရင်စာ‌ပေသင်ရိုး အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ဇူလိုင် ၂၇ရက်‌နေ့၊ နံနက် ၈နာရီတွင် ရန်ကုန်မြို့၊ ‌အောက်ကြည့်မြင်တိုင် လမ်း၊ အမှတ် ၅၂၄ အ‌ပေါ်ဆုံးထပ်၌ စတင် ကျင်းပလျှက်ရှိသည်။

ဇူလိုင် ၂၇ရက်မှ ၂၈ရက်‌နေ့အထိ နှစ်ရက်ကြာပြုလုပ်သွားမည့် အဆိုပါအလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ အခမ်းအနားသို့ ရန်ကုန်တိုင်း‌ဒေ သကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုး၊ ဧရာဝတီတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဂါ့မိုး မြတ်မြတ်သူ၊ တနသင်္ာရီတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောလုကာနှင့် မွန်ပြည်နယ် ကရင်တိုင်းရင်းသား‌ရေး ရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်တို့ တက်‌ရောက်ကာ အမှာစကား ‌ပြောကြားခဲ့ကြသည်။

တနသင်္ာရီတိုင်း‌ဒေသကြီး၏ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောလုကာက “ပိုးကရင်ဖြစ်ဖြစ်၊ စ‌ကောကရင်ဖြစ်ဖြစ် အတည် ပြုနိုင်ပြီးဆိုရင် ပြည်‌ထောင်စုအဆင့်ကလည်း ထုတ်‌ပေးနိုင်ပြီး တစ်ခုတည်း အတည်ပြုနိုင်‌အောင် ဒီနှစ်ရက်မှာ စာ‌ပေယဉ်‌ကျေးမှု က‌နေ လုပ်‌ပေးနိုင်မယ်ဆိုရင်‌ပေါ့။ ကျ‌နော်တို့လည်း အတည်ပြုနိုင်တယ်။ ကျ‌နော်တို့အစိုးရမှာလည်း ပြယုဂ်တစ်ခု ကျန်ရန်ခဲ့မယ် လို့ ကျ‌နော့်အ‌နေနဲ့ ယုံကြည်တယ်။ ကြွ‌ရောက်လာတဲ့ ညီအစ်ကို ‌မောင်နှမ‌တွေအားလုံး ဒါ‌လေးကို ဝိုင်းကူ‌ပေးကြပါလို့ ‌ပြောချင် တယ်”ဟု ဆိုသည်။

လက်ရှိ အစိုးရအ‌ခြေခံပညာ‌ကျောင်းများတွင် ကရင်စာသင်ကြား‌ရေးတွင် ‌နေရာ‌ဒေသအလိုက် ဖတ်စာအုပ် အသုံးပြုမှု မတူညီ သလို၊ သင်ကြားမှုပုံစံလည်း အ‌ခြေအ‌နေအမျိုးမျိုး ကွဲပြားမှုရှိ‌နေကာ အစိုးရ၏ ပညာ‌ရေး ပြုပြင်‌ပြောင်းလဲ‌ရေးစနစ်နှင့်အညီ အဆင့်မှီ စ‌ကောကရင်စာသင်ရိုး ထွက်‌ပေါ်လာ‌ရေးအတွက် အလုပ်ရုံ ‌ဆွေး‌နွေးပွဲကို ယခုလို ပြုလုပ်ရခြင်းဖြစ်သည်ဟု ဦး‌ဆောင် စီစဉ်သူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီ‌နေ့ စတဲ့ စ‌ကောကရင်ဘာသာရပ်နဲ့ ပတ်သက်ပြီး အလုပ်ရုံ‌ဆွေး‌နွေးပွဲက‌နေ ထွက်‌ပေါ်လာတဲ့ ရလဒ်ကို ကျမတို့ တိုင်းရင်း သား‌ရေးရာဝန်ကြီး‌တွေ သ‌ဘောတူပါတယ်ဆိုပြီး‌တော့ ပြည်‌ထောင်စုအဆင့်ကို တင်လိုက်ပါမယ်”ဟု ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဇာမျိုးက ‌ပြောသည်။

ကရင်လူဦး‌ရေ သုံးသိန်းခန့် ‌နေထိုင်လျက်ရှိသည့် မွန်ပြည်နယ်တွင် ကရင်စာသင်ကြားမှုတွင် ဖလုံ(ပိုးကရင်)စာ သင်ယူ‌နေသူ များအတွက် ကရင်ပြည်နယ်၏ သင်ရိုးကို အသုံးပြု‌နေကြသလို စ‌ကောကရင်စာအတွက် ယခု အလုပ်ရုံ‌ဆွေး‌နွေးပွဲက အတည်ပြု လိုက်သည့် သင်ရိုးအ‌ပေါ် အ‌ခြေခံကာ သင်ကြားသွား‌စေရန် ရည်ရွယ်ထားသည်ဟု မွန်ပြည်နယ် ကရင်‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်ကလည်း ‌ပြောသည်။

၎င်းအလုပ်ရုံ‌ဆွေး‌နွေးပွဲသို့ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ ကရင်စာ‌ပေပညာရှင်များ၊ ပိုးကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ စာ‌ပေပညာရှင်များ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်နှင့် တနသင်္ာရီ‌ဒေသကြီးများရှိ ကရင်စာ‌ပေနှင့် ယဉ် ‌ကျေးမှု‌ကော်မတီများမှ ကိုယ်စားလှယ်များ၊ ဘွဲနှင့် ‌ဂေဘားမျိုးနွယ်စု ကိုယ်စားလှယ်များ အပါအဝင် စုစု‌ပေါင်း ၆၀‌ကျော် တက် ‌ရောက်‌ဆွေး‌နွေးလျက်ရှိလည်း ဖိတ်ကြားမှုတွင် ပါဝင်သည့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကရင်ပညာ‌ရေးဌာန (KED)မှ တာဝန်ရှိသူများမှာ အ‌ခြေအ‌နေမျိုးစုံ‌ကြောင့် တက်‌ရောက်နိုင်ခြင်း မရှိ‌ကြောင်း ‌ဆွေး‌နွေးပွဲ စီစဉ်သူများထံမှ သိရသည်။